Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

ရန်ကုန်တွင် အောက်စီဂျင်ပြတ်တောက်မှု ဆိုးရွားစွာကြုံနေ

idigital news by idigital news
July 14, 2021 - Updated on March 3, 2022
Reading Time: 1 min read

ရန်ကုန်က လူနာများအတွက် အောက်စီဂျင်ပြတ်တောက်မှုက ကြီးမားနေဆဲဖြစ်သည်။ရေဝေးသုသာန်သို့ ရုပ်အလောင်း ၃၀၀ နှင့် ၄၀၀ ကြား နေ့စဉ်ရောက်လာနေသည်မှာ လေးရက်ရှိပြီဖြစ်သည်။ ထိုအထဲမှာ အများစုတွင် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နာရေးကူညီပေးနေသော ပရဟိတကူညီရေးအသင်းများက ပြောသည်။

သုသာန်သို့ရောက်လာသော ကိုယ်ဝန်လေးလလွယ်ထားသည့် အမျိုးသမီးရုပ်အလောင်းတစ်ခု၏ ဆွေမျိုးသားချင်းတစ်ဦးက “ အောက်စီဂျင်ရှုနေတာ သုံးရက်လောက်ရှိပြီ။ မနက်က အောက်စီဂျင်ပြတ်ပြီး ဖြစ်တာ။ သုံးနာရီလောက်တည်းက အောက်စီဂျင်မရတာ။ ဆုံးတာမနက် ၉ နာရီလောက်က ဆုံးတယ် ” ဟု မျက်ရည်များဝဲလျက် ပြောသည်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

ရေဝေးသို့ နာရေးလာပို့ကြသော ကားများတွင် ပရဟိတအဖွဲ့များ၏ကားက အများဆုံးဖြစ်ကြပြီး အဖွဲ့ပေါင်း ၄၀ ခန့်ထိ ရှိနေသည်။ ကား ၁၀ စီးဖြင့် နာရေးကူညီဆောင်ရွက်ပေးနေသော လူမှုထောက်ကူပြုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “ လေးရက်အတွင်း အောင်စီဂျင်ပြတ်လို့ သေဆုံးသူက ၂၀ လောက်ထိ ရှိသွားပြီ။ ဒါက ကျွန်တော်တို့အသင်းတစ်ခုပဲနော် ” ဟု ဆိုသည်။

ကျွန်တော်တို့ ပို့ရတဲ့ သေဆုံးသူတွေထဲမှာ အများဆုံးက အောင်စီဂျင်ပြတ်ပြီး သေတဲ့သူတွေ များကြတယ်

မြန်မာနိုင်ငံလူမှုရေးအသင်း(ဗဟန်း)၏ စေတနာ့ဝန်ထမ်းတစ်ဦးက

အနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်းသားတစ်ဦးက “ တစ်ရက်ကို ခုနှစ်ယောက်လောက် အောက်စီဂျင်ပြတ်ပြီး သေနေတယ်။ ၂၀ ပို့တာ အဲ့အထဲမှာ ၁၅ ယောက်လောက်က အောက်စီဂျင်ပြတ်ပြီး သေနေကြတာ။ ” ဟု ပြောသည်။

ရန်ကုန်မြို့က အောက်စီဂျင်ဖြည့်ပေးနေသောနေရာများတွင် စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရုံများက လာရောက်သယ်ယူနေကြသော်လည်း လူမှုကူညီရေးပရဟိတအဖွဲ့များအတွက်တော့ ခက်ခဲစွာ ရှာဖွေနေရကြောင်း စေတနာ့ဝန်ထမ်းများက ငြီးတွားကြသည်။

Source: Mizzima
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

သမဂ္ဂအဖွဲ့ဝင် ကိုလေပြေစိုးမိုး ထောင်တွင်းသပိတ်ဦးဆောင်သဖြင့် တိုက်ပိတ်ခံရ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.