Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

ဖုန်းနဲ့ ဓါတ်ပုံပြင်ဖို့ ဆော့ဖ်ဝဲကောင်းများ

idigital news by idigital news
May 28, 2020 - Updated on March 6, 2022
Reading Time: 3 mins read

မိုဘိုင်းဖုန်းတွေ တွင်ကျယ်လာတဲ့နောက်မှာ ဖုန်းနဲ့ပဲ ဓါတ်ပုံပြင်ဖို့ အစွမ်းထက်တဲ့ ဆော့ဖ်ဝဲတွေလည်း အများအပြားဖြစ်လာပါတယ်။ တစ်ချိန်က အစွမ်းထက်တဲ့ ဓါတ်ပုံပြုပြင်ဆော့ဖ်ဝဲတွေက ကွန်ပျူတာတွေမှာသာ အသုံးပြုနိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ဖုန်းကင်မရာတွေလည်း အစွမ်းထက်လာသလို ရိုက်ထားတဲ့ ပုံတွေကိုလည်း ဖုန်းထဲမှာပဲ တိုက်ရိုက် ပြုပြင်လာနိုင်ပါပြီ။ အစွမ်းထက်ပြီး အသုံးဝင်တဲ့ app တွေ အများကြီး ထဲက ဒီ app တွေကို ရွေးချယ်ပေးချင်ပါတယ်။

  1. Snapseed – Free
  2. Adobe Lightroom – Free
  3. VSCO – Free
  4. Lens Distortions – Free
  5. Retouch – $2

1. Snapseed

Snapseed ကို Google က ထုတ်လုပ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်။ ဒီနောက်ပိုင်းမှာ အများစု အသုံးပြုလာကြတဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ ဓါတ်ပုံပြင်ဖို့ feature စုံစုံလင်လင် ပါဝင်ပြီး ကိုယ် ဉာဏ်ကွန့်မြူးရင် ကွန့်မြူးနိုင်သလောက် ဓါတ်ပုံကောင်းကောင်းလေးတွေအဖြစ် အသွင်ပြောင်းနိုင်မှာပါ။ အခုဆို ဖုန်းကင်မရာတွေလည်း RAW format နဲ့ ရိုက်လို့ ရလာပြီဖြစ်ပြီး snapseed က RAW format ကို ပြုပြင်ပေးနိုင်ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Android Download
iOS Download

2. Adobe Lightroom

Snapseed လို လူသုံးများတဲ့ app နောက်တစ်ခုက Adobe ရဲ့ Lightroom ပါ။ တစ်ချိန်က ဓါတ်ပုံပြင်မယ်ဆို Adobe ရဲ့ Photoshop ကိုသာ အားလုံးနီးပါးက သုံးခဲ့ကြရတာပါ။ Adobe က Lightroom ကို ထပ်မံထုတ်ခဲ့ပြီး ဖုန်းမှာပါ Lightroom ကို အသုံးပြုနိုင်ပါတယ်။ Snapseed လိုပဲ RAW format ကို ထောက်ပံ့ပေးထားပြီး exposure adjustment တွေ၊ Presets တွေ၊ color adjustment တွေလည်း သုံးလို့ ရမှာ ဖြစ်ပါတယ်။ Lightroom Mobile အတွက် လူသိနည်းတဲ့ အချက်က ဓါတ်ပုံပြုပြင်တာအပြင် Lightroom ရဲ့ built in camera က default camera ထက် feature ပိုစုံတာကို တွေ့ရမှာပါ။

Android Download
iOS Download

3. VSCO

VSCO ကတော့ သူ့မှာ ပါဝင်တဲ့ filter ပေါင်းများစွာကြောင့် နာမည်ကြီးပါတယ်။ free ရနိုင်တဲ့ filter တွေအပြင် ထပ်ဝယ်နိုင်တဲ့ filter တွေလည်း အများအပြား ရှိပါတယ်။ အသင့်ပါတဲ့ filter တွေကို သုံးနိုင်တဲ့အပြင် exposure, color enhancement, temperature, frame စသဖြင့် ထပ်ပြီးလည်း ချိန်ညှိနိုင်ပါသေးတယ်။

Android Download
iOS Download

4. Lens Distortions

Lens Distortions ကတော့ လူသိနည်းဦးမယ်ထင်တယ်။ သူက ဓါတ်ပုံတွေမှာ အလင်းတန်းလေးတွေ ထည့်တာ၊ မြူခိုးတွေ ထည့်တာ၊ နှင်းတွေထည့်တာတွေကို သဘာဝကျကျဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ အမျိုးအစားတစ်ခုအတွက် ငါးခုစီ အခမဲ့ အသုံးပြုနိုင်ပါတယ်။

Android Download
iOS Download

5. Retouch

တခါတလေ ဓါတ်ပုံတွေထဲမှာ ကိုယ်မလိုချင်တဲ့ အရာဝတ္တုတွေ၊ လူတွေ ကန့်လန့်ကန့်လန့် ပါလာတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါတွေဖယ်ထုတ်ဖို့ တခါတလေကျ အတော်လေး လက်ပေါက်ကပ်ပါတယ်။ Retouch က အဲ့လိုမျိုးတွေကို ဖယ်ထုတ်ဖို့ အလွယ်တကူအသုံးပြုနိုင်မှာပါ။ Retouch က အခမဲ့တော့ မရပါဘူး။ ၂ ဒေါ်လာပတ်ဝန်းကျင်လောက် (မြန်မာငွေနဲ့ ၃၀၀၀ ကျပ်ဝန်းကျင်) နဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့က သုံးထောင်နဲ့ တန်တယ်လို့ ယူဆပါတယ်။ ကိုယ့်အတွက် ၃၀၀၀ က အပန်းမကြီးရင် ဝယ်ပြီး စမ်းကြည့်သင့်ပါတယ်။

Android Download
iOS Purchase
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Top 4 Budget Smartphones in 2020

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.