Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Gaming

ဂျပန်နိုင်ငံက အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်ကြီးဆုံး Gaming Youtuber

idigital news by idigital news
June 8, 2020 - Updated on November 26, 2020
Reading Time: 1 min read
Photo - AFP

Photo - AFP

ဂျပန်နိုင်ငံက အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ အဘွား ဟာမာကို မော်ရီ ဟာ အခုချိန်ထိ သူမရဲ့ လက်ချောင်းလေးတွေကို သွက်လက်မြန်ဆန်စွာ လှုပ်ရှားပြီး ဂိမ်းကစားနိုင်နေတုန်းပါပဲ။ ကမ္ဘာ့အသက်အကြီးဆုံး Gaming Youtuber လို့ ပြောရမယ့် ဟာမာကို မော်ရီဟာ Youtube မှာ Gamer Grandma နာမည်နဲ့ Channel တစ်ခု ပြုလုပ်ထားပြီး တစ်နေ့ကို ၃ နာရီလောက် ဂိမ်းကစားလေ့ရှိပါတယ်။ သူမရဲ့ Channel မှာ Follower သုံးသိန်းကျော်ရှိပြီး တစ်ချို့ video တွေမှာ ကြည့်ရှုသူ ၃ သန်းကျော်ထိ ရှိတာ တွေ့ရပါတယ်။

“ဂိမ်းကစားရတဲ့ နေ့တိုင်းဟာ ကျွန်မအတွက်တော့ ပျော်စရာပါပဲ” လို့ ဟာမီကိုက ပြောပါတယ်။ သူမရဲ့ video တွေမှာ ‘Konnichiwa’ (မြန်မာလို မင်္ဂလာပါ) လို့ အမြဲနှုတ်ဆက်ပြီး streaming ကို စတင်လေ့ရှိပါတယ်။ ဂိမ်းစကစားပြီဆိုရင်တော့ သူမရဲ့ အဘွားအို ပုံစံ ပျောက်ပြီး သွက်လက်မြန်ဆန်တဲ့ လူငယ်တစ်ယောက်အဖြစ်ကို ပြောင်းသွားပါတော့တယ်။

ဆက်စပ်သတင်းများ

ကျရှုံးသွားတဲ့ Google ရဲ့ Gaming Platform Stadia

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

သူမဟာ အခုမှ ဂိမ်းစကစားတဲ့သူတော့ မဟုတ်ပါဘူး။ သူမရဲ့ ဂိမ်းကစားသက် နှစ် ၄၀ အတွင်းမှာ ဂိမ်းအမျိုးအစားပေါင်း ၂၀၀ ကျော် ကစားခဲ့ဖူးပြီးပါပြီ။ သူမရဲ့ ပထမဆုံး console ဂိမ်းကတော့ Cassette Vision  ဆိုတဲ့ဂိမ်းဖြစ်ပြီး ၁၉၈၁ ခုနှစ် ဝယ်ယူကစားခဲ့တာပါ။

သူမဟာ Super Mario Brothers, Dragon Quest, Final Fantasy and Call Of Duty တို့လို နာမည်ကြီး ဂိမ်းအတော်များများကို ကစားခဲ့ဖူးပြီး တခါတလေ မနက် ၂ နာရီ အထိ မအိပ်ပဲ​ ဂိမ်းကစားနေတတ်ပါတယ်။

သူမ အကြိုက်ဆုံး ဂိမ်းတွေက နာမည်ကြီး Grand Theft Auto နဲ့ နာမည်ကြီး role playing ဂိမ်းဖြစ်တဲ့ Elder Scrolls V: Skyrim တို့ပဲ ဖြစ်ပါတယ်။

“ဂိမ်းထဲမှာ လုပ်ချင်တာ အကုန်လုပ်လို့ရတယ်” လို့ ဟာမာကို ကပြောပြီး အဲ့တာဟာ ဘဝမှာလည်း စိတ်ဓါတ်ခွန်အားရစေတယ်လို့ ဆိုပါတယ်။

သူမရဲ့ video streaming ကို မြေးဖြစ်သူက ရိုက်ကူးပေးလေ့ရှိပြီး တစ်လကို ၃ကြိမ်၊ ၄ ကြိမ်လောက် Youtube မှာ တင်လေ့ ရှိပါတယ်။

“တစ်ယောက်တည်း ကစားရတာထက်စာရင် လူအများကြီးက ကြည့်နေတာ ပျော်ဖို့ ကောင်းတယ်။” လို့ ဟာမာကိုက သူမရဲ့ ဗီဒီယိုတစ်ခုမှာ ပြောပါတယ်။ အသက် (90) ပြည့်ခဲ့ပြီဖြစ်တဲ့ ဟာမာကိုရဲ့ လက်ချောင်းတွေဟာ အသက်အရွယ်အရ တစ်ချို့သော ဂိမ်းတွေကို ကစားဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါပြီ။

“ဒါ တကယ့်ကို ခက်ခဲပါတယ်။” လို့ ဟာမာကိုက သူမရဲ့ လက်ချောင်းတွေကို လေ့ကျင့်ခန်းလုပ်နေရင်း ပြောပါတယ်။ “ဒါပေမယ့် ကျွန်မ လက်မလျှော့ပါဘူး။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်နေတာ ပိုကောင်းပါတယ်။ အသက်ဘယ်လောက်ဖြစ်ဖြစ် ကျွန်မ ဂိမ်းတွေ ဆက်ကစားသွားချင်ပါသေးတယ်။ ကျွန်မကစားနိုင်သလောက် ဆက်ပြီး ကစားသွားပါဦးမယ်” လို့ ဟာမာကိုက ဆက်ပြောပါတယ်။

ဟာမာကိုက ဂိမ်းကစားခြင်းကို လူငယ်တွေ စွဲလန်းနေတဲ့အကြောင်းကိုလည်း နားလည်ကြောင်းနဲ့ အခုလို covid-19 lockdown ကာလမှာ အိမ်ထဲ နေပြီ ဂိမ်းကစားနေတာက အပြင်ထွက်တာထက် ပိုလုံခြုံတယ်လို့ ဆိုပါတယ်။ သူမဟာ အခုထွက်ရှိမယ့် Playstation 5 ကို ဝယ်ဖို့ စိတ်အားထက်သန်နေပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Gaming

ကျရှုံးသွားတဲ့ Google ရဲ့ Gaming Platform Stadia

October 13, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Gaming

Games for Weekend! – Games Week

June 26, 2020 - Updated on March 4, 2022
Gaming

နှစ်သုံးဆယ် ပြည့်ခဲ့ပြီဖြစ်တဲ့ Microsoft Solitaire

May 23, 2020 - Updated on October 14, 2022
Editors’ Picks

4 Offline Games to spend your time in stay-home period

May 9, 2020 - Updated on March 6, 2022
Editors’ Picks

Today’s Android Apps/Games DEALS

April 29, 2020 - Updated on March 6, 2022
Next Post
Image - Visionox

ဖုန်းမျက်နှာပြင်အောက်မှာ မြုပ်ထားတဲ့ ကင်မရာတွေက တကယ်ဖြစ်လာတော့မှာလား

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.