Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်

ပန်းဆက်ရွာတိုက်ပွဲအဖြစ်မှန်၊ ပန်းဆက်ရွာကို ဘာကြောင့် တိုက်သလဲ၊ ဘာကြောင့် အငိုက်မိခဲ့သလဲ

idigital news by idigital news
July 30, 2021 - Updated on March 3, 2022
Reading Time: 3 mins read

နစကကြီးနဲ့ နမခတိုင်းမှူးခင်ဗျာ အစချီပြီး “ဒီနေ့မနက် ၅ နာရီကစပြီး PDF ၂၀၀ ကျော်က ပန်းဆက်ရွာကိုတိုက်ခိုက်နေပါတယ်။ တိုင်းမှူးကိုသတင်းပို့ထားပါပြီ။ စစ်ကူအချိန်မီမလွှတ်နိုင်ရင် ရွာကို သူတို့ဝင်စီးနိုင်တော့မှာပါ။” ဆိုတဲ့ facebook post တခု မင်းကင်းကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ရဲ့ Account ကနေ ဇူလိုင်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်မှာတက်လာပါတယ်။

နေ့ခင်းပိုင်းမှာတော့ ပျူစောထီးတွေရဲ့ facebook account လို့ဆိုတဲ့နေရာတွေကနေ ရွာသားတချို့ကို သတ်ဖြတ်ထားတဲ့ပုံတွေတက်လာပါတယ်။ အနီးကပ်ပစ်ခတ်ထားတယ်လို့ ယူဆဖွယ်ဖြစ်တဲ့ ပွင့်ထွက်ဒဏ်ရာတချို့ကိုတွေ့ရပါတယ်။ မျက်နှာမှာ အညိုအမည်းတွေတွေ့ရသလို သေဆုံးသူတယောက်မှာ မျက်လုံးတဖက်ပိတ်လောက်အောင် ဖူးယောင်နေတာကိုလည်းတွေ့ရတဲ့အတွက် မသေခင်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလိမ့်မယ်လို့ တချို့က ယူဆကြပါတယ်။

ပန်းဆက်ရွာကိုဘာ့ကြောင့်တိုက်သလဲ

ပန်းဆက်ရွာဟာ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ရွာကြီးတရွာပါ။ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာဖြစ်ပြီး ရွေးကောက်ပွဲမှာမဲပေးခွင့်ရတဲ့လူဦးရေကတောင် ၂၈၀၀ ကျော်ရှိပါတယ်။

ပန်းဆက်ရွာက ပန်းဆက်နေတာကတော့ ပြည်ခိုင်ဖြိုးပါတီကိုပါရှင့်။ တရွာလုံးလိုလိုက ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြတာပါ။ ကျွန်မတို့မင်းကင်းမြို့နယ်ထဲမှာ အဲသလိုရွာက ဒီတရွာပဲရှိတာပါ။ သူတို့က စစ်ကောင်စီစစ်တပ်လာရင် ရွာထဲက အမျိုးသမီးဆယ်ယောက်လောက် ထမင်းချက်လိုက်တတ်တဲ့ရွာပါ။ အခုအဲဒီရွာမှာ ပျူစောထီးတွေရှိတယ်ဆိုပြီး ပီဒီအက်ဖ်တွေကသွားတိုက်ကြတာပါရှင့်

