မာ့ခ်ဇူကာဘတ်ရဲ့ Meta ဟာ Twitter ကို ယှဉ်ဖိုက်ဖို့အတွက် Threads ဆိုတဲ့ မိုဘိုင်း app ကို ဒီနေ့ပဲ အသုံးပြုခွင့်ပေးလိုက်ပါပြီ။
ကျွန်တော်တို့ IDigital News ကိုလည်း Threads မှာ Follow လုပ်ထားနိုင်ပါပြီ။
https://www.threads.net/@idigital_news
Meta ဟာ လူမှုကွန်ယက်နက်ဝက်ဖြစ်တဲ့ Facebook နဲ့ ဓါတ်ပုံတွေ အဓိက မျှဝေတဲ့ Instagram တို့အပြင် Twitter လို စာသားတွေ အဓိကတင်နိုင်မယ့် Text-based လူမှုကွန်ယက်နက်ဝက် ” Threads ” ကို ဒီနေ့ ထုတ်ပေးလိုက်ပါပြီ။
Threads ရဲ့ Logo ဟာ မြန်မာလို ခြ နဲ့ ဆင်တူတာကြောင့် မြန်မာအသိုင်းအဝိုင်းကြားမှာတော့ ” ခြ ” လို့ ခေါ်ဝေါ်နေကြပါပြီ။
” ခြ ” app ဟာ Twitter ရဲ့ ပို့စ်အရေအတွက် ကန့်သတ်ချက်အပြီးမှာ အချိန်ကိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Twitter ကို ယှဉ်ဖိုက်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ Threads က Twitter နဲ့ ဘာတွေ ကွာခြားမလဲ ကြည့်ကြည့်ရအောင်ပါ။
- Twitter ရဲ့ ပို့စ်အရေအတွက် ကန့်သတ်ချက်လိုမျိုး Threads မှာ မရှိပါဘူး။
- Threads ကို အသုံးပြုဖို့ Instagram အကောင့်တစ်ခု ရှိဖို့ လိုပါတယ်။
- Threads ဟာ mobile app အနေနဲ့ပဲ အသုံးပြုလို့ ရပါသေးတယ်။
- Threads မှာ စာလုံးရေ ၅၀၀ အထိ အသုံးပြုလို့ရပြီး Twitter မှာ verified မဟုတ်ရင် စာလုံးရေ ၂၈၀ သာ အသုံးပြုလို့ ရပါတယ်။
- Threads မှာ လတ်တလောအနေနဲ့ ကြော်ငြာတွေ မရှိသေးပါဘူး။
- Threads မှာ တခြား လူမှုကွန်ယက်တွေလို hashtag အသုံးပြုလို့ မရသေးပါဘူး။ Hashtag မရတဲ့အတွက် Trending လည်း မပါသေးပါဘူး။