Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

သမဂ္ဂအဖွဲ့ဝင် ကိုလေပြေစိုးမိုး ထောင်တွင်းသပိတ်ဦးဆောင်သဖြင့် တိုက်ပိတ်ခံရ

idigital news by idigital news
July 25, 2021 - Updated on March 3, 2022
Reading Time: 1 min read

မနေ့ကဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်တွင်းဆန္ဒပြမှုကြောင့် ကိုအေးအောင်၊ ကိုနိုင်ဇော်တို့နဲ့အတူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရတယ်လို့ သိရှိရကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ UYSC က သတင်းထုတ်ပြန်ထားပါတယ်။

အခြား ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဆစ်နိုင်ကိုတော့ ဆေးရုံမှာလား တိုက်ပိတ်ထားတာလားဆိုတာ မသိရှိရသေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

ဇူလိုင် ၂၃ရက်မနက်ပိုင်း အင်းစိန်ထောင်တွင်း ဆန္ဒထုတ်မှုအပြီးမှာ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေများနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှု တွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထောင်တွင်း ဆန္ဒပြခေါင်းဆောင်များ တိုက်ပိတ်ခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူ ဦးဇော်ဇော်က သတင်းအမှားများ ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

“အေးအေးဆေးဆေးပါ။ ဖြိုခွဲတယ်လို့ ရိုက်နှက်တယ်လို့ဆိုတာ သတင်းအမှားတွေပါ။ သတင်းတွေက အကုန်လုံးအမှားတွေ။ စစ်တပ်က ဝင်ဖြိုခွင်းတယ်ဆိုတာလည်း အမှားတွေပဲ။ အကျဉ်းသားတွေကိုရိုက်နှက်တယ်၊ တိုက်ပိတ်တယ်ဆိုတာလည်းအမှားတွေပဲ။ အကျဉ်းဦးစီးကဝန်ထမ်းတွေမပါပါဘူး။ ဝန်ထမ်းကတော့ ဘယ်လိုလုပ်ပါမှာလဲ။ မပါပါဘူး” လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

Source: UYSC
Tags: ကျောင်းသားသမဂ္ဂတိုက်ပိတ်ထောင်တွင်း ဆန္ဒပြ
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးတော့မည်ဟု NUG အစိုးရပြော

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.