Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

OnePlus ရဲ့ ဘတ်ဂျက်ဖုန်းအသစ်ကို OnePlus Nord လို့ နာမည်ပေးထားပြီး ဇူလိုင်လအတွင်း မိတ်ဆက်ဖွယ်ရှိ

idigital news by idigital news
June 25, 2020 - Updated on November 26, 2020
Reading Time: 1 min read
Image - OnePlus

Image - OnePlus

OnePlus 8 series ထွက်ရှိပြီးနောက်ပိုင်း OnePlus ဟာ ဈေးပိုသက်သာတဲ့ ဘတ်ဂျက်ဖုန်း ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဖုန်းနာမည်ကိုလည်း OnePlus 8 Lite, OnePlus Z, OnePlus Nord အစရှိသဖြင့် သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး အခုအခါမှာတော့ OnePlus Nord အဖြစ် နာမည်ပေးဖို့ သေချာခဲ့ပါပြီ။

OnePlus Nord ဆိုတဲ့နာမည်ကို နာမည်ကြီး Tipster Max. J ဆိုသူက ယခုလအစပိုင်းမှာ ဖော်ထုတ်ခဲ့ပြီး Twitter မှာ စတင်ရေးသားခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီ Nord ဆိုတဲ့ နာမည်ကို သိပ်မဖြစ်နိုင်ဘူးလို့ သံသယရှိခဲ့ကြပေမယ့် အခုအခါမှာတော့ OnePlus Nord လို အမည်ပေးထားတာ သေချာခဲ့ပါပြီ။ ဒီသတင်းကို သေချာစေခဲ့တာကတော့ OnePlusZLiteThing ဆိုတဲ့ OnePlus ရဲ့ instagram account မှာ မတော်တဆ တင်ခဲ့တဲ့ ပုံမှာ Nord ဆိုတဲ့ နာမည်ပါဝင်ခဲ့တာ ဖြစ်ပြီး မကြာခင်မှာ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

So OnePlus posted a bunch of images on Instagram and then deleted em, but yeah, there’s Nord for you 😀#oneplus #OnePlusNord #newbeginnings pic.twitter.com/P1jdOinbkT

— Mukul Sharma (@stufflistings) June 24, 2020

ဒါပေမယ့် ဒီပို့စ်ကို screenshot ရယူထားနိုင်ခဲ့တဲ့ အသုံးပြုသူတွေက twitter မှာ ပြန်လည် မျှဝေထားတာ တွေ့ရပါတယ်။ အဆိုပါ instagram ပို့စ်မှာ ဖုန်းထုတ်လုပ်နိုင်ခဲ့မှုကို development team က အောင်ပွဲခံနေတဲ့ ပုံနဲ့အတူ Nord ဆိုတဲ့ စာသားပါတဲ့ ကတ်ရယ် ‘Here’s to the first 100’ စာသားပါ ကတ်ရယ်ကို တွေ့ရမှာပါ။

OnePlus Nord ကို Snapdragon 765G, 90Hz display တို့နဲ့အတူ ထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြပြီး multiple ကင်မရာ ပါဝင်မယ်လို့လည်း ပြောဆိုနေကြပါတယ်။ ထွက်ရှိမယ့်အချိန်ကတော့ လာမယ့် ဇူလိုင်လအတွင်း ဖြစ်မှာပါ။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Samsung Galaxy Fold 2 ရဲ့ ဒီဇိုင်း ပေါက်ကြားလာ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.