Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Social Media Twitter

Twitter ဌက်ပြာလေးမှ X သို့

idigital news by idigital news
July 29, 2023
Reading Time: 2 mins read
San Francisco, California, United States - 07.24.2023 -

San Francisco, California, United States - 07.24.2023 -

Twitter app logo က ဒီနေ့ X logo အသစ်နဲ့ ဖြစ်သွားပါပြီ။

Twitter ကို X အဖြစ် လွန်ခဲ့တဲ့ရက်ပိုင်းက နာမည်ပြောင်းထားတာ သိကြမှာပါ။ Twitter ရဲ့ တရားဝင် twitter handle ကိုပါ @x အဖြစ် ပြောင်းထားပြီးတဲ့အပြင် x.com ဆိုတဲ့ domain ကို ဝင်လိုက်ရင် twitter.com ကို redirect လုပ်ပေးနေပါပြီ။

ဆက်စပ်သတင်းများ

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

ဒီနေ့မှာတော့ twitter ရဲ့ android နဲ့ ios apps logo တွေပါ X logo အသစ်နဲ့ ဖြစ်သွားပါပြီ။

Twitter ရဲ့ ပိုင်ရှင် Elon Musk ဟာ X အက္ခရာကို ကြိုက်နှစ်သက်တဲ့သူ ဖြစ်တဲ့အတွက် အခုလို နာမည်ပြောင်းခဲ့တာလား။ နောက်ကွယ်မှာ တခြားဘာအကြောင်းတွေ ရှိနေဦးမလဲ။

Elong Musk ဟာ သူ့ရဲ့ ပထမဆုံးလုပ်ငန်းဖြစ်တဲ့ Zip2 ကို Compaq Computer ထံ ရောင်းချခဲ့ပြီး one-stop ငွေကြေးလုပ်ငန်း x.com ကို တည်ထောင်ခဲ့ပါတယ်။ X.com မှာ ငွေကြေးနဲ့ပတ်သက်တဲ့ ဘဏ်အကောင့်တွေ၊ ငွေပေးချေမှုတွေ၊ ငွေချေးတာတွေနဲ့ ရင်းနှီးမြုပ်နှံတာတွေအကုန်လုံးကို one-stop တစ်နေရာတည်းမှာ အကုန်ရအောင် ဝန်ဆောင်မှု ပေးတာပါ။ အဲ့နောက်မှာ Confinity ဆိုတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး x.com ကနေ paypal ဖြစ်လာခဲ့ပါတယ်။

Elon Musk ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ Twitter ကို ဝယ်ယူပြီး မကြာခင်မှာပဲ Twitter ရုံးတွင်းပိုင်းက မူလအလုပ်လုပ်တဲ့ပုံစံတွေကို သူ့စိတ်ကြိုက်ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအများစုကိုလည်း အလုပ်ထုတ်ပယ်ခဲ့ပါတယ်။ အခုတော့ twitter ကနေ X အဖြစ် ပြောင်းလဲခဲ့ပါပြီ။ သူ့ရဲ့ မူလ X.com ကိုလည်း paypal ထံကနေ ပြန်လည် ဝယ်ယူလိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က X ကို Everything app အဖြစ် အသွင်ပြောင်းဖို့ပါပဲ။ Videos, Photos, Messaging, Payments နဲ့ တခြား ဝန်ဆောင်မှုတွေပါ ထပ်ပေါင်းထည့်ဖို့ ကြံစည်နေတာပါ။

Elon Musk ဟာ X အက္ခရာကို ကြိုက်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ တခြား လုပ်ငန်းတွေဖြစ်တဲ့ SpaceX, Tesla Model X တို့အပြင် သူ့သားနာမည်ကိုပါ X လို့ ပေးထားပါသေးတယ်။

Tags: XX.comတွစ်တာ
ShareTweetSharePin1Send

တခြား စိတ်ဝင်စားစရာ

Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Facebook

Facebook Followers အရေအတွက် မှားယွင်းပြသမှု ဖြစ်ပေါ်နေ

October 12, 2022
Editors’ Picks

Messenger ကနေ Login Alerts ပို့တာကို ရပ်တော့မယ့် Facebook

February 6, 2022 - Updated on March 3, 2022
Next Post

Apple Event 2023: iPhone 15, Titanium Frames, and USB-C Port - Watch Live!

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.