Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Blockchain & Crypto

သိထားသင့်သော Crypto လောက အသုံးအနှုန်းများ

idigital news by idigital news
February 14, 2022 - Updated on September 26, 2022
Reading Time: 2 mins read

အခု ခေတ်စားပြီး လူအများ စိတ်ဝင်စားလာကြတာက ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ Cryptocurrency ပါ။ အခုရင်းထား၊ နောင်တစ်ချိန် သူဌေးဖြစ်မယ် ဆိုပြီး ပြောဆိုနေကြတာမလို့ လူအများစုရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားနိုင်ပါတယ်။ Crypto လောကထဲ ဝင်ရောက်ရင်းနှီးမြုပ်နှံတဲ့အခါမှာ ဒီလောကထဲက အသုံးအနှုန်းလေးတွေက အခုမှ ဝင်ရောက်လာသူတွေအတွက် အထူးအဆန်းစာလုံးတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ အထူးအဆန်း အသုံးအနှုန်းလေးတွေကို စုစည်းပေးလိုက်ပါတယ်။

HODL

အရှည်ကတော့ “Hold for Dear Life” ပါ။ တကယ်တော့ ဒီစာလုံးက ၂၀၁၃ ခုနှစ်က Bitcoin Forum တစ်ခုမှာ HOLD ဆိုတဲ့ စာလုံးကို စာလုံးပေါင်းမှားရိုက်ပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အလားအလာရှိတဲ့ တန်ဖိုးတက်လာနိုင်တဲ့ Cryptocurrency တစ်ခုကို ဝယ်ပြီး အချိန်အကြာကြီး သိမ်းထားတာလို့ ဆိုလိုပါတယ်။

Blockchain

အလွယ်ပြောရရင် ဒစ်ဂျစ်တယ်စာရင်းစာအုပ်လို့ ပြောနိုင်ပါတယ်။ Cryptocurrency တွေ လည်ပတ်နေတဲ့ နောက်ကွယ်က နည်းပညာတစ်ခု ဖြစ်ပါတယ်။ Cryptocurrency တွေရဲ့ transactions တွေနဲ့ အခြား အချက်အလက်တွေကို Blocks တစ်ခုပြီး တစ်ခု ချိတ်ဆက်တည်ဆောက်ပြီး ထည့်သွင်းသိမ်းဆည်းထားတာလို့ အလွယ်မှတ်နိုင်ပါတယ်။

Market Capitalization

Market Cap လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရှိ ဈေးကွက်မှာ လည်ပတ်နေတဲ့ coins အားလုံးရဲ့ စုစုပေါင်းတန်ဖိုး ဖြစ်ပါတယ်။ Market Cap ကို တွက်မယ်ဆိုရင် Coin တစ်ခုရဲ့ လက်ရှိတန်ဖိုးကို ဈေးကွက်ထဲ လည်ပတ်နေတဲ့ Coin အရေအတွက်နဲ့ မြှောက်ရပါမယ်။

Decentralization

ဗဟိုထိန်းချုပ်မှု မရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ Blockchain တွေရဲ့ မူလအနှစ်သာရဟာ ဗဟိုထိန်းချုပ်မှု မရှိခြင်းပါ။ Blockchain ပေါ်မှာ အချက်အလက်အသစ်ထည့်သွင်းချင်တယ်ဆိုရင် network ပေါ်မှာ ရှိတဲ့ လူအများစုဆီကနေ အတည်ပြုချက် ရဖို့ လိုအပ်ပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

DeFi

Decentralized Finance ကို အတိုခေါ်တာပါ။ ဘဏ်၊ အစိုးရ၊ အခြားငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခု အစရှိတဲ့ ကြားခံအဖွဲ့အစည်းမပါဝင်တဲ့ ဗဟိုထိန်းချုပ်မှုမရှိတဲ့ ငွေကြေးစနစ်ပါ။

Stablecoin or Digital Fiat

Stablecoin တွေရဲ့ တန်ဖိုးကို အခြား ဒစ်ဂျစ်တယ်မဟုတ်တဲ့ ငွေကြေးတစ်ခုခုနဲ့ တန်ဖိုးတည်ငြိမ်အောင် ထိန်းညှိထားပါတယ်။ ဥပမာ Tether (USDT) ဟာ US Dollar နဲ့ တန်ဖိုးထိန်းညှိထားပါတယ်။

Rug Pull

Rug Pull ဆိုတဲ့ အသုံးကို coin တစ်ခုရဲ့ မူလတည်ထွင်သူတွေက ပရောဂျက်ကို ရုတ်သိမ်းပြီး ရင်းနှီးမြုပ်နှံသူတွေရဲ့ ငွေကြေးကို လိမ်လည်ရယူသွားတဲ့အခါ သုံးပါတယ်။ နမူနာအနေနဲ့ Rug Pull လုပ်သွားတဲ့ coin တွေကို ပြောရရင် လက်တလော Baby Musk (Elon Musk မျက်နှာပုံစံ ပြုလုပ်ထားတဲ့ coin ) ရယ်၊ မကြာသေးခင်က ဖြစ်သွားတဲ့ Squid Game token ရယ်ဖြစ်ပါတယ်။

Tags: CoinCrypto TermsDecentralizationDeFiHODLRug Pull
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ အရာရှိ အရာခံအပါအဝင် (၂၅) ဦး သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.