အလုပ်အကိုင်ရှာဖွေရေး website တစ်ခုဖြစ်တဲ့ Myanmar JobLink မှ မှတ်ပုံတင်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို Website ၏ အားနည်းချက်ကြောင့် Unknown Tinkers အဖွဲ့မှ ရရှိထားကြောင်း ကြေညာထားသည်။ အဆိုပါ website ၏ အားနည်းချက်ကို Unknown Tinkers အဖွဲ့မှ Website ပိုင်ရှင်ကို အကြောင်းကြားခဲ့သော်လည်း ပြန်လည် အသိအမှတ်မပြုပဲ မိမိဘာသာ အားနည်းချက်ကို တိတ်တဆိတ် ပြုပြင်သွားခဲ့သည်။ ထို့ကြောင့် တစ်ရက်နှစ်ရက် စောင့်ဆိုင်းပြီး တစ်စုံတစ်ရာ အသိအမှတ်ပြုမှု မရှိပါက ရရှိထားသော အချက်အလက်များကို Public သို့ ချပြသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
Unknown Tinkers အဖွဲ့အနေဖြင့် မကြာသေးခင်အချိန်ကလည်း Jobmedia မြန်မာအလုပ်အကိုင်ရှာဖွေရေး website မှ အချက်အလက်များကို ချပြခဲ့ဖူးသေးသည်။
မြန်မာ website များအနေဖြင့် လုံခြုံရေးအပိုင်းကို တင်းတင်းကြပ်ကြပ် ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပြီး ပေါက်ကြားသွားသည့် ကိုယ်ရေးအချက်အလက်များအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လည်း လိုအပ်သည်။