မဖြူ (အမည်လွှဲ) – အနီးအနားကျေးရွာ ဒေသခံတစ်ဦး

ပန်းဆက်ရွာတိုက်ပွဲ

ပန်းဆက်ရွာကို အနီးအနားဒေသတွင်းမှာရှိတဲ့ ပီဒီအက်ဖ်တွေက သွားရောက်တိုက်ခိုက်ကြပါတယ်။ ပီဒီအက်ဖ်တွေနဲ့အတူ မိုးကြိုးမုန်တိုင်းအဖွဲ့လည်းပူးပေါင်းပါဝင်တယ်လို့ ပျူစောထီးလို့နာမည်ကြီးသူ တယောက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ပန်းဆက်ရွာဟာ မင်းကင်းဦးမောင်မြင့်ကို ထောက်ခံအားပေးတဲ့ အဓိကကျေးရွာကြီးလို့ ဒေသခံတွေက ဆိုကြပါတယ်။ မိုးကြိုးမုန်တိုင်းအဖွဲ့က ဗိုလ်သူရိန်ကတော့ ပန်းဆက်ရွာကို ပျူစောထီးရွာလို့ ဆိုပါတယ်။ ပန်းဆက်ရွာကလည်း သူတို့ကို လာရောက်တိုက်ခိုက်တာခံရနိုင်တယ်လို့ မျှော်လင့်ထားပုံရပါတယ်။ ရွာအနီးအနားမှာ ကတုတ်ကျင်းတွေ တူးထားကြပါတယ်။ ကတုတ်ကျင်းတွေတူးထားတာကို မိုးကြိုးမုန်တိုင်းအဖွဲ့နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း သိထားတယ်လို့ ဗိုလ်သူရိန်ကဆိုပါတယ်။ ဒါပေမဲ့ သွားရောက်တိုက်ခိုက်ကြသူ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တွေဟာ သူတို့မျှော်မှန်းထားတာထက် ပိုမိုပြင်းထန်တဲ့ ခုခံမှုကို ရင်ဆိုင်ကြရပါတယ်။ ပန်းဆက်ရွာဟာ ဒေသခံရွာသားတွေချည်းသာဖြစ်ပေမဲ့ သူတို့မှာ ရိုင်ဖယ်သေနတ်တွေသာမက RPG ဗုံးသီးလောင်ချာတွေပါ ကိုင်ဆောင်ထားကြတာတွေ့ရပါတယ်။ ပျူစောထီးတွေကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်တပ်ဆင်ပေးထားတာလို့ ဗိုလ်သူရိန်ကဆိုပါတယ်။

မင်းကင်းဦးမောင်မြင့်ကစစ်ကူတောင်းခံခြင်း

မနက် ၈ နာရီနောက်ပိုင်းမှာတော့ တိုက်ပွဲကပိုပြင်းထန်လာပါတယ်။ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တွေဟာ ဒေသတွင်း အနီးအဝေးအရပ်အသီးသီးက လာရောက်တိုက်ခိုက်ကြတာဖြစ်တဲ့အတွက် ရောက်ချိန်မတူကြပါဘူး။ တိုက်ပွဲအချိန်ကြာလာတော့ ရပ်ဝေးက PDF အဖွဲ့တွေပါ ရောက်လာကြတဲ့အတွက် ပန်းဆက်ရွာက ပျူစောထီးတွေဟာ အနီးအနားတခြားရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

မင်းကင်းဦးမောင်မြင့်က တိုင်းမှူးဆီသတင်းပေးပို့ပြီး စစ်ကူလွှတ်ဖို့တောင်းခံထားတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ စစ်ကောင်စီက မင်းကင်းမြို့ပေါ်ကနေ သေနတ်ဖောက်အချက်ပေးပြီး စက်လှေတစင်းကို စစ်ကူစေလွှတ်လိုက်ပါတယ်။ စစ်ကူစက်လှေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပန်းဆက်ရွာဆီဦးတည်မောင်းနှင်လာပါတယ်။

တောင်ဖြူရွာထောင်ချောက်

စစ်ကူလာပြီဆိုတာသိတော့ PDF နဲ့ မိုးကြိုမုန်တိုင်းအဖွဲ့ဟာ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“နယ်ဝေးကလူတွေက နောက်ကျပြီးရောက်တော့ တချို့ကို အချိန်မီသတင်းမပေးလိုက်နိုင်ဘူးဗျ။ အဲဒါကြောင့် ဆုတ်တာနောက်ကျသွားတယ်။ အဲသလိုနောက်ကျသွားတဲ့ အဖွဲ့တဖွဲ့ကတောင်ဖြူရွာနားကိုရောက်သွားပါတယ်။”

