Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

Android မှာ ရှိပြီးသားဖြစ်တဲ့ iOS 14 ရဲ့ features အသစ်များ

idigital news by idigital news
June 24, 2020 - Updated on November 26, 2020
Reading Time: 2 mins read

Apple ဟာ တနင်္လာနေ့က WWDC 2020 မှာ iOS 14, macOS Big Sur နဲ့ WatchOS updates တွေကို ကြေညာခဲ့ပါတယ်။ ဒီထဲက iOS 14 ရဲ့ features အချို့ဟာ Android ကနေ မှီငြမ်းထားတယ်လို့ ပြောဆိုမှုများ ရှိနေပါတယ်။ iOS ရဲ့ ဘယ် feature တွေက Android မှာ ရရှိပြီးသား ဖြစ်နေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Translate

Image – Apple

iOS 14 မှာ Apple ဟာ Translate app အသစ်ကို မိတ်ဆက်ခဲ့ပြီး ဘာသာစကား ၁၁ မျိုးကို (real-time)ချက်ချင်း ဘာသာပြန်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Android မှာ Google ရဲ့ နာမည်ကြီး Google Translate ဟာ ၁၄ နှစ်သက်တမ်း ရှိခဲ့ပြီဖြစ်ပြီး ဘာသာစကား (၈) မျိုးကို real-time ဘာသာပြန်ပေးနိုင်ပါတယ်။

Widgets

iOS 14 မှာ Home Screen ကို အပြောင်းအလဲ ပြုလုပ်ထားပြီး widgets တွေကို home screen ကို စိတ်ကြိုက် တင်ထားနိုင်မှာပါ။

ဒါပေမယ့် Google ရဲ့ Android မှာတော့ Widget တွေကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ကြိုက်စီမံလို့ ရခဲ့တာ ဖြစ်ပါတယ်။

App Clips

Image – Apple

iOS 14 ရဲ့ App Clips လုပ်ဆောင်ချက်ဟာ app ကို install လုပ်စရာမလိုပဲ တခါသုံးအနေနဲ့ လျှင်လျှင်မြန်မြန် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဥပမာ – ပါကင်ကြေးပေးဖို့ app ကို ဒေါင်းလုပ်လုပ်စရာမလိုပဲ အသုံးပြုနိုင်တာမျိုးပါ။

Android မှာလည်း Instant App ဆိုတဲ့ အလားတူ လုပ်ဆောင်ချက်မျိုးကို ၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပါတယ်။ Instant apps ဟာ app တစ်ခုစီအတွက် သီးသန့် URL ရရှိပြီး လက်မှတ်ဝယ်တာမျိုးလို ကိစ္စမျိုးအတွက် app ကို install ပြုလုပ်စရာ မလိုပဲ အဆင်သင့် အသုံးပြုနိုင်ပါတယ်။

Maps

iOS 14 ရဲ့ Maps မှာ စက်ဘီးလမ်းကြောင်းတွေ အသစ်ထပ်ထည့်ပေးထားပါတယ်။ စက်ဘီးလမ်းကြောင်းဟာ လူရှင်းနေလား၊ လူတွေ များနေလား၊ လမ်းကြောင်းတစ်လျှောက်မှာ လှေကားရှိလား အစရှိသဖြင့် ကြည့်လို့ရမှာ ဖြစ်ပါတယ်။

Google Maps ဟာ စက်ဘီးလမ်းကြောင်းကို ၂၀၁၀ ကတည်းက စတင်အသုံးပြုနိုင်ခဲ့ပြီး လှေကားရှိမရှိ မပြပေးနိုင်ပေမယ့် လမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်တွေကို ပြသပေးနိုင်ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Picture In Picture

Apple က iOS 14 မှာ Picture in picture လုပ်ဆောင်ချက် ရရှိမယ်လို့ ကြေညာထားပါတယ်။ Picture in picture ဆိုတာ တခြား app တွေ အသုံးပြုနေချိန် video ကို box အသေးနဲ့ ပြပေးတာ ဖြစ်ပါတယ်။

Android မှာလည်း Picture in picture ရရှိပြီး ဖြစ်ပြီး video ကြည့်ရင်း တခြား app တွေကို တပြိုင်တည်း အသုံးပြုနိုင်ပါတယ်။

Wind Down mode

နောက်ထပ် feature တစ်ခုက Wind Down mode ဖြစ်ပါတယ်။ Wind Down mode ဆိုတာက သင့်ရဲ့ အိပ်ရာဝင်ချိန်၊​ အိပ်ရာထချိန်ကို သတ်မှတ်ထားနိုင်တာ ဖြစ်ပြီး Wind Down mode အတွင်းမှာ ဖုန်းကို Do Not Disturb ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Android မှာလည်း Wind Down mode ရရှိပြီး ဖြစ်ပြီး Google Home app ကနေ bedtime routine သတ်မှတ်ထားနိုင်ပါတယ်။

WWDC 2020 ရဲ့ အချက်အလက် အပြည့်အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

Livestream ပြန်ကြည့်ချင်ရင် ဒီမှာ ကြည့်နိုင်ပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post
Image - OnePlus

OnePlus ရဲ့ ဘတ်ဂျက်ဖုန်းအသစ်ကို OnePlus Nord လို့ နာမည်ပေးထားပြီး ဇူလိုင်လအတွင်း မိတ်ဆက်ဖွယ်ရှိ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.