ခြိမ်းခြောက်မှုတွေ ရှိနေသည့်တိုင် “အောင်လံလွှင့်ချီ နွေဦးထီ” ကို ပြည်သူများက တခဲနက် အားပေးကြသဖြင့် စတင်ရောင်းချပြီး တစ်နာရီအတွင်း တစ်ရက်စာ သတ်မှတ် အရေအတွက်အားလုံးကို ရောင်းချ နိုင်ခဲ့ကြောင်း အောင်လံလွှင့်ချီ နွေဦးထီ စာမျက်နှာမှာ အကြောင်းပြန်ထားပါတယ်။
အောင်လံလွှင့်ချီ နွေဦးထီကို ယနေ့ ညနေ (၄) နာရီတွင် စတင် ရောင်းချပေးခဲ့ပြီး ညနေ (၅) နာရီ ဝန်းကျင်တွင် တစ်ရက်စာ အရေအတွက် ရောင်းကုန်သွားခဲ့ခြင်း ဖြစ်သည်။ နွေဦးထီကို တစ်စောင်လျှင် ၂၀၀၀ ကျပ်ဖြင့် အနည်းဆုံး (၅) စောင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများအတွက် ထောက်ပံ့ပေးမည် ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည် ချီးမြှင့်မည်ဟု သိရသည်။ ဆုကြေးငွေကို ရယူလိုခြင်း မရှိလျှင်လည်း အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် လှူဒါန်းသွားနိုင်မည် ဖြစ်ပြီး အရေးပါတဲ့ နေရာတွေမှာ ပြန််လည် အသုံးပြုသွားမည်ဟု သိရသည်။