အသုံးပြုသူတွေအတွက် အန္တရာယ်ရှိတဲ့ VPN app ကို Google က သူ့ရဲ့ ပလေးစတိုးကနေ ဖယ်ရှားလိုက်ပါတယ်။
အဆိုပါ VPN ကတော့ SuperVPN ဖြစ်ပြီး အဆိုပါ VPN မှာ ဟက်ကာတွေက အသုံးပြုသူတွေကို VPN server ကို မချိတ်ဆက်ပဲ အန္တရာယ်ရှိတဲ့ ဆာဗာတွေဆီကို ရောက်စေတဲ့ လုံခြုံရေး ယိုပေါက်ရှိနေတာ ဖြစ်ပါတယ်။ Google က အဆိုပါ ယိုပေါက်ကို တွေ့ရှိပြီးနောက်မှာ app ကို ပလေးစတိုးကနေ ဖယ်ရှားခဲ့တာပါ။
SuperVPN ဟာ မဖယ်ရှားခင်မှာ install ပြုလုပ်ထားသူ သန်း ၁၀၀ ရှိပြီး ပလေးစတိုးရဲ့ ရှာဖွေရလဒ်မှာ ထိပ်ဆုံး ငါးခုထဲ ပါဝင်နေတာဖြစ်ပါတယ်။ SuperVPN မှာ လုံခြုံမှုမရှိတဲ့ HTTP protocol ကိုလည်း အသုံးပြုထားပြီး ဟက်ကာတွေဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုလည်း ကြားဖြတ်ရယူနိုင်နေတာဖြစ်ပါတယ်။
ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ဒီ app ကို သွင်းထားခဲ့မယ်ဆိုရင် ချက်ချင်း uninstall ပြုလုပ်သင့်ပါတယ်။