Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile

iPhone 14 Series ရဲ့ Dynamic island ကို Android ဖုန်းတွေပေါ်မှာ ခံစားခြင်း

idigital news by idigital news
October 5, 2022
Reading Time: 2 mins read

Apple ရဲ့နောက်ဆုံးထွက် Series ထဲက iPhone 14 Pro နဲ့ Pro Max မှာလူတိုင်းကြိုက်ကြတဲ့ Feature အသစ်တစ်ခုဟာ အဓိကအပြောင်းအလဲအဖြစ် ပါလာပါတယ်။အဲ့ဒါကတော့ iPhone တွေရဲ့ Notch နဲ့ Notification Feature ကို လုံးဝအသစ်လုပ်ပစ်လိုက်တဲ့ Dynamic Island ပါ။ Camera Cut-out ကိုပါတစ်ခါတည်းပြောင်းထားလိုက်တဲ့အပြင် Notification ကိုဘယ်တုန်းကမှ မခံစားဖူးသလိုမျိုး ခံစားရစေမယ့် Feature အသစ်တစ်ခုဆိုလည်းမမှားပါဘူး။

Dynamic Island in iPhone 14 Pro
iPhone 14 Pro Series မှာ ပါလာတဲ့ Dynamic Island

အားလုံးကတော့ Dynamic Island ကိုခု iPhone 14 Series မှာမှအသစ်ပါလာတာလို့ ထင်ကြပါလိမ့်မယ်။တကယ်တော့ Dynamic Island ပုံစံတူ Function တစ်ခုဟာ ၂၀၁၅ ခုနှစ်ကထွက်ခဲ့တဲ့ LG V10 မှာပါလာခဲ့ဖူးပါတယ်။ဒါပေမဲ့ iPhone 14 လောက်တော့ Luxury မဆန်သလို Smooth လည်းမဖြစ်ပါဘူး။

Dynamic Island like feature in LG V10

ဒီလိုဆိုရင် Android User တွေကရော Dynamic Island ကိုသုံးနိုင်ပါ့မလားဆိုရင် Dynamic Spot ဆိုတဲ့ App ရဲ့အကူအညီနဲ့သုံးနိုင်ပါတယ်။လူတွေအများကြီး သုံးလည်းသုံးနေကြပါပြီ။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Jawomo ဆိုတဲ့ App Developer တစ်ယောက်ထုတ်ပေးထားတဲ့ Dynamic Spot ဆိုတဲ့ App တစ်ခုရဲ့အကူအညီနဲ့ အသုံးပြုနိုင်မှာပါ။လက်ရှိ Beta မှာပဲရှိသေးပေမဲ့ Function ကမဆိုးဘူးပြောနိုင်လို့ Download ပြုလုပ်သူပေါင်း တစ်သန်းတောင်ရှိနေပါပြီ။

DynamicSpot in Playstore
DynamicSpot App

ဘယ်လိုသုံးရမလဲဆိုရင်တော့ ပုံမှန် launcher App တွေသုံးနေသလိုပဲ App ကို Download ဆွဲပြီး Permission တွေပေးပြီးရင် Notification တက်စေချင်တဲ့ App ကိုရွေးချယ်ပြီး Dynamic Island အရသာကို ခံစားလို့ရပါပြီ။နောက်တစ်ချက်မဆိုးဘူးပြောနိုင်တာက အဲ့ဒီ Island လေးကို Screen ပေါ်မှာဘယ်နေရာရှိစေချင်လဲ ရွေးချယ်နိုင်တာပါ။ဒါကြောင့်ကိုယ့်ဖုန်း Sefile Camera ကဘေးမှာ Punch-Hole ဒီဇိုင်းနဲ့ရှိနေတယ်ဆိုရင်တောင် Camera နဲ့တစ်သားတည်းဖြစ်နေအောင် ချိန်ညှိအသုံးပြုနိုင်ပါတယ်။

Dynamic Island in Android

လောလောဆယ် Pop-Up Notification ပေါ်တဲ့အထဲမှာ Message တွေ App Notification တွေ Timer တွေအကုန်ပါတဲ့အပြင် Music ကိုဆိုရင် Control ပါလုပ်လို့ရပါတယ်။ တရုတ်အမှတ်တံဆိပ်ဖုန်းတွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ Permission ပိုင်းမှာနည်းနည်းပြဿနာရှိနိုင်ပြီး Beta သာရှိသေးလို့ အရမ်းကြီးလည်း Smooth မဖြစ်နေသေးပါဘူး။

iOS တစ်ခုခုလုပ်ပြလိုက်တာနဲ့ နောက်က Android တွေကတောက်လျှောက်လုပ်ပြနေတယ်ဆိုတာ ထပ်ဖြစ်တဲ့ပုံစံမျိုးပါ။ Dynamic island ကိုလည်း Apple ကပိုင်ဆိုင်ထားတာမဟုတ်တဲ့အတွက် သေချာတာကတော့ နောက်ပိုင်း Android ဖုန်းတွေမှာပါ တွေ့ရနိုင်ခြေရှိတာကတော့ သေချာပါတယ်။

Tags: Dynamic IslandDynamic SpotDynamicSpotJawomoLauncherLG V10
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Sudden drops of facebook followers are happening

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.