ပန်းဆက်ရွာက လူ ၄၀၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပေမဲ့ အဲဒီရွာနဲ့မိုင်ဝက်လောက်သာဝေးတဲ့တောင်ဖြူရွာကတော့ အိမ်ခြေ ၄၀ ကျော်ပဲရှိတဲ့ ရွာငယ်လေး တရွာပါ။ တောင်ဖြူရွာမှာ ပျူစောထီးနဲ့ ဒီမိုကရေစီအင်အားစုဟာ တဝက်စီလောက်ရှိကြတယ်လို့ မဖြူကဆိုပါတယ်။

“ကျွန်တော်တို့အဖွဲ့တွေ တောင်ဖြူရွာနားရောက်တော့ ရွာထဲကနေ အမျိုးသမီးအများစုပါတဲ့အဖွဲ့က ထွက်ပြီး လက်ညှိုး ၃ ချောင်းထောင်ပြကြတယ်ဗျ။ ကလေးတွေတောင်ပါပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲဘော်တွေက ဒါငါတို့လူတွေပဲလို့ ထင်ပြီး တောင်ဖြူရွာထဲဝင်ပုန်းဖို့သွားလိုက်ကြတာမှာ အမှားကြီးမှားသွားတာပေါ့ဗျာ။”

တကယ်တော့ အဲဒီလူတွေဟာ စစ်ကောင်စီထောက်ခံသူတွေဖြစ်ကြပြီး ပျူစောထီးတွေရဲ့ အစီအစဥ်နဲ့ ရွာ့အပြင်ထွက်ပြီး လက် ၃ ချောင်းထောင်ပြခဲ့ကြတာပါ။ ပန်းဆက်ရွာကို မိုးကြိုးမုန်တိုင်းနဲ့ PDF အဖွဲ့တွေက တိုက်ခိုက်ချိန်မှာ ထွက်ပြေးလာကြတဲ့ ပန်းဆက်ပျူစောထီးအဖွဲ့ဝင် ၁၅၀ နဲ့ ၂၀၀ ကြားလောက်ဟာ တောင်ဖြူရွာကို ကြိုတင်ရောက်ရှိပုန်းအောင်းနေကြပြီး ဖြစ်ပါတယ်။ အဲဒီပျူစောထီးတွေရဲ့ အစီအစဥ်နဲ့ သူတို့ကို ထောက်ခံသူရွာသားတွေက လက် ၃ ချောင်းထောင်ပြပြီး ထောင်ချောက်ဆင်မြှူဆွယ်ခဲ့ကြတာပါ။ မိုးကြိုးမုန်တိုင်းနဲ့ PDF တော်လှန်ရေးပြောက်ကျားကျေးရွာသားတွေဟာ ပန်းဆက်ရွာမှာတိုက်ခိုက်ပြီး အလျင်စလိုထွက်ခွာလာကြသူတွေ ဖြစ်ပါတယ်။ တောင်ဖြူရွာကဆီးကြိုသူတွေဟာလည်း မိတ်ဆွေတွေလို့ ယူဆထားတဲ့အတွက် သူတို့တူမီးသေနတ်တွေကို ယမ်းတောင်မထောင်းဘဲ ဝင်သွားကြရာမှာ ယမ်းထောင်းပြီး အသင့်စောင့်နေတဲ့ အင်အား ၁၅၀ နဲ့ ၂၀၀ အကြားရှိ ပျူစောထီးတပ်ဖွဲ့တွေက ဆီးကြိုဝိုင်းရံဖမ်းဆီးလိုက်ကြတာလို့ မိုးကြိုးမုန်တိုင်းအဖွဲ့က ဗိုလ်သူရိန်က ပြောပါတယ်။ ဝိုင်းပြီးဖမ်းဆီးတဲ့ ပျူစောထီးအဖွဲ့တွေဆီမှာ ရိုင်ဖယ်သေနတ်တွေလည်း ပါကောင်းပါနိုင်တယ်လို့ ဗိုလ်သူရိန်က ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းဆက်ရွာက ပျူစောထီးတွေက ရိုင်ဖယ်သေနတ်တွေ RPG တွေနဲ့ ခုခံတာကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

