Facebook က သူ့ရဲ့ Gaming app ကို မနေ့က playstore မှာ တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။
Facebook မှာ Gaming ဆိုတဲ့ ကဏ္ဍ ပါဝင်ပြီး ဂိမ်းတွေဆော့လို့ရတာ သိပြီး ဖြစ်မှာပါ။ အခု facebook အနေနဲ့ သူ့ရဲ့ gaming လောကကို ချဲ့ထွင်တဲ့အနေနဲ့ Gaming app ကို သီးသန့် ထုတ်လိုက်တာပါ။ ဒီ app မှာ game streaming တွေ ကြည့်လို့ရမယ်၊ instant games တွေ ဆော့လို့ရမယ်။ gaming group တွေမှာ ပါဝင်လို့ ရမှာ ဖြစ်ပါတယ်။
အခုတော့ Android အတွက်ပဲ ရရှိဦးမှာ ဖြစ်ပြီး iOS အတွက်လည်း မကြာခင်မှာ ဖြန့်ချီမှာ ဖြစ်တယ်လို့ သိရပါတယ်။
Facebook ဟာ ၂၀၁၈ ခုနှစ်မှာ Desktop အတွက် Gaming section ကို စတင် ထည့်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ Facebook app မှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ အခု ၂၀၂၀ မှာတော့ သီးသန့် app တစ်ခုအနေနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။