Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး သူ့အတွေး သူ့အမြင်

ဘဏ်မှာ ငွေထုတ်သင့်သလား – သူ့အတွေး သူ့အမြင်

idigital news by idigital news
May 8, 2021 - Updated on March 3, 2022
Reading Time: 1 min read

ဘဏ်ကိစ္စ တတ်နိုင်သမျှ ဝင်မပြောခဲ့ပေမယ့် Victim Blaming လုပ်လာတာ မြင်ရပါ အရမ်းများလာလို့ပါ။ ပြည်သူတစ်ယောက်ဟာ သူရှာဖွေထားတဲ့၊ သူပိုင်ဆိုင်တဲ့ ငွေကို ဘဏ်မှာ သွင်းသည်ဖြစ်စေ၊ ထုတ်သည် ဖြစ်စေ ဒါဟာ သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးပါ။

People waiting in front of a local bank

အဲဒီတော့ Cash Freeze က ဘယ်ကစလဲ? Mobile Data နဲ့ Wifi တွေ ပိတ်ချလိုက်ရာက စတယ်။ အဲဒီတော့ ဘယ်သူတွေက ဒီ အင်တာနက်ဆိုင်ရာ လူ့ အခွင့်အရေးကို ပိတ်ဆို့ခဲ့တာလဲ? ဘယ်သူ လုပ်ခဲ့တာလဲ? Cash Freeze ဖြစ်သွားတဲ့အခါ အသုံးအတွက် လိုလို့ ထုတ်တဲ့သူ ရှိမယ်၊ လုပ်ငန်း သဘောအရ ထုတ်ရတဲ့သူရှိမယ်၊ ပြီးတော့ ယုံကြည်မှု မရှိတော့လို့ ထုတ်ရတဲ့သူ ရှိမယ်။

အာဏာသိမ်း အစိုးရ ဟာ ဘဏ်စနစ်နဲ့ ဗဟိုဘဏ် ကို ယုံကြည်စိတ်ချရမှု အပြည့်အဝ အာမခံပေးနိုင်ပါသလား? ဒီမေးခွန်း ကို ဘယ်သူမှ မဖြေပေးနိုင်ဘူး။ ဘဏ်စာရင်း Account ဖွင့်ချိန်တုန်းက အခုလို ATM တွေက ထုတ်ရမယ်၊ တိုကင်ယူ ထုတ်ရမယ်၊ ထုတ်ငွေ ကန့်သတ်ခံရမယ် လို့ ဘဏ် တွေနဲ့ ကတိကဝတ် ပြုထားခဲ့မိလို့လား? အခု နေပူထဲ၊ မိုးရွာထဲ တန်းစီ နေရတာ လူ့အခွင့်အရေး ဆုံးရှုံးနေတာ၊ဒါတွေအားလုံးဟာ ဘယ်သူ့ ကြောင့် ဖြစ်လာတာလဲ? ဘယ်သူ့မှာ တာဝန်ရှိသလဲ? တကယ်တော့ အဖြေကရှင်းနေတာပါ။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

People Queuing for ATM to withdraw their own cash

အဲဒါကို ပြုလုပ်သူကို တိုက်ရိုက် အပြစ်မတင်ဘဲ၊ သူတို့ကို ဘယ်လို မျိုး အနိုင်ရသည်အထိ တော်လှန်မလဲ မပြောဘဲ ဘဏ်တွေ ဒီလို ဖြစ်ရတာ ပြည်သူတွေ ငွေတွေထုတ်လို့၊ Digital Money တွေ မသုံးလို့ ဆိုပြီး အပြစ်တင်ဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ Digital Pay/ Banking App တွေပဲ whitelists နဲ့ ဖွင့်ပေးထားတာ သူတို့ အသက်ရှူချောင်ရုံ ဟ ပေးပြီး ကျန်တဲ့ လူ့အခွင့်အရေး အကုန်ပိတ်ထားဆဲပဲလေ။

မုဒိမ်းကျင့်ပါတယ် ဆိုမှ အနေအထိုင်၊ အဝတ်အစား မတတ်လို့လား? မေးသလိုမျိုးပေါ့။ ပြုသူရဲ့ ယုတ်မာမှု ကို အပြစ်မတင်ဘဲ ခံရသူ/ အားနည်းသူကို အပြစ်ထိုးချ တာမျိုးပေါ့။

နောက်တစ်ချက်က အဲဒီ ငွေထုတ်တဲ့ သူတွေကြောင့် ဘဏ်တွေမလည်လို့ SAC ဟာ အရှိုက်ထိပြီး ရှေ့မဆက်နိုင် ဖြစ်နေတာ။ Victim Blaming မလုပ်ကြပါနဲ့ … ။ နည်းနည်းလေးမှ ကိုယ့်ဘက် အထိခိုက် မခံနိုင်ရင် ဒီတော်လှန်ရေး ရှေ့ဆက်လို့ မရနိုင်ဘူး။

Source: Someone from Facebook
Tags: ATMAYA BankCash WithdrawlKBZ BankMyanmar Local BankYoma Bank
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

​​ဝေဖန်မှုများ ရှိနေပေမယ့် မြန်မာအသင်း ဂျပန်ကို ထွက်ခွာမယ်လို့ သိရ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.