Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်များအကြောင်း

idigital news by idigital news
November 22, 2021 - Updated on March 3, 2022
Reading Time: 1 min read

အမျိုးသားညီညွတ်ရေးအစိုးရက လိုအပ်နေတဲ့ ဘဏ္ဏာငွေရရှိရေးအတွက် ငွေတိုက်စာချုပ်တွေကို ဒီနေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ငွေတိုက်စာချုပ်ဆိုတာ ဘာလဲ။ဘယ်လို ဝယ်ယူရနိုင်မလဲဆိုတာတွေကို သိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

ငွေတိုက်စာချုပ် (Bond) ဆိုတာ ဘာလဲ

အထူးငွေတိုက်စာချုပ် (Bond) ဆိုတာ အစိုးရတစ်ရပ်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ လိုငွေ ရှိလာတဲ့အခါမှ အစိုးရက ပြည်သူ့ဆီက ခေတ္တချေးယူ တဲ့ စာချုပ် လို့ အရိုးရှင်းဆုံးပြောရင် ရပါတယ်။ အဲ့တော့ ငွေချေးတယ်ဆိုတဲ့ သဘာဝအတိုင်း တခြားအစိုးရတွေကတော့ တနှစ်ကို ဘယ်လောက်ဆိုပြီး အတိုးသတ်မှတ်ပေးတယ်။

အခု NUG က ထုတ်ရောင်းမဲ့ အထူးငွေတိုက်စာချုပ်များ (Bond) ကတော့ တော်လှန်ရေး ကာလမို့ အတိုးပေးနိုင်မှာ မဟုတ်ပါဘူး။ ၂နှစ်ပြည့်သွားလို့ ရှိရင် ကိုယ်တိုင်ငွေပြန်ထုတ်လို့ရသလို၊ နောက်တယောက်ကို လက်ပြောင်းရောင်းချချင်ရင်လဲ နည်းဥပဒေအတိုင်း ဆောင်ရွက်လို့ရမှာပါ။ ၂ နှစ်အတွင်း လွှဲပြောင်းရောင်းချလို့မရသလို ငွေလဲ ပြန်ထုတ်လို့မရပါဘူး။

အထူးငွေတိုက်စာချုပ် (Bond) ကရတဲ့ငွေတွေနဲ့တော်လှန်ရေးမှာလိုအပ်တာတွေကို အသုံးပြုင်္ပြီး တော်လှန်ရေးအရှိန်ကို မြှင့်မှာပါ။ အရှိန်မြှင့်ပြီး မြန်မြန်လက်စသတ်မှသာ ပြည်သူတွေခံစားရတဲ့ ဒုက္ခတွေ မြန်မြန်ချုပ်ငြိမ်းမှာပါ။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

အခွန်လည်း ဆောင်ထားတယ်။ မတူဘူးလား။

အခွန်ဆိုတာက နိုင်ငံသားတိုင်း အခွန်ဆောင်ရမဲ့ ဝင်ငွေပမာဏရရှိသူတိုင်း ဆောင်ရမှာဖြစ်တယ်။ ဒါကနိုင်ငံသားတိုင်း လုပ်ကို လုပ်ရမဲ့တာဝန်။ မလုပ်ရင် ဥပဒေအရ အရေးယူလို့ရပါတယ်။