ပိုပြီးဆိုးသွားတာက စစ်ကောင်စီရဲ့ စစ်ကူစက်လှေဟာလည်း တောင်ဖြူရွာမြစ်ဆိပ်ကို ကပ်ဆိုက်လာတဲ့ အချက်ဖြစ်ပါတယ်။ စစ်ကူစက်လှေဟာ ပန်းဆက်ရွာအထိ မြစ်ကြောင်းကနေသွားမယ်ဆိုရင် မြစ်ကြောင်းကျယ်တဲ့ဘက်ကသွားရင် မောက္ကတော်ရွာကို အရင်ဆိုက်ကပ်ရပါမယ်။ မောက္ကတော်ရွာနဲ့ ပန်းဆက်ရွာကြားမှာ မြစ်လယ်ခေါင်ထွန်းနေတဲ့ လူမနေတဲ့ ကျွန်းကြီးတခုရှိပါတယ်။ အဲဒီကျွန်းကြီးက ၃ မိုင်ပတ်လည်လောက်ရှိပါတယ်။ အဲဒီ ၃ မိုင်လောက်ကျယ်တဲ့ ကျွန်းကြီးကိုဖြတ်ပြီးရင် မြစ်ကြောင်းခပ်ကျဉ်းကျဉ်းကို ထပ်ဖြတ်ပြီးမှ ပန်းဆက်ရွာမြစ်ဆိပ်ကိုရောက်မှာပါ။ ပန်းဆက်ရွာမြစ်ဆိပ်ကနေ ပန်းဆက်ရွာအထိရောက်ဖို့ကလည်း ၂ မိုင် ၃ မိုင်ကျယ်တဲ့ သောင်ပြင်ကိုဖြတ်ရဦးမှာဖြစ်ပါတယ်။ အဲဒါကြောင့်ပန်းဆိပ်ရွာမြစ်ဆိပ်ကိုတိုက်ရိုက်မသွားဘဲ တောင်ဖြူရွာမြစ်ဆိပ်ကို စက်လှေထိုးဆိုက်လာတာဖြစ်ပါတယ်။ စက်လှေကိုလမ်းပြပေးတဲ့ ဒေသခံပါလာပုံရတယ်လို့ မဖြူကခန့်မှန်းပါတယ်။ တောင်ဖြူရွာကနေ ပန်းဆိပ်ကိုသွားမယ်ဆိုရင် ၁၅ မိနစ်လောက်နဲ့ရောက်နိုင်တယ်လို့ မဖြူကဆိုပါတယ်။

ပျူစောထီးတွေက လက်နက်ကိုင်တော်လှန်ရေးရွာသားတွေကို ဝိုင်းမိထားပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်ကောင်စီရဲ့ စစ်ကူစစ်သားတွေလည်း ရောက်လာကြတယ်လို့ တောင်ဖြူရွာသားတဦးကပြန်ပြောလို့ သိရကြောင်း မဖြူက ပြောပါတယ်။

