Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာတုန်းကဆို သတင်းအမှားတွေအများကြီးကို မထိန်းသိမ်းနိုင်ခဲ့လို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ဝေဖန်တာကိုခံခဲ့ရယုံမက မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း သတင်းအမှားတွေကိစ္စတွေကြောင့်နဲ့ ပြဿနာတော်တော်တက်ခဲ့ရပါတယ်

idigital news by idigital news
October 30, 2022
Reading Time: 1 min read

Meta ဟာ Facebook ရဲ့ Mobile App ပေါ်မှာ ၇ နှစ်ကြာရှိခဲ့တဲ့ Function တစ်ခုဖြစ်တဲ့ Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Instant Article ကို ၂၀၁၅ ကစတင်မိတ်ဆက်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ Facebook Mobile App ပေါ်မှာ တခြား Website တွေကနေ link ပြန် Share ထားတဲ့ Article တွေ သတင်းတွေကို ပုံမှန် Mobile Web တွေထက် ပိုမြန်မြန်ဆန်ဆန် ဖွင့်ဖတ်နိုင်ဖို့အတွက်ပါ။ HTML Documents တွေကို ပုံမှန် Mobile App တွေပေါ်မှာဖွင့်တာထက် ၄ ဆပိုမြန်ဆန်သွားစေပြီး Publisher ရဲ့ Website ထဲကိုတော့ ရောက်သွားမှာမဟုတ်ပဲ Facebook Sever ထဲမှာပဲဖတ်နိုင်ပြီး Open in Browser လုပ်လိုက်မှ စာဖတ်သူဟာ Website ထဲရောက်သွားမှာပါ။ Instant article ထဲမှာပဲ Publisher ရဲ့ ကိုယ်ပိုင်ကြော်ညာကိုပါထပ်ထည့်နိုင်ပါသေးတယ်။

instant articles အလုပ်လုပ်ပုံ

ခုတော့ လာမယ့်နှစ် ဧပြီလအလယ်လောက်မှာ Meta က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ်လို့ ကြေညာလာပါတယ်။ Meta ရဲ့ဒီလုပ်ရပ်ဟာ သူတို့ဆီကနေ User တွေကိုတခြားစီ ထွက်မသွားစေချင်တာ လက်ရှိအင်တာနက်ပေါ်မှာ အရမ်းအောင်မြင်လာတဲ့ Short Video Formet ကိုပိုအာရုံစိုက်ချင်တာနဲ့ သတင်းတွေကို Facebook Platform ပေါ်မှာမရှိစေချင်တော့တာကြောင့်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

Facebook ပေါ်မှာလူတွေအားလုံးမြင်နေရတဲ့ အရာတွေဟာ 3% လောက်ဟာ Website link တွေနဲ့သတင်းတွေဖြစ်တယ်လို့ Meta ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က မီဒီယာတွေကိုပြောပြခဲ့ပါတယ်။ Meta ဟာသတင်းတွေနဲ့ပတ်သက်ရင် အထူးသဖြင့် သတင်းအမှားတွေနဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ကုမ္ပဏီတစ်ခုပါ။၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာတုန်းကဆို သတင်းအမှားတွေအများကြီးကို မထိန်းသိမ်းနိုင်ခဲ့လို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ဝေဖန်တာကိုခံခဲ့ရယုံမက မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း သတင်းအမှားတွေကိစ္စတွေကြောင့်နဲ့ ပြဿနာတော်တော်တက်ခဲ့ရပါတယ်။ Instant Article ကိုသုံးပြီးတော့ သတင်းအမှားတွေဖြန့်နေတဲ့ Facebook Page တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

instant articles အသုံးပြုပြီး ဖြန့်ချီနေသည့် သတင်းအမှားများ
Fake news using instant articles

အရင်တုန်းကဆို Facebook ပေါ်သတင်းတင်တဲ့ မီဒီယာတွေကို Meta ဖက်က ပိုက်ဆံပေးခဲ့တာတွေရှိပေမဲ့ ၂၀၂၂ အလယ်ပိုင်းမှာပဲ အကုန်လုံးကိုရပ်တန့်ခဲ့ပါတယ်။ Meta ကသူတို့ရဲ့ Platform ပေါ်မှာနိုင်ငံရေးသတင်းတွေကို မမြင်စေချင်တာပါ။ဒီလိုမျိုးတွေပြောင်းလဲလာတာက ခုလက်ရှိ တရှိန်ထိုးလူကြိုက်များလာနေတဲ့ Short Video Formet ကြောင့်ပါ။ Tik Tok ကနေစနာမည်ကြီးလာတဲ့ ဒီ Formet တွေကို Social Media တွေအားလုံးနီးပါးလိုက်လုပ်နေကြတာလည်းဖြစ်ပါတယ်။ Instant Article ပျောက်သွားတဲ့အတွက် Facebook ကိုအားထားတဲ့ Website Publisher တွေအတွက်တော့ Traffic ပိုများဖို့အတွက် Challenge တစ်ခုထပ်တိုးလာမှာသေချာပြီး အကောင်းဖက်ကကြည့်ရင်လည်း Link ကိုနှိပ်လိုက်တာနဲ့ Website ထဲကိုချက်ချင်းရောက်သွားမှာမလို့ Traffic တိုင်းမလွဲပဲရနိုင်တာ သေချာသလောက်ရှိပါတယ်။

Tags: fake newsinstant articles
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Apple

Apple ရဲ့ iPad အသစ်များနဲ့ 4K TV Media Player အသစ်

October 20, 2022 - Updated on November 14, 2022
Future Tech

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

October 14, 2022
Facebook

Facebook Followers အရေအတွက် မှားယွင်းပြသမှု ဖြစ်ပေါ်နေ

October 12, 2022
Next Post

သင့်ရဲ့ဖုန်းနဲ့ Small Gadget တွေကို အားသွင်းပေးနိုင်မယ့် အဝတ်စ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist