Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Burma Spring Revolution

ကမ္ဘာ့ဈေးအကြီးဆုံး အဆင့် ၂၂ ဖြစ်လာတဲ့ PDF တပ်သားလေးရဲ့ ဖိနပ်

by idigital news
March 23, 2022
Reading Time: 1 min read

သေဆုံးသွားတဲ့ အကြမ်းဖက် စစ်သားတွေရဲ့ အဝတ်အစားတွေက တံဆိပ်တွေ၊ ကြယ်တွေနဲ့ ဆင်ယင်ထားတဲ့ PDF တပ်သားတစ်ဦးရဲ့ ဖိနပ်တစ်ရံကို ကန်ဒေါ်လာ ၁၈၅၀၀ နဲ့ လေလံအောင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ် ၂၂ ရံ ထဲ စာရင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာပြည်သူ သိန်းပေါင်းများစွာဟာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ဆန့်ကျင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ခုခံစစ်ကို ကြေညာခဲ့ပြီး နိုင်ငံအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဘဏ်တိုက်စာချုပ်များ ထုတ်ရောင်းပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေနေသလို မြန်မာပြည်သူတွေဟာလည်း ချွေးနည်းစာတွေ စုဆောင်းပြီး တော်လှန်ရေးအတွက် ပါဝင်ထောက်ပံ့နေကြပါတယ်။

သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ တံဆိပ်တွေ၊ ကြယ်တွေနဲ့ ဆင်ယင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးရဲ့ ဖိနပ်တစ်ရံ ပုံဟာ လူမှုကွန်ယက်တွေပေါ်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပျံ့နှံ့လာပါတယ်။ ပြည်သူတွေရဲ့ သဘောကျနှစ်သက်မှုတွေနဲ့ အတူ ပန်ဆယ်လိုဟာ ဒီဖိနပ်ကို လေလံတင်ရောင်းချပြီး တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေဖို့ စီစဉ်ကြပါတယ်။

22nd world most expensive shoes

လေလံကို မတ်လ ၂၁ ရက်နေ့ မြန်မာအချိန် ည (၇း၄၅) နာရီဝန်းကျင်မှာ စတင်ဖွင့်ခဲ့ပြီး ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ခဲ့ပါတယ်။ လေလံပိတ်ချိန်ကို နောက်တစ်ရက် မတ်လ ၂၂ ရက် ည (၁၀) နာရီမှာ ပိတ်သိမ်းဖို့ သတ်မှတ်ခဲ့ကြပါတယ်။ တစ်နာရီအတွင်းမှာပဲ ကန်ဒေါ်လာ ၅၅၀၀ ပေးတဲ့သူ ပေါ်ပေါက်လာခဲ့ပါတယ်။

တစ်နာရီအတွင်းမှာပဲ ကန်ဒေါ်လာ ၅၅၀၀ ပေးတဲ့သူ ပေါ်ပေါက်လာခဲ့ပါတယ်။

နောက်တစ်ရက်မှာ ကန်ဒေါ်လာ ၆၀၀၀ နဲ့ စတင်ဖွင့်ခဲ့ပြီး မကြာခင်မှာပဲ ဒေါ်လာ ၁၀,၀၀၀ ဖြစ်လာပါတယ်။ ဒေါ်လာ ၆၀၀၀ ပေးထားတဲ့သူဟာ လေလံကို ဆက်မလိုက်တော့ပဲ ဒေါ်လာ ၆၀၀၀ လုံးကို ဒီတိုင်း လှုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မကြာခင်မှာပဲ ဒေါ်လာ ၁၀,၀၀၀ ဖြစ်လာပါတယ်။

နောက်ဆုံးမှာ ကန်ဒေါ်လာ ၁၈၅၀၀ နဲ့ လေလံပိတ်သိမ်းခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်စာရင်းမှာ အဆင့် ၂၂ နေရာကို ရောက်ရှိခဲ့ပါတယ်။

Beautiful Lifewebsite ရဲ့ အဆိုအရ ကမ္ဘာ့ဈေးအကြီးဆုံးဖိနပ်ဟာ Antonio Vietri ရဲ့ Moon Star Shoes ဖြစ်ပြီး ကန်ဒေါ်လာ ၁၉.၉ သန်း တန်ကြေးရှိပါတယ်။ ယခင်က ကမ္ဘာ့ဈေးအကြီးဆုံး အဆင့် ၂၂ ဖိနပ်ဟာ LOUIS VITTO MANHATTAN RICHELIEU MEN’S SHOES ဖြစ်ပြီး ကန်ဒေါ်လာ ၁၀,၀၀၀ တန်ကြေးရှိပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ မှာလည်း အဆိုတော်ကျားပေါက်ရဲ့ ukulele ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၂၆၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ukulele အဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။

Source: Pencilo
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

အကြမ််းဖက် စစ်ကောင်စီက လူနေအိမ်များဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version