This post is also available in:
Android မှာ ဖိုင်တွေ ဖျက်လိုက်ရင် တစ်ခါတည်း အပြီးပျက်သွားတာ သိကြမှာပါ။ အခု Android 11 မှာ Trash folder လုပ်ဆောင်ချက် ပါဝင်လာမှာ ဖြစ်ပြီး Windows မှာ ပါဝင်တဲ့ Recycle Bin လိုမျိုး ဖျက်လိုက်တဲ့ ဖိုင်တွေကို သိမ်းဆည်းပေးထားမှာပါ။ Trash မှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေက ရက် ၃၀ ကြာမှာ ဖြစ်ပြီး ရက် ၃၀ နောက်ပိုင်းမှာ အလိုအလျောက် ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတော်တဆ မှားဖျက်မိတဲ့ ဓါတ်ပုံတွေ၊ ဖိုင်တွေကို Trash folder ကနေ ပြန်လည် ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို Android 11 ရဲ့ developer preview မှာကတည်းက စတင်ထည့်သွင်းပေးခဲ့ပြီး Trash folder ထဲက ဖိုင်တွေရဲ့ သက်တမ်းက ၇ ရက် လို့ ပြခဲ့ပါတယ်။ အခု beta version မှာတော့ ရက် ၃၀ အထိ သိမ်းဆည်းထားပေးနိုင်မှာပါ။
အခုထိတော့ Trash Folder ကို hidden folder အနေနဲ့ပဲ ပြုလုပ်ထားပြီး ဖျက်လိုက်တဲ့ ဖိုင်တွေကို ပြန်လည် ရယူနိုင်ဖို့ App တွေက ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် File Manager လို app တွေမှာ အဆိုပါ လုပ်ဆောင်ချက် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။