This post is also available in:
English
အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော နာမည်ကြီး အနုပညာရှင်အချို့ကို နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ရန်ဟုဆိုကာ ယနေ့ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။ TC Candler ၏ ကမ္ဘာ့အခန့်ညားဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသူ ပိုင်တံခွန်အပါအဝင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ဒါရိုက်တာ ဝိုင်းတို့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ပိုင်တံခွန်သည် မြန်မာတွင်သာမက အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပါ လူသိများ ကျော်ကြားသူဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။


ပိုင်တံခွန်အပြင် လူမင်း၊ ဝိုင်း၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့လည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းကို သရုပ်ဆောင်အိန္ဒြာကျော်ဇင်၏ ညီမဖြစ်သူ အိကျော်ဇင်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Copy this code to get iMovies Points.