အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထောာင်စုနေ့အခမ်းအနားနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ဗိုလ်ရှုခံအခမ်းအနား ပြုလုပ်သည့် ဖေဖော်ဝါရီ ၁၂ ရက်(ယနေ့)တွင် မြန်မာနိုင်ငံအနှံ့ မြို့များတွင် အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ညက လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် စာအရ နံနက် (၄) နာရီမှ ည (၁၁) နာရီအထိ အင်တာနက် ဖြတ်တောက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်မည့် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖေဖော်ဝါရီ ၁၂ ရက် ယနေ့တွင် ပြုလုပ်ရန် ရှိကြောင်းလည်း သိရှိရပြီး ပြည်သူလူထုများအနေဖြင့် အသံနှင့် အလံကို နားစွင့်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းထားသည်။