This post is also available in: English
Facebook ဟာ Video Conferencing လောကမှာ နေရာတစ်ခုရဖို့ Messenger Rooms ကို စတင်အသုံးပြုခွင့် ပေးလိုက်ပါပြီ။ ဒီတော့ Messenger Rooms နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေကို စုစည်းပေးလိုက်ပါတယ်။
- Messenger Rooms မှာ လူ အယောက် ၅၀ အထိ Video Call ကို တပြိုင်တည်း ပြုလုပ်နိုင်ပါတယ်။
- အချိန်ကန့်သတ်ချက် မရှိ အသုံးပြုနိုင်မှာပါ။
- သတိထားရမှာကတော့ Messenger Rooms ဟာ WhatsApp လို End to End Encryption မဟုတ်ပါဘူး။
- Messenger Rooms ကို စတင် ပြုလုပ်မယ့်သူဟာ facebook အကောင့် ရှိဖို့ လိုမှာ ဖြစ်ပေမယ့် Rooms ကို join မယ့်လူတွေက facebook အကောင့် ရှိဖို့ မလိုပါဘူး။
- Messenger Rooms ကို စတင်ဖို့ Facebook ကနေဆိုရင် Newsfeed, Groups တွေနဲ့ Events တွေကနေ စတင်နိုင်ပြီး Rooms ကို join နိုင်ဖို့ လင့်ခ်ကို ရှဲပေးရမှာပါ။
- Messenger app ကနေဆိုရင် People tab ကို သွားပြီး Create a room ကို နှိပ်ပါ။
- Rooms ကို စတင်တဲ့လူက မိမိပြုလုပ်ထားတဲ့ Room ကို Lock လုပ်ထားနိုင်သလို join ထားတဲ့ လူတွေကိုလည်း ထုတ်ပယ်နိုင်မှာပါ။
- လောလောဆယ် messenger rooms အတွက် password ခံထားနိုင်မယ့် လုပ်ဆောင်ချက် မပါရှိသေးပါဘူး။
- သိပ်မကြာခင်မှာ Messenger Rooms ကို Instagram နဲ့ Whatsapp မှာပါ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
COVID-19 ကြောင့် Video Conferencing app တွေရဲ့ အခန်းကဏ္ဏဟာ အရေးကြီးတဲ့နေရာကို ရောက်ရှိလာပါတယ်။ Video Conferencing app တစ်ခုဖြစ်တဲ့ Zoom ဟာ နေ့စဉ် အသုံးပြုသူ သန်း ၃၀၀ အထိ ရောက်ရှိလာပြီး Google အနေနဲ့လည်း မကြာသေးခင်က Google Meet ကို အခမဲ့ အသုံးပြုခွင့် ပေးခဲ့ပါတယ်။