Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Editors’ Picks

ဖုန်းထဲက ကြော်ငြာတွေက သင့်ကို စောင့်ကြည့်နေတာကို ဘယ်လိုကာကွယ်မလဲ

idigital news by idigital news
January 7, 2021 - Updated on March 3, 2022
Reading Time: 1 min read
PHOTOGRAPH: GREG BAKER/AFP/GETTY IMAGES

PHOTOGRAPH: GREG BAKER/AFP/GETTY IMAGES

This post is also available in: English

Social Media တွေ အထူးသဖြင့် facebook ပေါ်မှာ ကြော်ငြာတွေ တက်လာတာကို မြင်ဖူးကြပါလိမ့်မယ်။ ကြော်ငြာတွေက လိုချင်တဲ့အရာတွေနဲ့ တိုက်ဆိုင်နေတတ်ပါတယ်။ အကြောင်းက internet ပေါ်မှာ ရှာထားတဲ့ history တွေ၊ စိတ်ဝင်စားတာတွေ၊ အသက်ရွယ်အပိုင်းအခြားတွေစတဲ့ အချက်လက်တွေကို မသိလိုက်ဘဲနဲ့ ရယူပြီး အဲ့အချက်တွေကို အခြေခံပြီး newfeedsတွေမှာ ဖော်ပြလို့ဖြစ်ပါတယ်။ search history တွေ သေချာရှင်းပြီး  သုံးတဲ့ သူတွေတောင်မှ အချက်အလက်တွေ ရယူခံခြင်းမှ မလွတ်ပါဘူး။ အဲ့လိုမျိုး ရယူနေတာကို လျော့ချနိုင်မယ့် နည်းကောင်းလေးတစ်ခု ဖော်ပြပေးပါမယ်။

Android နဲ့ iOS နှစ်ခုလုံးမှာ special “ad ID” ဆိုတာ ရှိပါတယ်။ အဲ့တာက data marketer တွေ user ဆီက ရယူထားတဲ့ အချက်အလက်တွေနဲ့ ချိတ်ဆက်ထားပါတယ်။ special “ad ID” ပါတာရဲ့ အားသာချက်ကတော့ data marketer တွေယူထားတဲ့ အချက်အလက်တွေကို reset လုပ်လို့ရပါတယ်။ လုံးဝမရှိအောင် ရှင်းထုတ်လို့ရပါတယ်။ ဖုန်းထဲမှာ အဆင့် အနည်းငယ်လုပ်လိုက်ရုံနဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်လက်တွေ မပေါက်ကြားအောင် စုစည်းပြီးသားတွေကို အခုထက် များမလာအောင်လုပ်လို့ရနိုင်ပါတယ်။

ဆက်စပ်သတင်းများ

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

Android phone မှာဆိုရင်  Settings > Privacy > Advanced > Ads ဆီကို သွားပါ။ ပြီးရင်Opt out of Ads Personalization ကို ပိတ်လိုက်ရင် အချက်အလက်စုဆောင်းတာတွေ ရပ်တန့်ပြီးသားဖြစ်သွားပါပြီ။ iOS မှာဆိုရင်တော့ Settings > Privacy > Advertising ကိုသွားပါ။ Limit Ad Tracking ကို ပိတ်ရင် အဆင်ပြေပါပြီ။

အဲ့လိုမပိတ်ချင်ဘူး၊ ဒီတိုင်းဘဲထားမယ် များလာမှ reset ပြန်လုပ်မယ် ဆိုရင်လည်းရပါတယ်။ အပေါ်ကအတိုင်းသွားပြီး Android မှာ Reset Advertising ID နှိပ်၊  iOS ဆိုရင် Reset  Advertising Identifier ကိုနှိပ်လိုက်ရင် data marketerတွေက သင့်ရဲ့ အချက်အလက်တွေကို အစကနေ ပြန်ပြီး ရယူရပါလိမ့်မယ်။

