လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ အခုဆိုရင် ဆန္ဒပြမှုတွေကနေ စတိုးဆိုင်တွေကို ဖောက်ပြီး ပစ္စည်းတွေယူတာမျိုးတွေထိ ဖြစ်နေပြီး တန်ဖိုးကြီး ပစ္စည်းအရောင်းဆိုင်တွေဟာ ခိုးယူသူတွေအတွက် ပစ်မှတ်တစ်ခု ဖြစ်လာပါတယ်။ ဒီဆိုင်တွေထဲမှာ Apple စတိုးတွေလည်း ပါဝင်ပြီး တန်ဖိုးကြီး အိုင်ဖုန်းတွေကို လုယူခံနေရပါတယ်။
Apple စတိုးတွေဟာ COVID-19 ကြောင့် ပိတ်ထားရပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်တာ မကြာသေးပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ဆန္ဒပြမှုတွေကြောင့် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး ပြန်ပိတ်ထားရပါတယ်။ ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်မြို့တွေက Apple Store တွေ ဖျက်ဆီးခံရပြီး အိုင်ဖုန်းတွေကို လုယူခံရတာ ဖြစ်ပါတယ်။
Apple store in Portland being looted during protest pic.twitter.com/GqmGCOqRkt
— Zane Sparling (@PDXzane) May 30, 2020
ဒါပေမယ့် Apple အနေနဲ့ လုယူခံရတဲ့ ဖုန်းတွေမှာ လှုပ်ရှားမှုကို သိရှိနိုင်မယ့် Proximity ဆင်ဆာ ပါရှိပြီး လုယူခံရတာနဲ့ တပြိုင်နက် ဖုန်းကို disabled လုပ်ပြီး ဖုန်းရဲ့ တည်နေရာကို ရဲစခန်းကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ အောက်ကပုံမှာတော့ လုယူခံရတဲ့ ဖုန်းတစ်လုံးဟာ disabled ဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားပြီး ဖြစ်ကြောင်း သတိပေးထားတဲ့ အကြောင်းကြားစာရရှိတဲ့ပုံကို twitter မှာ မျှဝေထားကြတာ ဖြစ်ပါတယ်။
Nah son I swear to god I’d be heated 😭😭😭 pic.twitter.com/RoFxHV1lLm
— josh (apex male) (@onlyfanobtainer) May 31, 2020