Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

Top 4 Budget Smartphones in 2020

idigital news by idigital news
May 31, 2020 - Updated on March 5, 2022
Reading Time: 2 mins read

ဒီနေ့ခေတ်မှာ တန်ဖိုးကြီးဖုန်းတွေဟာ တစ်နှစ်ထက်တစ်နှစ် အပြိုင်အဆိုင် ထွက်ပေါ်လျက်ရှိပါတယ်။ ဒါပေမယ့် ကိုယ်က ဖုန်းကို အများကြီး သုံးဖို့မလိုဘူးဆိုရင် တန်ဖိုးကြီးတဲ့ဖုန်းတွေကို ဝယ်စရာမလိုပဲ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဈေးနှုန်းသင့်တင့်တဲ့ တန်ဖိုးသင့်ဖုန်း (Budget Smartphone) တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် အခုထွက်ရှိထားတဲ့ ဖုန်းတွေထဲက သင့်တင့်တဲ့ တန်ဖိုးသင့်ဖုန်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

၁။ iPhone SE 2020 ( 750,000 MMK ဝန်းကျင်)

ဟာ … မြန်မာငွေ ၇ သိန်းခွဲက တန်ဖိုးသင့်ဖုန်းလားလို့ ပြောမယ့်လူတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် Apple မှ Apple ဆိုသူတွေရယ်၊ တန်ဖိုးမြင့်တဲ့ iPhone တွေလည်း မသုံးချင်ဘူးဆိုသူတွေအတွက် အခုထွက်ထားတဲ့ iPhone SE က ရွေးချယ်စရာတစ်ခု ဖြစ်ပါလိမ့်မယ်။

iPhone SE ဟာ Apple ရဲ့ Budget Series ဖုန်းအနေနဲ့ ထွက်ရှိထားပေမယ့် iPhone 11 နဲ့ 11 Pro တွေမှာ သုံးထားတဲ့ Apple A13 Bionic Chip Processor ကို သုံးထားပါတယ်။ ပြီးတော့ နောက်ဆုံး OS iOS 13 နဲ့ ထွက်ရှိထားတာကြောင့် သုံးရတာ ချောချောမွေ့မွေ့နဲ့ စိတ်ကျေနပ်မှု ရစေပါလိမ့်မယ်။

ဒါပေမယ့် Budget Series ဖြစ်တာကြောင့် Camera , Screen နဲ့ Battery တွေကတော့ တန်ဖိုးမြင့် အိုင်ဖုန်းတွေလောက်တော့ ကောင်းမှာ မဟုတ်ပါဘူး။ Home Button ပြန်လည် ပါဝင်လာမှာ ဖြစ်လို့ ခလုတ်တွေ ကြိုက်သူတွေအတွက်တော့ အရင်က ခံစားချက်မျိုး ပြန်ရစေပါလိမ့်မယ်။

၂။ OPPO A12 (230,000 MMK ဝန်းကျင်)

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

OPPO ရဲ့ budget series တွေက မြန်မာပြည်မှာ လူကြိုက်များပြီးသားပါ။ ဒီထဲကမှ မကြာခင်က ထွက်ရှိထားတဲ့ မြန်မာငွေ ၂၃၀,၀၀၀ ဝန်းကျင်နဲ့ ရနိုင်မယ့် OPPO A12 ကို ရွေးချယ်ပေးချင်ပါတယ်။

MediaTek Helio P35 Octacore Processor ကို အသုံးပြုထားတာကြောင့် ယခင်ထွက်ရှိထားတဲ့ P22 ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်း ပိုမိုမြင့်မားပြီး ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ OPPO ဆိုတာနဲ့ Camera ကို ပြေးမြင်ကြတာဆိုတော့ A12 ရဲ့ အနောက်ဘက် ကင်မရာက 13MP Main Camera + 2MP Depth Camera ဖြစ်ပြီး 5MP selfie camera ပါဝင်ပါတယ်။ ထူးခြားတာက ကျား ၊မ၊ အသက်၊ အသားအရောင်၊ မျက်နှာ ထူးခြားချက်တို့ကို AI နည်းပညာနဲ့ စနစ်တကျ တွက်ချက်ပေးပြီး သဘာဝဆန်ဆန်ပုံရိပ်များ ရိုက်ကူးပေးနိုင်မယ့် AI Beautification လုပ်ဆောင်ချက် ပါဝင်တာ ဖြစ်ပါတယ်။

၃။ Redmi Note 8 Pro (250,000 MMK ဝန်းကျင်)

တတိယအနေနဲ့ Xiaomi ရဲ့ Redmi Note 8 Pro ကို ရွေးချယ်ပေးချင်ပါတယ်။ MediaTek Helio G90T processor နဲ့ ထွက်ရှိထားပြီး 64MP main camera က ၂သိန်းခွဲတန်ဖုန်းတစ်လုံးအတွက် စိတ်ဝင်စားစရာပါ။ ဒါ့အပြင် 8MP Ultra wide, 2MP macro camera တွေလည်း ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ 20MP selfie ကင်မရာ ပါဝင်ပြီး ဘတ်ဂျက်ဖုန်းတစ်လုံးအတွက်တော့ အတော်လေး ကောင်းတယ်လို့ ပြောလို့ ရပါတယ်။

နောက်တစ်ခုက ဘတ်ထရီပါ။ 4500mAh ဘတ်ထရီက ဖုန်းအသုံးများတဲ့လူတွေအတွက် အဆင်ပြေစေမယ့် ပမာဏဖြစ်ပါတယ်။ Redmi Note 8 Pro ကို MIUI 11, Android 9 နဲ့ ထွက်ရှိထားပြီး Android 10 ကို upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။

၄။ Huawei Y6P (179,000 MMK)

Huawei က အသစ်ထွက်ရှိမယ့် Huawei Y6P ဟာ တန်ဖိုးနည်းဖုန်းအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် ဖုန်းဖြစ်ပါတယ်။ ၁၇၉၀၀၀ ကျပ်ဆိုတဲ့ ဈေးက သုံးပျော်တဲ့ အနေအထားပါပဲ။ မျက်နှာပြင် ၆.၃ လက်မနဲ့ ဘတ်ထရီ သိုလှောင်ပမာဏ 5000 mAh က ပေးရတဲ့ဈေးနဲ့ တန်ပါတယ်။ ထူးခြားချက်အနေနဲ့ များပြားလှတဲ့ ဘတ်ထရီပမာဏ က တခြား device တွေကိုပါ အားပြန်သွင်းပေးနိုင်မယ့် Reverse Charging နည်းပညာ ပါဝင်တာဖြစ်ပါတယ်။ သက်ဆိုင်ရာဆိုင်တွေမှာ pre-order လက်ခံနေပြီလို့ သိရပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

[DANGER] Android ဖုန်းကို ထိခိုက်စေမယ့် Wallpaper

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.