This post is also available in:
UPDATE (8:53 SGT): အခုချိန်မှာတော့ Google Services အားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ ယူဆရပါတယ်။ စစချင်း Report လုပ်တဲ့ အချိန်ကနေ ၄၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပါတယ်။ တစ်ချို့လူတွေအတွက်တော့ မိမိတို့ရဲ့ အကောင့်တွေကို Log In ပြန်ဝင်ဖို့ လိုအပ်ပါလိမ့်မယ်။
Original Report
ဟုတ်ပါတယ်။ ဒါက သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ပါဘူး။ Gmail, Google Drive, YouTube အပါအဝင် Google Services အားလုံးကို အခုအချိန်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုလို့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။
Google ဟာ လွန်ခဲ့တဲ့ ဩဂုတ်လတုန်းကလည်း အခုလို ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသေးတယ်။ အခုဆိုရင် လူပေါင်း သန်းနှစ်ထောင်လောက်ဟာ သူတို့ရဲ့ အီးမေးလ်တွေ၊ စာရွက်စာတန်းတွေကို အသုံးပြုလို့ မရလို့ အခက်အခဲတွေ ကြုံနေရပါတယ်။
ကျွန်တော်တို့ ဒီပို့စ်မှာ နောက်ဆုံးရ အခြေအနေတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။