Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Microsoft

တစ်တော့ကို ဝယ်ယူမည့် မိုက်ကရိုဆော့၏ အစီအစဉ် ဆိုင်းငံ့

idigital news by idigital news
August 2, 2020 - Updated on November 26, 2020
Reading Time: 1 min read
Image- The Verge

Image- The Verge

This post is also available in: English

သောကြာနေ့က အမေရိကန်သမ္မတ ထရမ့်က တစ်တော့ကို အမေရိကန်မှာ ပိတ်ပင်တော့မယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ မိုက်ကရိုဆော့ဖ်နဲ့ တစ်တော့ကြားက အရောင်းအဝယ် ပြောဆိုမှုတွေဟာ ဆိုင်းငံ့သွားခဲ့ပါတယ်။ နှစ်ဖက်စလုံးက သမ္မတ ထရမ့်ရဲ့ ရပ်တည်မှုနဲ့ တစ်တော့အပေါ် ချမှတ်မယ့် လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေခဲ့ကြတာပါ။

“တစ်တော့နဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ တစ်တော့ကို အမေရိကန်နိုင်ငံမှာ ပိတ်ပင်သွားမှာပါ။” 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

သမ္မတ ထရမ့်ဟာ ဒီလုပ်ဆောင်ချက် အသက်ဝင်ဖို့ စာရွက်စာတမ်းတွေကို စနေနေ့မှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့ Bloomberg က ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

Tik Tok, Viva Video, Mi Video အပါအဝင်တရုတ် applications ၅၉ ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

ဖုန်းမှာ copy ကူးထားတဲ့ အကြောင်းအရာတွေကို ရယူနေတဲ့ Tik Tok

သမ္မတထရမ့်ရဲ့ မှတ်ချက်မတိုင်ခင်မှာ မိုက်ကရိုဆော့ဟာ တစ်တော့ကို ဝယ်ယူဖို့ တစ်တော့ရဲ့ မူရင်းကုမ္ပဏီ ByteDance နဲ့ စကားပြောဆိုထားတာပါ။ ထရမ့်ရဲ့ မှတ်ချက်အပြီးမှာ တစ်တော့က အမေရိကန်အတွက် အလုပ်အကိုင် တစ်သောင်းကျော်ကို ဖော်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပါတယ်။ ဒီအရောင်းအဝယ်ကို ဘယ်လောက်ကြာအောင် ဆိုင်းငံ့ထားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ByteDance အနေနဲ့ ပိတ်ပင်မှုတွေ ဖြစ်မလာဖို့ တစ်တော့ရဲ့ အမေရိကန်လုပ်ငန်းလည်ပတ်မှုတွေကို ရောင်းချဖို့ သဘောတူထားပြီး မိုက်ကရိုဆော့အနေနဲ့ အမေရိကန်ရဲ့ သုံးစွဲသူအချက်အလက်တွေကို အပြည့်အဝ ကာကွယ်ဖို့ တာဝန်ယူမှာ ဖြစ်တယ်လို့ ရိုက်တာက သတင်းမှာ ဖော်ပြထားပါတယ်။

တစ်တော့ရဲ့ အမေရိကန်နိုင်ငံ အထွေထွေမန်နေဂျာ Vanessa Pappas က ” ကျွန်မတို့အနေနဲ့ ဘယ်ကိုမှ​သွားဖို့ မစီစဉ်ထားပါဘူး။ ကုမ္ပဏီက ဒီမှာ အချိန်အကြာကြီး ရပ်တည်နေမှာပါ” လို့ စနေနေ့က ဗီဒီယိုတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။

@tiktok

A message to the TikTok community.♬ original sound – tiktok

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Editors’ Picks

Tik Tok, Viva Video, Mi Video အပါအဝင်တရုတ် applications ၅၉ ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

June 30, 2020 - Updated on November 26, 2020
Editors’ Picks

ဖုန်းမှာ copy ကူးထားတဲ့ အကြောင်းအရာတွေကို ရယူနေတဲ့ Tik Tok

June 28, 2020 - Updated on November 26, 2020
Microsoft

တကမ္ဘာလုံးက Retail Store တွေကို ပိတ်တော့မယ့် Microsoft

June 27, 2020 - Updated on November 26, 2020
Next Post
Google Lens solves math equations

သင်္ချာပုစ္စာတွေကို အဖြေရှာပေးနိုင်ပြီဖြစ်တဲ့ Google Lens

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist