Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

OPPO က ဥရောပဈေးကွက်ကို ချဲ့ထွင်ဖို့ Vodafone နဲ့ စာချုပ်ချုပ်

by idigital news
May 26, 2020 - Updated on March 6, 2022
Reading Time: 1 min read

OPPO နှင့် Vodafone သည် ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ကာ OPPO ၏ ထုတ်ကုန် အမျိုးမျိုးကို Vodafone ၏ ဥရောပစျေးကွက်တွင် ဖြန့်ချိရန် ပူးပေါင်းလုပ်ဆောင်မှုသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ သဘောတူညီချက်အရ Vodafone ၏ အရောင်းဆိုင်များ၊ အွန်လိုင်းစတိုးများတွင် OPPO A series, Reno series နှင့် Find X series စသည်ဖြင့် တန်ဖိုးသင့် စမတ်ဖုန်းများမှ စ၍ စျေးကွက်တွင် ဦးဆောင်လျက်ရှိသည့် 5G flagship စမတ်ဖုန်းများအထိ OPPO ၏ များပြားသော ထုတ်ကုန်အမျိုးမျိုးကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ပထမအဆင့်ပူးပေါင်းဆောင်ရွက်မှုတွင် Vodafone သည် OPPO ထုတ်ကုန်များကို ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများရှိ အရောင်းဆိုင်များတွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

OPPO ၏ ဥက္ကဌနှင့် နိုင်ငံတကာ အရောင်းဌာန၏ ဒုဥက္ကဌဖြစ်သူ Mr.Alen Wu က “OPPO ရဲ့ စျေးကွက်မှာ ဦးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေက 5G ခေတ်မှာ Vodafone အတွက် အခွင့်အရေးအသစ်တွေ ယူဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Vodafone ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆက်သွယ်ခြင်း” ဆိုတာဟာ OPPO Benfen ရဲ့ “လုပ်သင့်သော အလုပ်ကို လုပ်ကိုင်ရင်း ကောင်းမွန်သော တန်ဖိုးတို့ကိုသာ သုံးစွဲသူထံ ပေးရန်” ဆိုတဲ့ တန်ဖိုးထားတဲ့အချက်နှင့် ကိုက်ညီမှုရှိနေပါတယ်။ 5G ခေတ်မှာ Vodafone နဲ့အတူ နှစ်ဦးအကျိုးတူ ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင် ဆောင်ရွက်ရင်း သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

“OPPO ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ Vodafone ရဲ့ ခေတ်ရှေ့ပြေးတဲ့ Network တို့ ပူးပေါင်းမှုက သုံးစွဲသူတွေအတွက် 5G ရဲ့ စွမ်းဆောင်မှု အပြည့်အဝနဲ့အတူ ရွေးချယ်စရာတွေ ပိုများလာမှာပါ။ Vodafone နဲ့ OPPO တို့ ပူးပေါင်းခြင်းက OPPO ရဲ့ စွဲမက်ဖွယ် ထုတ်ကုန် ပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့ 5G ပိုင်း စွမ်းဆောင်ရည်အားတို့ကို ကျွန်တော်တို့ရဲ့ ဥရောပစျေးကွက်ကို ကျော်လွန်ပြီး နေရာအနှံကို ရောက်ရှိစေမှာပါ” ဟု Vodafone ၏ စီးပွား‌ရေး စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာဌာန ဥက္ကဌ Mr.Ahmed Essam က ပြောကြားခဲ့သည်။

OPPO သည် ကုန်ပစ္စည်းများကို ကိုယ်ပိုင်စက်ရုံများတွင် အဓိက ထုတ်လုပ်လျက်ရှိပြီး ကုန်ထုတ်လုပ်သော စက်ရုံအများစုမှာ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်သောကြောင့် Coronavirus ဖြစ်ပွားချိန်တွင်ပင် Vodafone အတွက် ထုတ်ကုန်များ ဆက်လက်ပံ့ပိုးပေးနိုင်ပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်စေသည်။ ယခု အရောင်းဆိုင်များ ခေတ္တနားထားသည့်အတွက် ကုမ္ပဏီ နှစ်ခုလုံးမှ အွန်လိုင်းမှ ရောင်းချခြင်းဖြင့် သုံးစွဲသူတို့အတွက် ဝန်ဆောင်မှုများ‌ပေးလျက်ရှိသည်။

မေလမှ စ၍ OPPO ၏ ထုတ်ကုန် Series များကို Vodafone မှ တစ်ဆင့် ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ အခြား နိုင်ငံများအတွက် ကုန်ပစ္စည်း ရရှိနိုင်မှုနှင့် ပတ်သက်၍ OPPO နှင့် Vodafone တို့မှ ထပ်မံ ကြေညာသွားမည်ဖြစ်သည်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

ဖုန်းနဲ့ ဓါတ်ပုံပြင်ဖို့ ဆော့ဖ်ဝဲကောင်းများ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version