Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Gaming

ကျရှုံးသွားတဲ့ Google ရဲ့ Gaming Platform Stadia

idigital news by idigital news
October 13, 2022
Reading Time: 2 mins read

Google ဟာ နည်းပညာပိုင်းနဲ့ပတ်သက်ရင် ထိပ်ဆုံးမှာဦးဆောင်နေတဲ့ Tech Giant ကြီးဆိုတာ အားလုံးအသိပါပဲ။ဒါပေမဲ့ Google မှာလည်း ဒီလိုမျိုးနေရာကိုမရောက်ခင် ကျရှုံးခဲ့ရတဲ့ Project တွေအများကြီးရှိခဲ့ပါတယ်။လောလောလတ်လတ် Google ရဲ့လှလှပပကြီး ရှုံးနိမ့်မှုတစ်ခုကတော့ Stadia လို့ခေါ်တဲ့ Google ရဲ့ Gaming Platform ပါ။

Google ရဲ့ Stadia ကစားနေကြပုံ
Photo – Stadia

Stadia ဟာ Gaming Platform ဆိုပေမဲ့ မြန်မာ Gamer တွေနဲ့တော့ မရင်းနှီးလောက်ပါဘူး။ဘာကြောင့် Stadia ကျရှုံးရလဲဆိုတာမပြောခင် Stadia ကဘာလဲဆိုတာ အရင်ပြောရပါလိမ့်မယ်။ Stadia ဟာကျွန်တော်တို့ ပုံမှန်ဆော့နေတဲ့ PlayStation တွေ PC တွေလိုမျိုးမဟုတ်ပဲ Online မှာပဲ ဂိမ်းကို Stream ဆော့လို့ရတဲ့ Platform တစ်ခုပါ။ Stream တာကလည်း Platform တွေပေါ်မှာ ပရိသတ်တွေကိုဆော့ပြတာမျိုးမဟုတ်ပါဘူး။ Netflix မှာ Movie တွေကို Download လုပ်စရာမလိုပဲ Stream သလိုမျိုး Game တွေကိုတစ်ခါတည်း Stream နိုင်တာဖြစ်ပါတယ်။ PlayStation တို့ PC တို့ပေါ်မှာလိုမျိုး ဂိမ်းကို Download လုပ်နေစရာ Install လုပ်နေစရာမလိုပါဘူး။ Internet ဆွဲအား 10Mbps ထိရှိရင်ကို စသုံးနိုင်ပြီး ဂိမ်းတွေကိုအမြင့်ဆုံး 4K Resolution မှာ 60 fps နဲ့ကစားနိုင်ပါတယ်။ကြိုက်တဲ့ Device ပေါ်မှာ Stadia Controller လေးနဲ့တောင် ကစားနိုင်ပြီး Library ထဲမှာလည်း နာမည်ကြီးဂိမ်းတွေအများကြီးရှိပါတယ်။ဒီလောက်ထိဆိုတော့ အားလုံးကအဆင်ပြေနေတယ်လို့ပဲ ထင်စရာပါပဲ။

READ: နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

Stadia Game များ

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာမှ ကြေညာခဲ့တဲ့ Stadia ကိုဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းဟာ Gamer တွေကိုတင်အံ့အားသင့်သွားစေတာမဟုတ်ပဲ Game Developer တွေကိုပါ ဆွံ့အသွားစေခဲ့ပါတယ်။လက်ရှိမှာ Stadia Plan တွေ Accessories တွေဝယ်ထားသူတွေကို Refund တွေပြန်ပေးနေပြီး Game Cloud ကိုလည်း ၂၀၂၃ နှစ်အစပိုင်းမှာပဲ ပိတ်သိမ်းပစ်တော့မှာပါ။၂၀၁၉ ခုနှစ် နိုဝင်ဘာလကမှ Launch လုပ်ခဲ့တဲ့ Platform ကြီးဟာ သုံးနှစ်မပြည့်ခင်မှာပဲ အသုံးပြုသူ လောက်လောက်လားလားမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ကျဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Google ဟာ Gaming အကြောင်းကို ဘာမှနားမလည်ခဲ့ပဲ Tech ပိုင်းကိုသာ အာရုံစိုက်နေလို့ Stadia fail ခဲ့တာလို့ ကျွမ်းကျင်သူတော်တော်များများက ထင်ကြေးပေးကြပါတယ်။ GeForce Now နဲ့ Xbox Cloud တို့လို Gaming ဆရာကြီးတွေနဲ့ ပြိုင်နေရချိန်မှာ Stadia မအောင်မြင်ခဲ့ရတဲ့အကြောင်းရင်းတွေကတော့ အများကြီးပါ။ လိုင်း Connection အတည်တကျမရှိတာတွေ Unique ဖြစ်နေတဲ့ဂိမ်းတွေမရှိတာတွေ Gaming Backgroud ပိုင်းရှိသူတွေကို နေရာမပေးပဲ နည်းပညာပိုင်းကိုသာ အာရုံစိုက်တာတွေ စတာတွေကြောင့်လို့ လူပြောများနေပါတယ်။ Google က ဝန်ထမ်းတွေကို ဘယ်လိုမျိုးတွေတောင် အတင်းအကြပ်ဖိအားပေးလဲဆိုတာ ဒီ Project မှာတင် တော်တော်သိသာတယ်လို့ ဝေဖန်မှုတွေရှိတဲ့အပြင် Stadia မှာလုပ်ခဲ့ဖူးသူတွေရဲ့ ပြန်လည်ပြောပြချက်တွေအရ ဝန်ထမ်းအသစ်တွေလည်း ခဏခဏအပြောင်းအလဲရှိပါတယ်တဲ့။ခုတော့ Stadia ကိုဖျက်သိမ်းပြီးရင် ဝန်ထမ်းတွေကို တခြားနေရာတွေမှာ အလုပ်ဆက်ခန့်ထားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ Stadia နဲ့ပတ်သက်လို့ ထူးထူးခြားခြားသတင်းမထွက်ပေမဲ့ နိုင်ငံတကာက Gamer တချို့ကတော့ တော်တော်လေးကိုနှမြောနေကြပါတယ်။မဆော့သူတွေထဲမှာတောင် Stadia ဟာ အလားအလာရှိတယ်ဆိုပြီး စောင့်ကြည့်နေကြသူတွေ အများကြီးပါ။ဒါပေမဲ့ Google မှာကလည်း လူအား၊ငွေအား Resources တွေအများကြီးရှိတဲ့အတွက် Stadia ရဲ့အမှားတွေဆီကနေသင်ယူပြီးရင် တဟုန်ထိုးတိုးတက်နေတဲ့ Gaming လောကထဲကို တခြား Platform တစ်ခုနဲ့ ထိုးဖောက်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Tags: Browser GamingCross Platform GamesStadia
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.