၄ ယောက်ကိုသတ်ဖြတ် ၅၇ ယောက်ဖမ်းဆီး

ရွာသားတွေကို ဖမ်းဆီးပြီး သိပ်မကြာခင်မှာပဲ ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ လူမှုကွန်ရက်စာမျက်နှာလို့ ဆိုကြတဲ့နေရာကနေ လက်နက်ကိုင်တော်လှန်ရေးရွာသား ၄ ဦးအသတ်ဖြတ်ခံထားရတဲ့ပုံတွေတက်လာပါတယ်။ အသတ်ဖြတ်ခံရသူတွေရဲ့ မျက်နှာတွေ ယောင်ကိုင်းနေပါတယ်။ အလောင်းတလောင်းရဲ့ မျက်လုံးတဖက်ဟာ ဖူးယောင်ပြီးပိတ်နေပါတယ်။ ကျန်တဲ့မျက်လုံးတဖက်ကပွင့်နေပါတယ်။ သေနတ်ဒဏ်ရာဟာလည်း မျက်နှာတခြမ်းပွင့်ထွက်အောင်ကြီးမားတဲ့အတွက် အနီးကပ်ပစ်ခတ်တာ သို့မဟုတ် ယမ်းအားပြင်းတဲ့ သေနတ်နဲ့ ပစ်ခတ်ထားတာလို့ယူဆဖွယ်ရာရှိကြောင်း ဒေသခံရွာသားတဦးကဆိုပါတယ်။

သူတို့ ၄ ဦးကို ဘာ့ကြောင့်ရွေးချယ်သတ်ဖြတ်ခဲ့မှန်းတော့ ဗိုလ်သူရိန်လည်း မမှန်းဆတတ်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ လက်နက်မချဘဲ ပြန်လည်ခုခံခဲ့လို့လား၊ ဒါမှမဟုတ် ကျန်တဲ့သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ သတ်ဖြတ်ခဲ့တာလားဆိုတာကို ဘယ်သူမှမမှန်းဆတတ်ကြပါဘူး။

နောက်ထပ်အဖမ်းဆီးခံရသူ အရေအတွက်က ၅၇ ယောက်ရှိတယ်လို့ ဗိုလ်သူရိန်ကဆိုပါတယ်။ ပျူစောထီးဆိုသူ တင်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ဖမ်းဆီးထားသူတွေကို လက်ပြန်ကြိုးတုတ်ပြီး တချို့ကို လက်ပြန်ကြိုးကြား ဝါးလုံးနဲ့ထိုးပြီးတွဲထားပါတယ်။ တချို့ကိုတော့ မျောသစ်တုံးတွေနဲ့ထိုးပြီးတွဲချည်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ မြင်ရသလောက်ဆိုရင် မျက်နှာမှာသွေးယိုစီးနေတဲ့သူ မျက်နှာယောင်ကိုင်းနေသူတွေကို ထက်ဝက်လောက်တွေ့ရပါတယ်။ တချို့ဟာ အသက်အလွန်ငယ်ရွယ်ပုံရပါတယ်။ တချို့ကတော့ ၄၀ ကျော် အရွယ်တွေလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

သေဆုံးသူတွေထဲက တယောက်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ကိုသော်ဆွေဖြစ်ပါတယ်။ သူဟာ အခြေခံပညာကျောင်းသားများသမဂ္ဂ မုံရွာခရိုင်ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဗကသ မုံရွာခရိုင်က ထုတ်ပြန်ထားပါတယ်။ သူ့အသက်ကို အတိအကျမသိရသေးပေမဲ့ အခြေခံပညာအဆင့်ကျောင်းသားဖြစ်တဲ့အတွက် အသက်မပြည့်သေးသူ လူငယ်တဦးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သတင်းဌာနတွေရဲ့ မေးမြန်းချက်ကို စစ်ကောင်စီက ပြန်လည်ဖြေကြားရာမှာတော့ အဖမ်းခံရသူ ၅၃ ဦး၊ သေဆုံးသူ ၃ ဦးသာရှိတယ်လို့ဆိုပါတယ်။ တူမီးသေနတ်အလက် ၅၀ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။ ပန်းဆက်ကျေးရွာဘက်က သေဆုံးသူတဦးနဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ဒဏ်ရာပြင်းထန်သူ ၅ ဦးရှိတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

