Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Apple

iOS 14 ကို ယနေ့ update ပြုလုပ်နိုင်ပြီ။ ဘယ်လို လုပ်ဆောင်ချက် အသစ်တွေ ပါလာမလဲ။

idigital news by idigital news
September 18, 2020 - Updated on November 26, 2020
Reading Time: 3 mins read

သုံးလကြာ စမ်းသပ်ပြီးနောက် Apple ဟာ iOS 14 ကို ယနေ့ စတင်ထုတ်ပေးလိုက်ပါပြီ။ iOS 14 တွင် home page ပေါ် widget များ တင်နိုင်ခြင်း၊ App Library အသစ် အစရှိသော လုပ်ဆောင်ချက်အသစ်များ ပါဝင်လာခဲ့သည်။

သင့် ဖုန်းက iOS 14 ကို အသုံးပြုနိုင်မလား။

iOS 14 ကို iOS 13 ကဲ့သို့ပင်iPhone 6 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်မယ်လို့ Apple က ကြေညာထားသည်။ တကယ်လို့ သင်ဟာ iOS 13 ကို အခု အသုံးပြုနေတယ်ဆိုရင်တော့ iOS 14 ကို မြှင့်တင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုနိုင်မယ့် အိုင်ဖုန်းစာရင်းကို ဒီမှာ ကြည့်ပါ

Home Screen Widgets

iOS 14 ဟာ home screen ပေါ်ကို widgets တွေ တိုက်ရိုက်တင်ပြီး အသုံးပြုနိုင်မယ့် ပထမဆုံး iOS ဖြစ်လာပါတယ်။

photo – 9to5mac

iOS 14 မှာ အသင့်ပါဝင်လာတဲ့ Widgets တွေကတော့ _

  • Batteries
  • Calendar
  • Clock
  • Files
  • Fitness
  • Maps
  • Music
  • News
  • Notes
  • Photos
  • Podcasts
  • Reminders
  • Screen Time
  • Shortcuts
  • Siri Suggestions
  • Stocks
  • TV
  • Tips
  • Weather

App Library

Photo – 9to5mac

Home Screen Widget နှင့်အတူ iOS 14 မှာ App Library အသစ် ပါဝင်လာပါတယ်။ App Library ဟာ အသုံးပြုသူတွေရဲ့ အက်ပ်တွေကို စုစည်းပေးပြီး အလွယ်တကူ ရှာဖွေ အသုံးပြုနိုင်မယ့် Home page အသစ် ဖြစ်လိမ့်မယ် လို့ Apple က ဆိုပါတယ်။

ဒါကြောင့် Apps တွေကို home screen မှာ အမြဲသိမ်းထားဖို့ မလိုတော့ပါဘူး။ မလိုအပ်တဲ့ အက်ပ်တွေကို home screen ကနေ ဖျက်နိုင်ပြီး လိုအပ်မှ App Library မှာ ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Picture-in-Picture

Photo – 9to5mac

iOS 14 မှာ iPadOS ရဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ Picture-in-Picture ကို ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကြောင့် တခြား app တွေ သုံးနေရင်း Video ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Picture-in-Picture လုပ်ဆောင်ချက်ဟာ FaceTime calls တွေမှာပါ သုံးနိုင်မှာ ဖြစ်လို့ FaceTime call ပြု လုပ်နေတဲ့အချိန်မှာ တခြား app တွေကို သုံးနိုင်မှာပါ။ Video ဟာ ဖုန်းရဲ့ ထောင့်မှာ ပေါ်နေမှာ ဖြစ်ပါတယ်။

YouTube 4K support

iOS 14 ဟာ YouTube videos တွေအတွက် မွမ်းမံမှုတစ်ခု ထည့်သွင်းပေးလိုက်ပါပြီ။ YouTube app ဟာ 4K videos တွေကို ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို သုံးဖို့ ပထမဆုံး YouTube app ကို ဖွင့်ပါ၊ ဗီဒီယိုကို ဖွင့်ပါ၊ ညာဘက်အပေါ်က More ကို နှိပ်ပြီး Quality မှာ 2160p ကို ရွေးချယ်နိုင်ပါပြီ။

Compact Siri and Phone interfaces

iOS 14 မှာ Siri ကို ဒီဇိုင်းအသစ်နဲ့ တွေ့မြင်နိုင်မှာပါ။ Siri ဟာ ဖုန်းရဲ့ မျက်နှာပြင်အပြည့်နေရာယူတော့မှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ အောက်ခြေနားမှာ ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ Siri ကို အသုံးပြုနိုင်မှာပါ။ စိတ်မကောင်းစရာကတော့ Siri ပွင့်နေတဲ့အချိန်မှာ တခြားလုပ်ဆောင်ချက်တွေတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။

Siri ကဲ့သို့ပင် ဖုန်းအဝင်ကော များဟာလည်း ဖုန်းရဲ့ မျက်နှာပြင် အပြည့် နေရာယူမှာ မဟုတ်တော့ပါဘူး။ ဖုန်းရဲ့ ထိပ်ပိုင်းမှာ ကျစ်လစ်သေးငယ်တဲ့ Call Bar အဖြစ် ပေါ်လာမှာပါ။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်တွေကို အနှောက်အယှက်မဖြစ်စေပဲ ဖုန်းကို လက်ခံစကားပြောတာ၊ ဖုန်းချပစ်တာမျိုးကို လုပ်နိုင်မှာပါ။

