Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home COVID-19 Myanmar

COVID 19 အချက်အလက်များ တစုတစည်း ကြည့်ရှုနိုင်မည့် CoronaHelp MM

idigital news by idigital news
April 11, 2020 - Updated on November 26, 2020
Reading Time: 3 mins read

COVID 19 အချက်အလက်များကို တစုတစည်းတည်း ကြည့်ရှုနိုင်မည့် Website, Mobile App, Chat Bot တို့ကို CoronaHelp MM လို့ အမည်ရတဲ့ မြန်မာလူငယ် နည်းပညာရှင်များအဖွဲ့မှ လွှင့်တင်ထားပါတယ်။

Covid-19 နဲ့ပတ်သတ်သော အကြောင်းအရာများကို အလွယ်တကူ ကြည့်ရှူနိုင်သော

ဆက်စပ်သတင်းများ

iPhone 14 Series ရဲ့ Dynamic island ကို Android ဖုန်းတွေပေါ်မှာ ခံစားခြင်း

VPN အကြောင်း ၊ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုရွေးချယ်မလဲ။

1. CoronaHelp MM
********************

Corona Help Myanmar အဖွဲ့အစည်းဟာ မြန်မာနိုင်ငံရှိ လူငယ်နည်းပညာရှင်၊ အတတ်ပညာရှင်၊ Volunteer များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်ပါတယ်။ မိဘပြည်သူများထံသို့ သတင်းမှန်များ ပြန့်ပွားရေး၊ အချိန်နဲ့တပြေးညီ တိကျမှန်ကန်သော အချက်အလက်များရရှိနိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်များ ၊ WHO မှ ထုတ်ပြန်ချက်များနဲ့ မှန်ကန်တဲ့ သတင်းစဉ်များကို အလွယ်တကူ ဖတ်ရှူနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းဖြစ်ပါတယ်။ Mobile Application ၊ Chat Bot ၊ Website များမှတဆင့် သတင်းမှန်များ၊ အချက်အလက်များကို စုဆောင်းတင်ပြပေးမယ့် လူငယ်အဖွဲ့အစည်းတခုဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။
—————————————————-
2. CoronaHelp MM Android App
********************************

CoronaHelp MM Android Appဟာ COVID-19နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မိဘပြည်သူများ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သိရှိနိုင်ရေးအတွက် ဖန်တီးထားသော Appတစ်ခုဖြစ်ပါတယ်။

Appအတွင်းမှာ “Home”, “Articles”နဲ့ “Emergency”ဆိုပြီး Buttonသုံးခု ပါရှိမှာ ဖြစ်ပါတယ်။

👉 Home ဘက်မှာတော့ “What is Covid 19?” ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ COVID-19အကြောင်း အကျဥ်းသဘော ရေးထားတာမျိုးကို အပေါ်ပိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ အောက်ဘက်မှာတော့ “FAQ” နဲ့ “Today Statistics” ဆိုတဲ့ Category (၂)ခုကို တွေ့နိုင်ပါတယ်။ FAQ မှာတော့ လူပြောများတဲ့ မေးခွန်းတွေနဲ့ ဖြေရှင်းချက်တွေကို လေ့လာနိုင်မှာဖြစ်ပြီး Today Statistics မှာတော့ COVID-19 လူနာများနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အလွယ်တကူတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

👉 Articles ဘက်မှာတော့
– COVID-19 အကြောင်း သိကောင်းစရာများ
– WHO ထုတ်ပြန်ချက်
– ကျန်းမာရေး ဆောင်ရန် ရှောင်ရန်
– ကျန်းမာရေးထုတ်ပြန်ချက်
– ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ
– တွေ့ရှိလူနာ ထုတ်ပြန်ချက်
– လမ်းညွှန်ချက်နှင့် ဗဟုသုတများ

ဆိုတဲ့ အထက်ပါ Category များကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ Categoryတစ်ခုချင်းစီမှာ သက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းများကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

