အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်တဲ့ DMMK (Digital Myanmar Kyat) ကို စတင်မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
အဆိုပါ DMMK ကို NUGPay မိုဘိုင်းအက်ပ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး NUG Pay အကောင့်ဖွင့်ရမယ့် နည်းလမ်းကို NUG Pay ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာကနေ အသိပေးထားပါတယ်။
NUGPay Mobile App ကို Google Playstore မှာ ရယူနိုင်မယ်လို့ သိရပြီး လက်ရှိမှာ Pre register ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
အကောင့်ဖွင့်ရမယ့် နည်းလမ်းတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။
Android စနစ်သုံး ဖုန်းများအတွက် NUGPay ကို Play Store မှ တဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ NUGPay ဝန်ဆောင်မှုများကို ရယူနိုင်ရန် အေးဂျင့်မှ တဆင့် Activate လုပ်ရမည် ဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် နိုင်ငံတကာရှိ agent များကိုလည်း ကြေညာသွားမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် တရားဝင် Agent များ၌သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
NUGPay
NUGPay ကို စတင်အသုံးပြုနိုင်ဖို့ activate လုပ်ရမှာ ဖြစ်ပြီး activation code အတွက် တစ်သောင်းကျပ် ကျသင့်မယ်လို့ သိရပါတယ်။ အဆိုပါတစ်သောင်းကျပ်မှာ Activation အတွက် ၃၀၀၀ ကျပ်ကျသင့်ပြီး Account အတွင်း ၇၀၀၀ ကျပ် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။