“အချက်အလက်ရယူတာကို ကန့်သတ်တာ(Limit Ad Tracking) က အချက်အလက်ပြန်လည် ရယူတာ(Cycling ad Id) ထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်“ လို့ iOS လုံခြုံရေးသုတေသီ တစ်ယောက်ဖြစ်တဲ့ Will Strafach က ပြောပါတယ်။ “အချက်အလက်စုဆောင်းသူတွေ၊ တည်နေရာ tracker တွေက ad ID ကို မဖြစ်မနေကို ယူကြမှာ အသေအချာပါဘဲ။ ad Idကိုကြည့်ပြီး အသုံးပြုသူရဲ့ အကြောင်းကို ခန့်မှန်းနိုင်လို့ဖြစ်တယ်။ ကန့်သတ်မထားဘူးဆိုရင်တော့ ဘယ်ပြောကောင်းမလဲ သူတို့အကြိုက်ပေါ့” 

Ad Id ကို  android မှာ ” Advertising ID”လို့ ခေါ်ပြီး iOSမှာဆိုရင် “Identifier for advertiser” လို့ခေါ်ပါတယ်။ အဲ့ဒါကို iOSက 2013 မှာမှ စတင် အသုံးပြုလာတာဖြစ်ပြီး googleကတော့ Android တွေမှာ 2014မှာမှ သုံးခဲ့ကြတာဖြစ်တယ်။ အဲ့မတိုင်ခင်ကတော့ mobile ad tracker အတွက် ကန့်သတ်ချက်မရှိ လိုသလောက် အချက်အလက်တွေ စုဆောင်းလို့ ရခဲ့ကြတယ်။  device ရဲ့ permanent ID တွေ(Serial Number, Wi-Fi network Mac address)အပေါ်မှာ အခြေခံပြီး ရယူခဲ့ကြတယ်။ permanent ID တွေက ad ID အနေနဲ့ သုံးလို့ရပေမယ့် သူတို့ရဲ့ပြဿနာက ပြောင်းလဲလို့မရဘဲ ပုံသေရှိနေလို့ဖြစ်တယ်။ ဖုန်းရှိနေသ၍ အသုံးပြုသူတွေက ad tracking ရှောင်ရှားနိုင်မှတေ့ာ မဟုတ်ပါဘူး။

ပြောင်းလဲလို့ရတဲ့ ID တွေ ဖန်တီးတာက ပြဿနာအားလုံးကိုတော့ ဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။ Google နဲ့ Apple က ကြေငြာဖို့အတွက် အချက်အလက်တွေ ရယူတဲ့ app တွေကို ကန့်သတ်ထားပေမယ့်  Ad id အပြင် တခြား id တွေလည်းရှိသေးပါတယ်။ ဒီ id တွေကို တချို့ app တွေက တရားဝင်ရယူနိုင်တာကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ad tracking အတွက် လုပ်ဆောင်ကြတာတွေ ရှိနေပါသေးတယ်။

“ပြောင်းလဲလို့ရတဲ့ ID တွေက ပြည့်စုံတဲ့ ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က အသုံးပြုသူကို ထိန်းချုပ်ခွင့်အချို့ပေးဖို့ ဆိုပေမယ့် တကယ်က ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အမြင်၊ ခံစားချက်မျိုးကိုသာ ပေးပါတယ်။ တကယ် ထိန်းချုပ်ခွင့်မပေးပါဘူး။ ဒီစနစ်ကောင်းကောင်းအလုပ်လုပ်ဖို့ဆိုရင် app တွေနဲ့ ad networkတွေက ad IDကို ရယူရုံသာရယူပြီး ပြန်ပြီး ထပ်ဆင့် အသုံးမပြုရလို့ သဘောတူညီချက် ထားရှိသင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုသူရဲ့ အချက်အလက်တွေကို ရယူနေဦးမှာဘဲ” လို့ Oxford University’s Center for Technology and Global Affairs ရဲ့ Security အကြံပေး၊ သုတေသနပညာရှင် Lukasz Olejnik က ပြောထားပါတယ်။

Source: Wired
Tags: mobile adsprivacytracking
ShareTweetSharePin1Send

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Burma Spring Revolution

မြန်မာ့နွေဦးတော်လှန်ရေး ဓါတ်ပုံများကို World Press Photo က ဆုချီးမြှင့်

March 26, 2022
Burma Spring Revolution

အကြမ််းဖက် စစ်ကောင်စီက လူနေအိမ်များဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး

March 24, 2022
Next Post

အကြမ်းဖက်မှုများ လှုံ့ဆော်သည့်အတွက် ပိတ်သိမ်းခံလိုက်ရတဲ့ Parler website

  • English
  • Burmese
ADVERTISEMENT
  • ဆက်သွယ်ရန်

© 2020 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2020 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist