Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Social Media Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

idigital news by idigital news
November 14, 2022
Reading Time: 1 min read

Twitter ဟာ Social Platform တွေများစွာထဲကမှ နိုင်ငံရေးသမားတွေ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးနီးပါး အသုံးပြုကြတဲ့ Platform တစ်ခုပါ။မြန်မာ့နွေဦးတော်လှန်ရေးမှာတောင် Twitter ပေါ်မှာ အရှိန်အဟုန်နဲ့ အားလုံးပါဝင်ခဲ့ကြပြီး သတင်းအချက်အလက်စီးဆင်းဖို့ အတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့၊ခုချိန်ထိပါဝင်နေဆဲ Social Media ဖြစ်ပါတယ်။အဲ့လောက်ထိ အရေးပါတဲ့ Twitter ဟာ ပိုင်ရှင်အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။

ခုလက်ရှိ Twitter ရဲ့ပိုင်ရှင်ကတော့ Tesla,Space X တို့ကိုပိုင်ဆိုင်တဲ့ Elon Musk ပါ။ Elon ဟာ Twitter ကိုပိုင်ဆိုင်ပြီး သုံးရက်အတွင်းမှာပဲ ပြောင်းလဲမှုတွေအများကြီးကို ဆက်တိုက်လုပ်ခဲ့ပြီး ကောင်းတဲ့အပြောင်းအလဲတော့ ခုချိန်ထိမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ဌက်ပြာလေးမှ X သို့

ပထမဆုံး ပြောင်းလိုက်တာကတော့ Twitter ကနေ Log out သွားတဲ့ User တွေ Twitter.com ကိုသွားရင် အရင်လို Account Log In မဝင်ခိုင်းတော့ပဲ Explore Page ကိုချက်ချင်းပြတော့မယ့် Function ပါ။ဒီလိုလုပ်လိုက်တာကြောင့် User တွေဟာ Sign In ဝင်စရာမလိုပဲ Trending ဖြစ်နေတဲ့သတင်းတွေကို ချက်ချင်းကြည့်နိုင်ပါတယ်။

နောက်တစ်ခုက Verification Process ကိုလုံးဝအသစ်ပြောင်းပစ်လိုက်ပြီး Twitter Blue Subscription ကိုဈေးအများကြီးတင်လိုက်တာဖြစ်ပါတယ်။ Twitter Blue Subscription ဆိုတာတော့ မနှစ်ကစထုတ်ခဲ့တဲ့ Paid Twitter Subscription ဖြစ်ပြီး User တွေဟာ Ads-free အသုံးပြုနိုင်တာတွေ၊ Home Screen အရောင်ကို စိတ်ကြိုက်အရောင်ပြောင်းသုံးနိုင်တာတွေနဲ့ ပုံမှန် Version မှာလုပ်မရတဲ့ တခြား Function တွေ အများကြီးပါဝင်ပါတယ်။

အရင်တုန်းက တစ်လကို 4.99 ဒေါ်လာပဲပေးခဲ့ရပေမဲ့ ခုတော့ 19.99 ဒေါ်လာထိတောင် တိုးတောင်းဖို့ စီစဥ်နေတာပါ။ User တွေဟာ ရက် ၉၀ အတွင်းကျသင့်ငွေကို မပေးဆောင်ရင် Blue mark ပြုတ်ပြီး သာမန် Account ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ဒီလုပ်ဆောင်ချက်က မြန်မာပြည်မှာလို ပုံမှန်အသုံးပြုကြတဲ့ User တွေအတွက် သက်ရောက်မှုရှိမှာမဟုတ်ပဲ Blue Mark နဲ့ Verified လုပ်ထားတဲ့ account တွေအပေါ်သာ သက်ရောက်မှာမလို့ လက်ရှိသုံးနေတဲ့ Account တွေကိုတော့ ပုံမှန်အတိုင်းပဲဆက်သုံးနိုင်ပါတယ်။

အဲ့ဒီ Function ကို နိုဝင်ဘာလ ၇ ရက်နေ့မှာရအောင်လုပ်ခိုင်းထားပြီး မလုပ်နိုင်တဲ့ဝန်ထမ်းကိုလည်း အလုပ်ဖြုတ်ပစ်မှာပါ။ Twitter ကဝန်ထမ်းတော်တော်များများနေရာမှာ Tesla ကအင်ဂျင်နီယာတွေကို အစားထိုးထားပြီး  တခြားဖြုတ်ပစ်မယ့်ဝန်ထမ်းစာရင်းတွေကိုလည်း သက်ဆိုင်ရာမန်နေဂျာတွေကို ပြုစုခိုင်းထားတယ်လို့သိရပါတယ်။

Twitter ဟာ Elon လက်ထဲရောက်တဲ့ရက်ပိုင်းအတွင်းကို လုံးဝကမောက်ကမဖြစ်သွားတာ‌ တွေ့ရပါတယ်။ရက်ပိုင်းအတွင်းမှာ Twitter မသုံးတော့သူတွေများပြားလာပြီး လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေ အသုံးပြုမှုလည်း အများကြီးထိုးတက်လာလို့ တချို့နာမည်ကြီးတွေကပါ shock ရတယ်လို့ ထုတ်ပြောရတဲ့အခြေအနေထိပါရောက်လာခဲ့ပါပြီ။ အရင်တုန်းက Twitter ပေါ်ကနေ Ban ထားတဲ့ Donald Trump တို့လိုပုဂ္ဂိုလ်တွေလည်း ပြန်ရောက်လာနိုင်ခြေရှိနေတာကြောင့် နယ်ပယ်အသီးသီးက ကျွမ်းကျင်သူပေါင်းများစွာ အသုံးပြုနေကြတဲ့ Twitter ရဲ့အနာဂတ် Elon လက်ထဲမှာဘာဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Tags: Elon Musk TwitterTwitter
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
San Francisco, California, United States - 07.24.2023 -
Twitter

Twitter ဌက်ပြာလေးမှ X သို့

July 29, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.