👉 Emergency ဆိုတဲ့ Buttonဘက်မှာတော့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဖော်ပြထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကဏ္ဍအလိုက် ရွေးချယ်ရန် Button အောက်ကနေ
– ကျန်းမာရေး (သို့) အရေးအပေါ်အကူအညီ
– စားနပ်ရိက္ခာပံ့ပိုးခြင်း
– ထွေအုပ် (သို့) လွှတ်တော်ကိုယ်စားလှယ်
– ပစ္စည်းဝယ်ယူပေးခြင်း

စတဲ့ ရွေးချယ်စရာတွေကို တိုင်းဒေသကြီး (သို့) ပြည်နယ်နဲ့ မြို့နယ်အလိုက် အတိအကျရွေးချယ်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

CoronaHelp MM Android Appကို အောက်ပါ Websiteမှတစ်ဆင့် Download ရယူနိုင်ပါတယ်။
>>> https://coronahelpmm.org/app/

iOS Device များအတွက်လည်း မကြာခင်မှာ အဆင်ပြေစေမယ့် Portable App ထွက်ရှိလာတော့မည် ဖြစ်ပါတယ်။
—————————————————-
3. CoronaHelp MM Chat Bot
*****************************

CoronaHelp MM Chat Botကို COVID-19နဲ့ ပတ်သက်ပြီး လိုအပ်သောသတင်းအချက်အလက်များ လွယ်လွယ်ကူကူရရှိနိုင်ရန်နှင့် မိဘပြည်သူများ အဆင်ပြေ​စွာ အသုံးပြုနိုင်ရန် ဖန်တီးထားတာဖြစ်ပါတယ်။

Chat Botရဲ့ အသုံးပြုပုံလမ်းညွှန်တွေကိုတော့ အောက်ပါ Linkများမှ တစ်ဆင့်လေ့လာနိုင်ပါတယ်။

1. https://www.facebook.com/101001908222267/posts/104147117907746/

2. https://www.facebook.com/101001908222267/posts/107255770930214/

3.
https://www.facebook.com/101001908222267/posts/108676867454771/

CoronaHelp MM Chat Botဟာ သုံးစွဲသူများ အဆင်ပြေစေရန် အလျှင်းသင့်သလို အဆင့်မြှင့်တင်နေတာဖြစ်ပါတယ်။ Updateတစ်ခါဖြစ်တိုင်း Pageကတစ်ဆင့် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
—————————————————-
4. CoronaHelp MM Website
**************************

CoronaHelp MM Websiteဟာ လူငယ်နည်းပညာရှင်၊ အတတ်ပညာရှင်၊ Volunteer များဖြင့်
ပေါင်းစပ်ဖွဲ့စည်းထားသော Website တစ်ခုဖြစ်ပါတယ်။

Website အတွင်း ဝင်ဝင်ချင်းမှာ “Download for Android” နဲ့ “အရေးပေါ်ဆက်သွယ်ရန်” ဆိုတဲ့ Button နှစ်ခုကို တွေ့ရှိရမှာဖြစ်ပါတယ်။ Download for Android Buttonကနေ တစ်ဆင့် CoronaHelp MM Android Appကို မိမိဖုန်းအတွင်းသို့ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ အရေးပေါ်ဆက်သွယ်ရန် Buttonကိုနှိပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်နဲ့ ကိုယ်နေထိုင်ရာ မြို့နယ်တို့ကို အတိအကျ ရွေးချယ်ကာ COVID-19နဲ့ ပတ်သက်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို ရှာဖွေနိုင်ပါတယ်။

👉 “မြန်မာနိုင်ငံ COVID-19 ဖြစ်ပွားမှု အခြေအနေပြ Dashboard (Myanmar)”

ဒီ Dashboardကို အပေါ်က Buttonနှစ်ခုရဲ့ အောက်ဘက်မှာ တွေ့ရမှာဖြစ်ပါတယ်။ Dashboardဟာ COVID-19 လူနာများနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေကို မြေပုံနှင့်တကွ ဖော်ပြထားတာဖြစ်ပါတယ်။ မြေပုံကို လိုသလိုရွှေ့ပြီး မိမိသိလိုတဲ့ နေရာကို ကြည့်ရှုနိုင်ပါတယ်။

