Google အနေနဲ့ Video Conferencing platform မှာ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Google Meet ကို ဖရီးအသုံးပြုခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ယခင်က Google Meet ဟာ လုပ်ငန်းသုံး Gsuite users တွေအတွက်သာ ဖြစ်ပြီး Free user တွေအတွက်တော့ Meeting ကို Host လုပ်လို့ မရခဲ့ပါဘူး။
Pandemic ကာလအတွင်းမှာ Video Conferencing နည်းပညာဟာ မရှိမဖြစ် နည်းပညာ တစ်ခု ဖြစ်လာပါတယ်။ မကြာသေးမီက Facebook က Messenger Room ကို ကြေညာခဲ့ပြီး Google အနေနဲ့လည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Google Meet ကို အသုံးပြုဖို့ Google Account ရှိဖို့ လိုအပ်မှာ ဖြစ်ပြီး ဒီအချက်က ပြိုင်ဘက် Zoom နဲ့ အဓိက ခြားနားချက် ဖြစ်လာမှာပါ။ Google အနေနဲ့ ခန့်မှန်းရခက်ခဲတဲ့ Meeting code တွေကို အသုံးပြုထားရုံမကပဲ Google Meet ဟာ Browser ပေါ်က အသုံးပြုရတာ ဖြစ်တဲ့အတွက် အသုံးပြုသူတွေအတွက် ပိုမိုလုံခြုံစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်က Zoom ရဲ့ လူကြိုက်များတဲ့ Gallery View ကိုလည်း Google Meet မှာ ထည့်သွင်းပေးခဲ့ပါတယ်။
Google Meet ကို စက်တင်ဘာ ၃၀ ရက်အထိ ကန့်သတ်ချက်တွေ မရှိပဲ အခမဲ့အသုံးပြုလို့ ရမှာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းမှာတော့ မိနစ် ၆၀ အခမဲ့ အသုံးပြုလို့ ရမှာပါ။ Google Meet ကို အသုံးပြုမယ်ဆိုရင် meet.google.com မှာ မိမိရဲ့ google account နဲ့ ဝင်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။