ငွေတိုက်စာချုပ်က အစိုးရက လိုအပ်နေတဲ့ဘဏ္ဏာငွေအတွက် ငွေချေးတဲ့သဘောပါ။ ဝယ်ချင်တဲ့လူဝယ်လို့ရတယ်။ မဝယ်လို့ ဘာဥပဒေနဲ့မှ အရေးယူလို့မရဘူး။ ဒါပေမဲ့ တော်လှန်ရေးအစိုးရရောင်းတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ခြင်းအားဖြင့် တော်လှန်ရေးမှာ ဘယ်လောက်ထိ အလေးထားစိတ်ဝင်စားတယ်။ ဓမ္မဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့လူတွေ ဖြစ်တယ်ဆိုတာ ကမ္ဘာမှာ မှတ်ကျောက်တင်ခံနိုင်မဲ့ နိုင်ငံသားတွေ အဖြစ်သမိုင်းဝင်မယ်။ ဒါ့အပြင် မအလ တွေရဲ့ အသုံးမကျမှုကြောင့် မြန်မာငွေ တန်ဖိုးကျနေတာမို့ အမေရိကန်ဒေါ်လာနဲ့ရောင်းတဲ့ NUGရဲ့ ငွေတိုက်စာချုပ်ကို ဝယ်ထားခြင်းဖြင့် တော်လှန်ရေးမှာ အားထည့်နိုင်တဲ့အပြင် ကိုယ့် ပိုင်ဆိုင်မှုလဲ တန်ဖိုးလျှော့သွားစရာ မရှိဘူး။

ဘယ်လို ဝယ်လို့ရမလဲ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင် website စာမျက်နှာ (https://www.unitedbonds-nug.org/) ကနေ ဝင်ရောက်ပြီး ဝယ်ယူနိုင်မှာပါ။ အသေးစိတ်ကို ဆက်ဖတ်ချင်ရင် ဒီကိုနှိပ်ပါ။

ဘယ်လောက်တန်တွေ ဝယ်လို့ ရမလဲ။

USD 100, USD 500, USD 1000 နဲ့ USD 5000 ဆိုပြီး လေးမျိုး ဝယ်လို့ ရပါမယ်။

မြန်မာပြည်တွင်းကနေ ဝယ်လို့ရနိုင်မလား။

လက်ရှိမှာတော့ မြန်မာပြည်တွင်းကနေ ဝယ်ယူလို့ ရမှာ မဟုတ်ပါဘူး။ ပြည်ပရောက်နေတဲ့ အသိမိတ်ဆွေတွေကနေ တစ်ဆင့် ချိတ်ဆက်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

အထူးငွေတိုက်စာချုပ် ဝယ်ယူရမည့် လုပ်ငန်းစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်၀ယ်ယူရန်အတွက်

အဆင့် (၁) – ပုံစံ(က) ကို အရင်ဖြည့်စွက်ပါ။
NUG မှ ဖြည့်စွက်ထားသော email လိပ်စာသို့ ငွေလွှဲရမည့် ဘဏ်အချက်အလက်များ ပြန်လည် ပေးပို့ပါမည်။ ငွေလွှဲပါက Wise App မှ တစ်ဆင့် လွှဲလျှင်် ငွေလွှဲခ သက်သာပါမည်။ Wise App account ဖွင့်ရန် နှိပ်ပါ။

အဆင့် (၂) – ငွေလွှဲပေးပို့ပြီးပါက screenshot ရိုက်ယူထားပြီး ပုံစံ (ခ) ကို ဖြည့်စွက်ရပါမယ်။ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း NUG မှ ငွေတိုက်စာချုပ်ကို ပြန်လည် ပေးပို့ပါမည်။

သတိပြုရန်
– ငွေတိုက်စာချုပ်၀ယ်ယူသူ၏ ဘဏ်စာရင်းမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။ အီးမေးလ် တွင် ဖော်ပြထားသော Order ID နံပါတ်ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်းသို့ ငွေလွှဲပေးပို့သည့်အခါတွင် ယင်း ID နံပါတ်အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်၊
– ငွေတိုက်စာချုပ်တန်ဖိုး ငွေပေးဆောင်ပြီးကြောင်း screenshot ကို ပုံစံ (ခ) တွင် မဖြစ်မနေ ဖြည့်စွက်ပေးရမှာ ဖြစ်တဲ့အတွက် screenshot ရယူထားဖို့ မမေ့ပါနဲ့။

Tags: NUG BondNUG ငွေတိုက်စာချုပ်ငွေတိုက်စာချုပ်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း ရှေ့တန်းထွက်နေသော အရာရှိ၊တပ်သားများ၏ ဇနီးမယားများ အဓမ္မပြုကျင့်ခံရမှု၊ ဖောက်ပြန်မှုများ ပေါ်ထွက်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.