Change default browser and email apps

iOS 14 မှာ ဘရောင်ဆာနဲ့ အီးမေးကို Safari နဲ့ Apple Mail ပဲ သုံးနေစရာ မလိုတော့ပါဘူး။ Default browser အနေနဲ့ Google Chrome လို တခြား ဘရောင်ဆာတွေကို ထားနိုင်မှာ ဖြစ်ပြီး Default email အနေနဲ့ Gmail လို email app တွေကို ထားနိုင်ပြီ ဖြစ်ပါတယ်။

App Clips

ဒါကတော့ iOS 14 ရဲ့ အကြီးမားဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ App Clips ပဲ ဖြစ်ပါတယ်။ App Clips နဲ့ ဆိုရင် App တွေကို အပြည့်အဝ ဒေါင်းစရာမလိုတော့ပဲ လိုအပ်တဲ့အချိန်မှာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

Accessibility Features

iOS 14 မှာ accessibility လုပ်ဆောင်ချက်တွေလည်း ပိုမိုကောင်းမွန်လာပါတယ်။ Back Tap ဟာ ဒီလုပ်ဆောင်ချက်တွေထဲက တခုဖြစ်ပြီး ဖုန်းရဲ့ နောက်ကျောကို ထိပြီး ဖုန်းကို shortcuts အနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Emoji search

Photo – 9to5mac

နောက်ထပ်လုပ်ဆောင်ချက်ကတော့ အားလုံးမျှော်လင့်နေတဲ့ များပြားလှတဲ့ emoji တွေကို ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ emoji ကို ရှာဖို့ iOS keyboard ရဲ့ emoji picker ကို ဖွင့်လိုက်ရင် search လုပ်နိုင်မယ့် နေရာ တွေ့မှာ ဖြစ်ပါတယ်။

Maps app updates

App Maps ဟာ သုံးရတာ ပိုလွယ်လာပြီး စက်ဘီးလမ်းကြောင်း၊ လျှပ်စစ်ကား လမ်းကြောင်းတွေကိုလည်း ထည့်သွင်းပေးလာပါတယ်။

Apple ရဲ့ ဖော်ပြချက်အရ –

စက်ဘီးလမ်းကြောင်းပြ လမ်းညွှန်ဟာ လမ်းရဲ့ ယာဉ်ကြောအခြေအနေ၊ လှေကားရှိမရှိ အစရှိတာတွေကို ပြသပေးမှာပါ။ လျှပ်စစ်ကားလမ်းကြောင်းကတော့ အားသွင်းနိုင်မယ့်နေရာတွေကို ကားရဲ့ charging အခြေအနေနဲ့ charger types ပေါ်မူတည်ပြီး ပြပေးမှာပါ။ –

New Messages app features

Messages ရဲ့ အကြီးမားဆုံး တိုးတက်မှုကတော့ ကိုယ်ကြိုက်တဲ့ conversations တွေကို ထိပ်ပိုင်းမှာ တင်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တစ်ဦးချင်းစကားပြောတာအပြင် အုပ်စုလိုက်စကားပြောတာတွေအတွက်ပါ အသုံးပြုနိုင်မှာပါ။

အခြား လုပ်ဆောင်ချက်ကတော့ Group chats တွေမှာ @ နဲ့ mentions ခေါ်နိုင်တာ၊ Memoji အသစ်နဲ့ replies တို့ ဖြစ်ပါတယ်။

Privacy

iOS 14’s privacy features အသစ်တွေကတော့ –

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

  • အသုံးပြုသူတွေအနေနဲ့ တည်နေရာအတိအကျကို app တွေကို ပေးစရာမလိုတော့ပဲ တည်နေရာ အနီးစပ်ဆုံးကိုသာ ပေးနိုင်မှာ ဖြစ်ပါတယ်။
  • Developers တွေအနေနဲ့ Sign in with Apple လုပ်ဆောင်ချက် အသစ်ကို အဆင့်မြှင့်တင်ထည့်သွင်းပေးနိုင်ပါပြီ။
  • App က မိုက်နဲ့ ကင်မရာကို အသုံးပြုနေမယ်ဆိုရင် Status bar မှာ ပြသပေးမှာ ဖြစ်ပါတယ်။
  • ဒီနှစ်ကုန်ပိုင်းမှာ App Store က app တွေမှာ Developers တွေရဲ့ self-reported privacy ကြေညာချက်တွေကို ဖတ်ရလွယ် နားလည်လွယ်တဲ့ ဒီဇိုင်းနဲ့ ဖော်ပြပေးတော့မှာပါ။
  • နောက်နှစ် အစပိုင်းကစပြီး app အားလုံးဟာ tracking လုပ်ဖို့ အသုံးပြုသူရဲ့ ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။

Translate app

iOS 14 မှာ Translate အက်ပ်အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။ Translate ဟာ ဘာသာစကား ၁၁ မျိုးအတွက် ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပြီး conversations တွေမှာကော offline ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Translate ဟာ စကားပြောတဲ့အခါ အလွယ်ကူဆုံး ဘာသာပြန်ပေးနိုင်မယ့် အက်ပ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ –

New AirPods features

iOS 14 မှာ AirPods အသုံးပြုသူတွေအတွက် spatial audio နဲ့ automatic device switching လုပ်ဆောင်ချက်နှစ်ခုကို ထည့်သွင်းပေးထားပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
San Francisco, California, United States - 07.24.2023 -
Twitter

Twitter ဌက်ပြာလေးမှ X သို့

July 29, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Next Post

ကိုယ်ရေးအချက်အလက် လုံခြုံမှု ဝေဖန်သံများဖြင့် QR Pass

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.