ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။
အမြင်အာရုံအားနည်းသည့် ကိုမင်းသုခကို ဇွန်လ ၅ရက်နေ့က ဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသူအဖြစ် စွပ်စွဲကာ ဝါဒဖြန့်ကြေညာခဲ့သည်။
ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး (၃) လအကြာ စက်တင်ဘာလ (၅) ရက်နေ့တွင် အမိန့်ချခံရခြင်းဖြစ်သည်။ ကိုမင်းသုခသည် ဒဂုံတက္ကသိုလ် သချာ်အထူးပြု တတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်များတွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။