တချို့သတင်းတွေအဆိုအရ တောင်ဖြူရွာထဲရှိပျူစောထီးရွာသားတွေက ဆွေးနွေးညှိနှိုင်းချင်တဲ့အတွက် လက်နက်မပါဘဲ လာရောက်ကြဖို့ ခေါ်ယူတာကို PDF အဖွဲ့ဝင် လက်နက်ကိုင်ရွာသားတွေက ယုံကြည်ပြီး သွားရောက်ရာမှာ ပျူစောထီးတွေဘက်က ကတိချိုးဖောက်ဖမ်းဆီးတာလို့ ဖော်ပြကြပါတယ်။ ဒီကွဲလွဲချက်နဲ့ ပတ်သက်ပြီး ဗိုလ်သူရိန်ကိုမေးမြန်းရာမှာတော့ ဖြစ်စဥ်ကို သူသေသေချာချာသိကြောင်း သူပြောတာမှန်ကန်တယ်လို့ အာမခံကြောင်း ဗိုလ်သူရိန်ကဖြေပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

အဖမ်းဆီးခံရသူတွေထဲမှာ ကျွန်းတောရွာက ၉ ဦး၊ မုဿာရွာက ၁၅ ဦး၊ ထန်းပင်ချောင်ရွာက ၁၅ ဦး၊ မောက္ကတော်ရွာက ၂ ဦးပါဝင်တယ်လို့ မဖြူက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာတွေဟာ စစ်သားတွေကိုကြောက်လို့ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း မဖြူကဆိုပါတယ်။

ပန်းဆက်ရွာက ဒဏ်ရာရထားသူတွေနဲ့ အတူ အဖမ်းဆီးခံလက်နက်ကိုင်တော်လှန်ရေးရွာသားတချို့ကိုလည်း မင်းကင်းဦးမောင်မြင့်ရဲ့ အစီအစဥ်နဲ့ ရဟတ်ယာဥ်ခေါ်ယူပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ဆိုကြပါတယ်။

စစ်ရေးသုံးသပ်ချက်

အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲဘော်ဟောင်းတဦးကတော့ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုဟာ ပြောက်ကျားစစ်နည်းဗျူဟာအရ ပြောရရင် အားနည်းချက်တချို့ရှိခဲ့တယ်လို့ သူယူဆကြောင်းပြောပါတယ်။

“အဲဒါကတော့ တိုက်ပွဲတခုမတိုက်ခင် ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်းကို ကောင်းကောင်းသိရမယ်ဆိုတဲ့ အချက်ကို မလိုက်နာနိုင်ခဲ့တာပဲ။ ရန်သူ့အခြေအနေကိုသေသေချာချာမသိခဲ့ဘူး။ ရန်သူ့ဆီမှာ ရိုင်ဖယ်အစစ်နဲ့ RPG တွေရှိတယ်ဆိုတာကြိုမသိခဲ့ဘူး။ နိုင်ဖို့သေချာမှပိုင်မှတိုက်ပါဆိုတဲ့ ပြောက်ကျားစစ်အခြေခံသီအိုရီကိုလည်း သူတို့မလိုက်နာခဲ့ဘူးဗျ။ အစီအစဥ်ရေးဆွဲရာမှာလည်း လိုအပ်ချက်ရှိမယ်ထင်ပါတယ်။ အနိုင်မရတော့မှ ဝေဖန်သလိုဖြစ်နေမလားမသိဘူးဗျာ။ စစ်ဆိုတာ မထင်မှတ်တဲ့ အနိုင်အရှုံးတော့ရှိတတ်ပါတယ်။ ဘာပဲပြောပြောဗျာ။ ကိုယ်တိုင်တော်လှန်ရေးလုပ်ခဲ့ဖူးသူတယောက်အနေနဲ့ သူတို့စိတ်ဓာတ်နဲ့သူတို့သတ္တိကိုတော့ မလေးစားဘဲမနေနိုင်ပါဘူး။”
ABSDF ရဲဘော်ဟောင်းတဦးရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အခုထိစစ်ရိပ်စစ်ငွေ့တွေက သန်းနေဆဲပါ။

Source: BBC Burmese
Tags: တောင်ဖြူရွာပန်းဆက်ရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မင်းကင်းမြို့နယ်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော် (MNDF )ဖွဲ့စည်း

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.