Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Mobile Android

ဖုန်းမျက်နှာပြင်အောက်မှာ မြုပ်ထားတဲ့ ကင်မရာတွေက တကယ်ဖြစ်လာတော့မှာလား

by idigital news
June 8, 2020 - Updated on November 26, 2020
Reading Time: 1 min read
Image - Visionox

Image - Visionox

Visionox ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ OLED Display ကို အဓိက ထုတ်လုပ်နေတဲ့သူ ဖြစ်ပါတယ်။ Visionox ဟာ ကင်မရာကို အောက်မှာ မြုပ်ထည့်ထားတဲ့ ဖုန်းမျက်နှာပြင် (under-screen cameras) တွေကို အမြောက်အမြား ထုတ်လုပ်တော့မယ်လို့ ယူဆရပါတယ်။ အဆိုပါ ကုမ္ပဏီဟာ under-screen cameras တွေနဲ့ ပတ်သက်တဲ့ ပရိုမိုးရှင်း ဗီဒီယိုတစ်ခုကိုလည်း ဖြန့်ချီထားပါသေးတယ်။ တရုတ်နိုင်ငံအတွင်း သတင်းထုတ်ပြန်ချက်တွေအရ ဖောက်မြင်ရပြီး under-screen cameras ပါဝင်တဲ့ OLED display တွေကို အမြောက်အမြား ထုတ်လုပ် ဖြန့်ချီတော့မယ်လို့ ဆိုပါတယ်။

Image – visionox

Under-Screen cameras တွေအတွက် အဓိက အရေးကြီးတဲ့အချက်က ဖုန်းရဲ့ မျက်နှာပြင်ဟာ ကြည်ကြည်လင်လင် ဖောက်မြင်နိုင်ဖို့ လိုအပ်ပြီး အလင်းမပြန်ဖို့လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကင်မရာရဲ့ အရည်အသွေးကို မထိခိုက်မှာ ဖြစ်ပါတယ်။ Visionox အနေနဲ့ Organic နဲ့ Inorganic ပစ္စည်းတွေကို အချိုးကျ ပေါင်းစပ်ပြီး ကင်မရာရဲ့ အရည်းအသွေးကို ကောင်းမွန်စေဖို့နဲ့ ဖုန်းမျက်နှာပြင်ရဲ့ အရည်အသွေးကို မထိခိုက်စေဖို့ လုပ်ဆောင်ထားတာပါ။

Visionox အနေနဲ့ ကင်မရာနဲ့ မျက်နှာပြင် နှစ်ခုလုံးရဲ့ အရည်အသွေးကို ထိန်းဖို့ အထူးပြုလုပ်ထားတဲ့ driver software ကို အသုံးပြုထားပြီး ကနဦးထွက်ရှိထားတဲ့ ပုံစံတွေရဲ့ အားနည်းချက်တွေဖြစ်တဲ့ အလင်းပြန်တာ၊ မှုန်ဝါးဝါးဖြစ်တာတွေကို ကာကွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနာဂတ်မှာ ဖုန်းမျက်နှာပြင်အောက်မှာ မြုပ်နှံထားတဲ့ ကင်မရာတွေကြောင့် လက်ရှိ Notch တွေ ပျောက်ပြီး မျက်နှာပြင်အပြည့် ဖုန်းတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိပါတယ်။ ဒီနည်းပညာဟာ အနာဂတ်မှာ ထွက်ရှိမယ့် ဖုန်းတွေအတွက် ဘယ်လိုပုံစံနဲ့ အသုံးချပြီး မိတ်ဆက်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

Google releases Android 11 beta for Pixel phones

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version