Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

သတင်း​ဖောင်းပွမှုကို ဖြစ်​စေတဲ့ Live အတုများ

idigital news by idigital news
May 6, 2021 - Updated on March 3, 2022
Reading Time: 1 min read

သတင်းတု/မှားတွေကို ဖြန့်ဝေနေကြတဲ့ ပုံစံတွေထဲမှာ အရင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က သတင်းနဲ့ ဓါတ်ပုံတွေကို အချိန်ကာလ မဖော်ပြပဲ ပြန်လည်ဖြန့်ဝေတာမျိုးနဲ့ အချိန်တွေကို လိုသလို ပြင်ပြီး ပြန်လည်ဖြန့်ဝေနေတာမျိုးတွေ လုပ်ကြပါတယ်။

အခုဆိုရင်လည်း လှိုင်သာယာ၊ ကယားပြည်နယ် စတဲ့ ​ဒေသ​တွေမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီက ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ ရုပ်သံဖိုင်တွေကို အခုပဲ ဖြစ်ပွားနေသယောင် ဖြန့်​ဝေလာကြပါတယ်။

ဒီ ရုပ်သံ​ဖိုင်​တွေမှာဆိုရင် တိုက်ရိုက်တင်ဆက်မှု Live လွှင့်​နေသ​ယောင်၊ ယခုဖြစ်စဥ်တစ်ခုကို တိုက်ရိုက်လွှင့်တင်​နေသ​ယောင် ပုံ​ဖော်ကြပါတယ်။ အခုဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ခုလို ပုံဖော်ထားတဲ့အတွက် လူအများရဲ့ စိတ်ဝင်စားမှုကိုလည်း အလွယ်တကူပဲ ရရှိနိုင်ပြီး ကြည့်ရှုသူတွေဟာဆိုရင် သောင်းဂဏန်း (11 K) အထိ ရှိပါတယ်။ live အစစ်ထင်ပြီး ပြန်လည်မျှဝေနေတဲ့ သူတွေလဲ ရှိနေတာကြောင့် အလွယ်တကူပဲ Like နဲ့ share ဟာ အချိန်တိုအတွင်းပဲ သိသိသာသာ မြင့်တတ်လာပါတယ်။ တိုက်ရိုက်တင်ဆက်မှု​ယောင်​ဆောင်ထားတဲ့ ရုပ်သံ​ဖိုင်​တွေဟာ နာရီများစွာကြာမြင့်ပြီးမှ တင်ဆက်သူက ပြန်ဖျက်သွားကြပါတယ်။

အဆိုပါ Live အတုတွေကို We Love Myanmar ဆိုတဲ့ အဖွဲ့ဝင်ဦးရေ (၃၄၀၅၆) ရှိနေတဲ့ Facebook Group တစ်ခုမှာ လွင့်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီ Group ဟာဆိုရင် April 4 ရက်နေ့ကမှ စဖွင့်ထားတာဖြစ်ပြီးတော့ Group ကို ထိန်းချုပ်ထားတဲ့ Admin Page တွေကပဲ live အတုကို လွင့်နေကြတာဖြစ်ပါတယ်။ Live အတု လွင့်နေတဲ့ Admin Page တွေကလဲ Page အသစ်တွေပဲ ဖြစ်နေပြန်ပါတယ်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

အခုလို ဖြစ်ပျက်ခဲ့ပြီးသား သတင်းတွေကို ပြန်လည်ဖြန့်ဝေမှုတွေ များပြားလာတဲ့အခါမှာ တကယ့်လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေနေရာမှာ အစားထိုးနေရာယူလာကြပါတယ်။ ​နောက်ဆက်တွဲအဖြစ် မိမိရဲ့ ​ဖေ့ဘွတ်ခ်မှာ သတင်းအမှန်​တွေက ​နောက်ကျသွားပြီး သတင်း​ဖောင်းပွမှု​တွေ ဖြစ်​ပေါ်​စေနိုင်ပါတယ်။ ဒါအပြင် အရင်ကဖြစ်စဥ်ကို အခုပဲ ဖြစ်ပျက်နေသလို ပြန်လည်မျှဝေထားတာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ သတင်းအချက်အလက်အမှားတွေက ဆိုရှယ်မီဒီယာ သုံးစွဲသူတွေဆီကို ပြန့်နှံ့သွားပြန်ပါတယ်။

ဆိုရှယ်မီဒီယာ သုံးစွဲသူ သတင်းဖတ်ရှုသူတွေ အနေနဲ့လည်း အခုလို Live အတုတွေကို အချိန်ကုန်ခံပြီး မကြည့်ပဲ နဲ့ တခြား ကျန်တဲ့ သူတွေဆီကိုလဲ သတင်းမှားတွေ မရောက်အောင် ပြန်လည်မျှဝေတာမျိုး မလုပ်ပဲ live အတုမှန်း သိရှိတာနဲ့ Facebook ကို Report လုပ်ပေးကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

Source: Think Before You Trust
Tags: Live အတုThink Before You Trustသတင်းမှား
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

ကျောက်မဲမြို့တွင် လူငယ်နှစ်ဦးကို မျက်လုံးစည်းပြီး ဖမ်းသွား

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.