Covid-19 Crisis ကာလအတွင်းမှာ လူတစ်ဦးနဲ့ တစ်ဦး စာနာကြောင်း ပြသဖို့ ‘Care’ ဆိုတဲ့ reaction တစ်ခု အသစ်ထည့်ဖို့ စီစဉ်နေတယ်လို့ facebook ရဲ့ ပြောရေးဆိုခွင့် ရှိသူ Alexandru Voica က twitter မှာ ထုတ်ပြန်ခဲ့ပါတယ်။
We’re launching new Care reactions on @facebookapp and @Messenger as a way for people to share their support with one another during this unprecedented time.
We hope these reactions give people additional ways to show their support during the #COVID19 crisis. pic.twitter.com/HunGyK8KQw
— Alexandru Voica (@alexvoica) April 17, 2020
Care Reaction ဟာ facebook မှာ အသည်းနှလုံးကို ဖက်ထားတဲ့လူပုံ ဖြစ်ပြီး မက်ဆင်ဂျာအတွက်တော့ ခုန်နေတဲ့ အသည်းနှလုံးပုံ ရှိမှာ ဖြစ်ပါတယ်။ facebook အတွက် reaction ကို မူရင်း Love reaction ရဲ့ အနောက်မှာ ထည့်ပေးမှာ ဖြစ်ပြီး Messenger အတွက်တော့ မူရင်း အသည်းနှလုံးပုံနေရာမှာ အစားထိုးပြီး ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
အဆိုပါ Reaction နှစ်ခုလုံးကို နောက်တစ်ပတ်အတွင်းမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုလို့ ရမယ်လို့ ဆိုပါတယ်။