Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

idigital news by idigital news
June 20, 2022 - Updated on June 21, 2022
Reading Time: 2 mins read

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို မနေ့က စတင်မိတ်ဆက်လာပါတယ်။

DMMK (Digital Myanmar Kyat) ဟာ blockchain နည်းပညာပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး တရားဝင် ငွေကြေးစနစ်နဲ့ ကျောထောက်နောက်ခံပြုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် DMMK ကို ကျောထောက်နောက်ခံပြုထားတဲ့ ငွေကြးကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ တရားဝင်ငွေကြေးစနစ်တစ်ခုနဲ့ ကျောထောက်နောက်ခံပြုထားတာဖြစ်တဲ့အတွက် DMMK တစ်ကျပ်ကို မြန်မာငွေ တစ်ကျပ် တန်ကြေးရှိမှာ ဖြစ်ပါတယ်။

ဖတ်ရန်: Myanmar’s National Unity Government to sell its treasury bonds with USDT

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

DMMK ဟာ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးစနစ်အဖြစ် တည်ရှိမှာ ဖြစ်ပြီး NUGPay မိုဘိုင်းပိုက်ဆံအိတ် app ကနေတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တရားဝင်အစိုးရက အသိအမှတ်ပြုထားတဲ့ တရားဝင်ငွေကြေးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ MMK အပြင် DMMK ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ DMMK ဟာ မြန်မာပြည်သူတွေရဲ့ လက်လီအားဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ဖို့ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

DMMK ကို ထုတ်ဝေနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေဟာ လုံခြုံတဲ့ငွေပေးချေမှုနဲ့ ခေတ်မီတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အကုန်အကျသက်သာစွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

DMMK ငွေကြေးစနစ်ဟာ စစ်ကောင်စီယန္တရားအောက်က လွတ်ကင်းပြီး လွတ်လပ်စွာ တည်ရှိမှု၊ အလွယ်တကူ ရနိုင်မှု၊ တီထွင်ဆန်းသစ်မှုနဲ့ လုံခြုံမှု တို့အပေါ် အခြေခံထားတယ်လို့ သိရပါတယ်။ ဒီမူဝါဒတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ ငွေကြေးအကျပ်အတည်း၊ ကိုယ်ရေးအချက်အလက် လုံခြုံမှု၊ နည်းပညာအသုံးစားရိတ်နဲ့ စီးပွားရေးအခြေအနေတွေအပေါ် လေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်ထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

NUGPay မိုဘိုင်းအက်ပ်ကို Google Playstore နဲ့ Apple App Store တို့မှာ မကြာခင် ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Cloudflare outage puts a lot of popular websites offline

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.