တကယ်လို့ သင့်ဆီကို အောက်က ပုံလိုမျိုးရောက်လာခဲ့ရင် အဲ့ပုံကို wallpaper မချိန်းလိုက်ပါနဲ့။ ချိန်းမိရင် သင့်ဖုန်းဟာ ချက်ချင်း soft-brick ဖြစ်ပြီး ပြန်တက်လာတော့မှာ မဟုတ်ပါဘူး။
မှတ်ချက်။ အောက်ကပုံက screenshot ရိုက်ထားတာ ဖြစ်ပြီး မူလပုံ မဟုတ်လို့ အန္တရာယ်မရှိပါဘူး။
ဓါတ်ပုံလေးတစ်ပုံကို wallpaper ချိန်းတာနဲ့ ဖုန်းပြန်တက်မလာတော့ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ဒါဟာ တကယ်ဖြစ်နေတာပါ။ Twitter မှာလည်း လူတော်တော်များများက အမှန်ဖြစ်ကြောင်း ရေးသားထားကြပါတယ်။
ဒီ issue ကို စတင်တွေ့ခဲ့တာက Ice Universe ဆိုသူဖြစ်ပြီး twitter မှာ စတင်ရေးသားခဲ့ပြီး လူတော်တော်များများကလည်း မှန်ကန်ကြောင်း ထောက်ခံခဲ့ကြပါတယ်။
အထူးသတိပေးချင်တာ ဒီ ဖြစ်စဉ်ဟာ အမှန်အကန်ဖြစ်ပြီး မယုံကြည်လို့ စမ်းသပ်တာမျိုး မလုပ်ဖို့ အကြံပေးလိုပါတယ်။ စမ်းချင်တယ်ဆိုရင်တောင် မိမိဖုန်းက data တွေကို အရင်ဆုံး backup လုပ်ထားပြီးမှ စမ်းသင့်ပါတယ်။
@UniverseIce This is an android issue sadly is affecting also google pixels as well pic.twitter.com/HZTtogLfwB
— Sebastian (@seb3153) May 31, 2020
စမ်းမိတဲ့ တစ်ချို့ဖုန်းတွေအတွက် safe mode ဝင်ပြီး wallpaper ပြန်ချိန်းရုံနဲ့ ဖုန်းပြန်တက်လာနိုင်ပေမယ့် တစ်ချို့ဖုန်းတွေမှာတော့ factory reset လုပ်မှသာ ဖုန်းကို ပြန်လည် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။