Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

ကန်ဒေါ်လာ ၂၇၅၀၀ နဲ့ လေလံအောင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်လာတဲ့ ukulele

idigital news by idigital news
October 17, 2021 - Updated on March 3, 2022
Reading Time: 2 mins read
ကမ္ဘာ့ဈေးအကြီးဆုံး ukulele

ကမ္ဘာ့ဈေးအကြီးဆုံး ukulele

မြန်မာ့နွေဦးတော်လှန်ရေးအတွက် တဖက်တလမ်းက အားဖြည့်တဲ့အနေနဲ့ အဆိုတော် ဟန်ထူးလွင် (ကျားပေါက်)ဟာ သူပိုင်ဆိုင်တဲ့ ukulele ပေါ်မှာ doodle art ဆွဲပြီး ပန်ဆယ်လိုကို လေလံတင်ပေးဖို့ အောက်တိုဘာလ ၁၆ ရက် (မနေ့) ကအကူအညီ တောင်းခဲ့ပါတယ်။ လေလံပိတ်သိမ်းချိန်မှာ စံချိန်တင် ဒေါ်လာ ၂၇၅၀၀ နဲ့ ပိတ်သိမ်းခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ukulele အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

လေလံစျေးအမြင့်ဆုံးနဲ့ အောင်သွားတဲ့ Bro အတွက် Congratulations လုပ်ချင်ပါတယ်။ နိုင်ငံပေါ်မှာထားတဲ့စေတနာရော art ကိုတန်ဖိုးထားတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ အဆင့်ဆင့် စျေးတိုးပေးပြီး အပြိုင် လေလံဆွဲပေးသူများအားလုံးကိုလဲကျေးဇူးပါ။ ကျနော့် လက်ရေးနဲ့ hand drawn postcard လေး individually ပို့ပေးဖို့စီစဉ်နေပါပြီ။

ဟန်ထူးလွင် (ကျားပေါက်)

လေလံကို အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက် ည ၉ နာရီမှာ ပိတ်သိမ်းခဲ့ပါတယ်။ လေလံရရှိငွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပေးအပ်မယ်လို့လည်း သိရပါတယ်။ လေလံကြမ်းခင်းဈေးအဖြစ် ကန်ဒေါ်လာ ၁၀၀၀ စတင် သတ်မှတ်ခဲ့ပြီး စတင် လေလံတင်ချိန်မှာပဲ ကန်ဒေါ်လာ ၂၀၀၀ နဲ့ စဖွင့်ခဲ့ပါတယ်။ လေလံတင်ပြီး တစ်နာရီအတွင်းမှာပဲ ကန်ဒေါ်လာ ၅၀၀၀ အထိ တိုးမြင့်လာပြီး အပြိုင်အဆိုင် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele ကို အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) နှင့်အတူ တွေ့ရစဉ်

အောက်တိုဘာ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ လေလံတန်ဖိုး ဒေါ်လာ ၇၇၇၇ အထိ ဖြစ်လာခဲ့ပြီး ည ၉ နာရီ ဝန်းကျင်မှာတော့ ဒေါ်လာ ၈၈၈၈ အထိ တိုးမြှင့်ပေးလာကြပါတယ်။ အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီမှာတော့ ဒေါ်လာ ၁၀၀၀၀ အထိ ဖြစ်လာပြီး အပြိုင်အဆိုင် ဖြစ်လာပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele
ကမ္ဘာ့ဈေးအကြီးဆုံး ukulele

နောက်တစ်ရက် အောက်တိုဘာ ၁၇ ရက် နေ့လည်မှာ ကန်ဒေါ်လာ ၁၁၁၁၁ (မြန်မာငွေ သိန်း ၂၀၀ ကျော်) အထိ ဖြစ်လာပြီး တစ်ဆက်တည်းမှာပဲ ဒေါ်လာ ၁၂၂၂၂၊ ဒေါ်လာ ၁၃၆၈၈၊ ဒေါ်လာ ၁၄၀၀၀ မှသည် ဒေါ်လာ ၁၅၀၀၀ အထိ ဖြစ်လာပါတယ်။

လေလံပိတ်သိမ်းရန် ၂ နာရီဝန်းကျင်အလိုမှာတော့ ဒေါ်လာ ၁၆၀၀၀၊ ၁ နာရီခွဲအလိုမှာ ဒေါ်လာ ၁၇၀၀၀၊ ၁ နာရီအလိုမှာ ဒေါ်လာ ၁၈၀၀၀၊ ၃၆ မိနစ် အလိုမှာ ဒေါ်လာ ၁၉၀၀၀၊ ၂၅ မိနစ် အလိုမှာ ဒေါ်လာ ၂၀၀၀၀ အထိ ဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

လေလံပိတ်ရန် ၁၇ မိနစ်အလိုမှာ ဒေါ်လာ ၂၁၂၂၂ ဖြစ်လာပြီး ဆယ်မိနစ်အလိုမှာ ဒေါ်လာ ၂၂၂၂၂ အထိ ဖြစ်လာပါတယ်။ နောက်ဆုံး လေလံပိတ်သိမ်းချိန်မှာတော့ ကမ္ဘာ့စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၂၇၅၀၀ နဲ့ ပိတ်သိမ်းခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ukulele အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခင်က ကမ္ဘာ့ဈေးအကြီးဆုံး ukulele ဟာ John D’Angelico ဆိုသူ ဖန်တီးခဲ့တာဖြစ်ပြီး ebay မှာ ဒေါ်လာ ၂၆၀၀၀ နဲ့ ရောင်းထွက်ထားတာ ဖြစ်ပါတယ်။

Tags: kyar paukukuleleworld expensive ukuleleကျားပေါက်လေလံဟန်ထူးလွင်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Everything you need to know about cryptocurrency and blockchain

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.