Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Editors’ Picks

Wireless Charging ဆိုပြီး ကြိုးတပ်ထားတဲ့ Charging Stand တွေပေါ် သွားတင်ထားကြဦးမလား။

idigital news by idigital news
January 30, 2021 - Updated on October 14, 2022
Reading Time: 1 min read

Wireless Charging ဆိုတာတွေ စပေါ်တုန်းက စိတ်ကူးမိကြမယ်ထင်ပါတယ်။ ဖုန်းကို ကိုယ်သုံးချင်တာ သုံးနေရင် သူ့အလိုလို အားသွင်းနေရင် ကောင်းမှာပဲလို့။ အခုတော့ ဒါတွေ တကယ်ဖြစ်လာပါပြီ။ အာရှရဲ့ နည်းပညာဘီလူးကြီးဖြစ်တဲ့ ရှောင်းမီက ကြိုးမလိုပဲ ဖုန်းသုံးနေရင်း အားသွင်းနိုင်မယ့် တကယ့် Wireless စစ်စစ် အားသွင်းတဲ့ နည်းပညာကို မိတ်ဆက်လိုက်ပါပြီ။ Mi Air Charge Technology လို့ နာမည်ပေးထားတဲ့ ဒီနည်းပညာဟာ ဖုန်းအားသွင်းဖို့ ကြိုးမလိုတဲ့အပြင် လက်ရှိ Wireless Stand တွေကိုပါ မေ့ပစ်လို့ ရနိုင်မယ့် ကြိုးမဲ့ အားသွင်းနိုင်မယ့် နည်းပညာ စစ်စစ် ဖြစ်ပါတယ်။

ရှောင်းမီရဲ့ Mi Air Charge နည်းပညာဟာ နေရာနဲ့ စွမ်းအင် ထုတ်လွှင့်မှုပေါ် မူတည်ပါတယ်။ အဆင့် ၅ ဆင့်နဲ့ အင်တာနာတွေ တပ်ဆင်ထားတဲ့ Charging Pile ကနေ ဖုန်းရဲ့ တည်နေရာကို အတိအကျ တွက်ချက်နိုင်မှာ ဖြစ်ပြီး အင်တာနာ ၁၄၄ ခု ပါဝင်တဲ့ အဆင့်တစ်ဆင့်ဟာ လှိုင်းအလျား မီလီမီတာ သာ ရှိမယ့် စွမ်းအင်ကို ဖုန်းဆီ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းဘက်မှာဆိုရင် beacon antenna နဲ့ receiving antenna array တို့ပါဝင်မယ့် အင်တာနာတွေကို အသေးငယ်ဆုံး တီထွင်ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Beacon antenna ကတော့ ဖုန်းရဲ့ တည်နေရာကို Charging Pile ကို စွမ်းအင်သုံးစွဲမှု အနည်းဆုံးနဲ့ ပို့လွှတ်ပေးမှာ ဖြစ်ပါတယ်။ receiving antenna ကတော့ Charging Pile က ပို့လွှတ်လိုက်တဲ့ စွမ်းအင်တွေကို လက်ခံပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသိုလှောင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

အခုလက်ရှိမှာတော့ Mi Air Charge နည်းပညာဟာ 5W remote charging ဖြစ်ပြီး device တစ်ခုအတွက် အကွာအဝေး မီီတာများစွာအထိ ပို့လွှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Device တခုထက်ပိုပြီး တပြိုင်တည်း အားသွင်းနိုင်မှာ ဖြစ်ပြီး ကြားထဲက နံရံလို အတားအဆီးတွေက အားသွင်းတဲ့ နှုန်းကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။

သိပ်မကြာခင်မှာ စမတ်ဖုန်းတွေအပြင် စမတ်နာရီတွေ၊ တခြား စမတ် device တွေကိုပါ ထောက်ပံ့ပေးလာမှာ ဖြစ်ပြီး ရှောင်းမီရဲ့ အိမ်တွင်း အသုံးအဆောင် တွေဖြစ်တဲ့ စပီကာတွေ၊ စားပွဲတင် မီးတွေနဲ့ အခြား အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။

ShareTweetSharePin2Send

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်း ငါးထောင်သို့ လျှော့ချ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.