Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Burma Spring Revolution

ဆောနှင့် ကန်ပက်လက်ကြားတွင် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

စစ်ကောင်စီမှ ၂၀ ကျော်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ဒဏ်ရာရ

by idigital news
September 6, 2021 - Updated on March 3, 2022
Reading Time: 1 min read

မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ် ဆောမြို့နှင့် ကန်ပက်လက်မြို့ကြား နယ်မြေတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို YDF (ဆော)၊ CDF (ကန်ပက်လက်) ပူးပေါင်းအဖွဲ့မှ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးပြီး YDF (ဆော) တပ်ဖွဲ့ဘက်မှ ၃ ဦး၊CDF (ကန်ပက်လက်) မှ (၈) ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ကြောင်း CDF (KanPetLet) မှ​ သတင်းထုတ်ပြန်ထားသည်။

CDF (ကန်ပက်လက်) သတင်းထုတ်ပြန်ချက်

“ဒီ‌နေ့ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ ဆောနဲ့ ကန်ပက်လက်ကြားနယ်မြေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ချီတက်လာတယ်။ အဲဒီမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က မိုင်း ၇ လုံး ခွဲပြီး တိုက်ခိုက်တယ်၊ နှစ်ဖက်ပစ်ခတ်မှုက ၂ နာရီလောက်ကြာတယ်။ စစ်ကောင်စီကတော့ ၂၀ ကျော်လောက် သေမယ်၊ ကျနော်တို့ဘက်က ၃ ယောက် ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး။ အခြားပြည်သူ ၁ ယောက် ဒဏ်ရာရတယ်၊ သူကတော့ စိုးရိမ်ရတယ်” ဟု YDF (ဆော)မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုကြောင်း Khit Thit Media တွင် ဖော်ပြထားသည်။

အထိနာသွားသော စစ်ကောင်စီတပ်များသည် ည ၇ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲ ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် YDF (ဆော) နှင့်အတူ CDF (ကန်ပက်လက်) တပ်ဖွဲမှလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့ပြင် စစ်ကူထပ်လာသော စစ်ကောင်စီ စစ်ကားများကိုလည်း လမ်းခုလတ်တွင် မဟာမိတ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်များ ပြည်လှည့်သွားကြောင်းသိရသည်။ စစ်ကောင်စီတပ်များအနေဖြင့် ကျောက်ထု၊ ဆောမြို့များတွင် အင်အားထပ်မံတိုးချဲ့လာနေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုခဲ့သည်ဟု Khit Thit Media တွင် သတင်းဖော်ပြထားသည်။

ယခုတိုက်ပွဲ သတင်းအချက်အလက်များသည် ရန်ကုန်ခေတ်သစ်မှ ဆက်သွယ်မေးမြန်းမှုများကို UDLA ၏ မြေပြင်တာဝန်ခံမှ အတည်ပြုဖြေကြားထားခြင်းဖြစ်သည်။

Via: Khit Thit Media
Tags: CDF(ကန်ပက်လက်)YDFစစ်ခွေးသင်္ချိုင်းဆောတိုက်ပွဲသတင်း
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Next Post

စက်တင်ဘာလ (၇) ရက် - တော်လှန်ရေး စတင်သည့် D-Day ဖြစ်ကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version