ဘက်ဘက်မှာ မြေပုံပေါ်မူတည်ပြီး ပိုးတွေ့လူနာနဲ့ စောင့်ကြည့်လူနာတွေကို နေရာဒေသနဲ့တကွ အတိအကျဖော်ပြပေးထားမှာဖြစ်ပါတယ်။ ညာဘက်မှာတော့ လူနာထားရှိရာ တိုင်းဒေသကြီး (သို့) ပြည်နယ်ရဲ့ ဆေးရုံနဲ့ COVID-19 ရောဂါဖြစ်ပွားမှုဆိုင်ရာ အချက်အလက်တွေကို လွယ်လွယ်ကူကူ တွေ့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုအခြေအနေ “Outbreak Amount”၊ “Pie Chart” စတာတွေနဲ့လည်း ဖော်ပြပေးထားမှာဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေစွာ လေ့လာနိုင်ပါတယ်။

👉 Websiteရဲ့ အပေါ်ဘက်မှာတော့ “Home”၊ “လမ်းညွှန်ချက်နှင့် ဗဟုသုတများ”၊ “သတင်းနှင့် ထုတ်ပြန်ချက်များ”၊ “နောက်ဆုံးရ သတင်းစဥ်များ” ဆိုတဲ့ Category (၄) ခုကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

“Home” မှာဆိုရင်
– CORONA HELP MMအကြောင်း
– အရေးပေါ် ဆက်သွယ်ရန်
– လူသွားလူလာများသော နေရာများ

“လမ်းညွှန်ချက်နှင့် ဗဟုသုတများ” မှာဆိုရင်
– COVID-19 အကြောင်း သိကောင်းစရာများ
– COVID-19 အကြောင်း အမေး အဖြေ
– ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ
– ကျန်းမာရေး ဆောင်ရန် ရှောင်ရန်

“သတင်းနှင့် ထုတ်ပြန်ချက်များ” မှာဆိုရင်
– တွေ့ရှိလူနာ ထုတ်ပြန်ချက်
– ကျန်းမာရေး ထုတ်ပြန်ချက်
– WHO ထုတ်ပြန်ချက်

စတာတွေကို တွေ့နိုင်မှာဖြစ်ပြီး “နောက်ဆုံးရ သတင်းစဥ်များ” မှာတော့ သက်ဆိုင်ရာ သတင်းဆောင်းပါးများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါ linkမှတစ်ဆင့် CoronaHelp MM Websiteကို လေ့လာကြည့်ရှုနိုင်ပါတယ်။
>>> https://coronahelpmm.org/

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Mobile

iPhone 14 Series ရဲ့ Dynamic island ကို Android ဖုန်းတွေပေါ်မှာ ခံစားခြင်း

October 5, 2022
Tips & Tricks

VPN အကြောင်း ၊ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုရွေးချယ်မလဲ။

September 28, 2022 - Updated on October 14, 2022
COVID-19 Myanmar

ကိုဗစ်ကာကွယ်ဆေးများအကြောင်း သိကောင်းစရာ

July 29, 2021 - Updated on March 3, 2022
Editors’ Picks

ဖုန်းထဲက ကြော်ငြာတွေက သင့်ကို စောင့်ကြည့်နေတာကို ဘယ်လိုကာကွယ်မလဲ

January 7, 2021 - Updated on October 14, 2022
Editors’ Picks

အပြီးတိုင် ရပ်နားလိုက်ပြီ ဖြစ်တဲ့ Google Play Music

December 6, 2020 - Updated on October 14, 2022
Bugs & Fix

ကိုယ်ရေးအချက်အလက် လုံခြုံမှု ဝေဖန်သံများဖြင့် QR Pass

September 28, 2020 - Updated on November 26, 2020
Next Post

Stay Home ကာလအတွင်း အိမ်မှာ လုပ်စရာများ

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist