Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

စက်တင်ဘာလ (၇) ရက် – တော်လှန်ရေး စတင်သည့် D-Day ဖြစ်ကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ

idigital news by idigital news
September 7, 2021 - Updated on March 3, 2022
Reading Time: 1 min read

အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲ ယနေ့ (စက်တင်ဘာ ၇) စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်သည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက် တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည့် အရေးပေါ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီအောက်တွင် အလုပ်လုပ်နေသော အုပ်ချုပ်ရေး မှူးများနှင့် ဝန်ထမ်းအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်း မပြုတော့ရန်၊ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်တပ်များကို စောင့်ရှောက်ကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို သတင်းပေးပို့ခြင်းဖြင့် အစွမ်းကုန် ပူးပေါင်းကူညီရန်လည်း အဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

No Content Available

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ နယ်မြေများကို အပြည့်အဝထိန်းချုပ် ကြရန်နှင့် မင်းအောင်လှိုင်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်ကြရန်လည်း ဒူဝါလရှီးလက တိုက်တွန်းထားသည်။ 

ထို့ပြင် ယခုတော်လှန်ရေးသည် တရားမျှတသော တော်လှန်ရေးဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီး သီးက နားလည်ပေးမည်ဟု ယုံကြည်ကြောင်းလည်း NUG ၏ အရေးပေါ်မိန့်ခွန်းက ဆိုသည်။

စစ်အုပ်စု၏ လှည့်ဖျားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်များအားလုံး ယနေ့မှစ၍ ပြည်သူများနှင့် ပူပေါင်း၍ ပြည်သူ့ရန်သူကို တွန်းလှန်တိုက်ခိုက်ကြရန်၊ ပြည်သူတော်လှန်ရေးစတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားမှု၊ ဖိနှိပ်မှုအောင်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် PDFများကို ချက်ချင်းဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ပြည်သူ့အုံကြွမှုကို ကျေးလက်နှင့် မြို့ပြတစ်ပြိုင်တည်းလုပ်ဆောင်ကြရမည်။ စည်းလုံးညီညွှတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရ ည်ထက်မြက်မှု၊ စိတ်ဓာတ်ပြင်းထန်ကြံ့ခိုင်မှုအပေါ်မူတည်၍ တော်လှန်ရေး ကာလတိုတောင်းမည်။ မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင်ဖြုတ်ကာ တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသား ပြည်သူများ အားလုံးစောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ကာ မြန်မာနိုင်ငံလည်း ကမ္ဘာ့အလည်တွင် တစ်ဖန် ဂုဏ်သိက္ခာထွန်းတောက်လာရမည်

ယာယီသမ္မတ ဒူဝါလရှီးလ

လွန်ခဲ့သည့် ရက်ပိုင်းက ရန်ကုန်နေပြည်သူတစ်ချို. စားသောက်ကုန်များကြိုတင် စုဆောင်းဝယ်ယူမှုများရှိသော်လည်းယနေ့မနက်အချိန်ထိ ရန်ကုန်နှင့် မန္တလေးမြို.ကြီးများတွင် ပုံမှန်အတိုင်းတိတ်ဆိတ်လျက်ရှိသည်။

Via: Myanmar Now
Tags: D-Dayစစ်ခွေးသင်္ချိုင်းနွေဦးတော်လှန်ရေး
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

No Content Available
Next Post

ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.