Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Apple

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

idigital news by idigital news
November 14, 2022
Reading Time: 1 min read

iPhone 14 Series ကိုပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းက စတင်မိတ်ဆက်ခဲ့တာကို အားလုံးသိကြမှာပါ။အပြောင်းအလဲတွေနဲ့အတူ iPhone 14 Pro Max မှာပါလာတဲ့ Dynamic Island ကတော့ အားလုံးကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ခုတော့ iPhone 14 Series ထွက်ထားတာမှ တစ်လလောက်ပဲရှိသေးချိန် iPhone 15 နဲ့ပတ်သက်တာတွေ ထပ်မံထွက်ပေါ်လာပါတယ်။

iPhone 15 ရဲ့ ဖြစ်နိုင်ဖွယ် ပုံ

LeaksApplePro ဆိုတဲ့ Twitter အကောင့်ကနေ Paid Article တစ်ခုနဲ့ iPhone 15 အကြောင်းတွေကို leak လုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ Article အရ 15 Series ဟာ နောက်ဆုံးထွက်ထားတဲ့ 14 နဲ့တင်မက 15 Model အချင်းချင်းမှာ‌တောင် ကွာဟမှုတော်တော်ကြီးမားမယ်လို့သိရပါတယ်။ Series ထဲမှာ iPhone 15,15 Plus,15 Pro နဲ့ 15 Ultra တို့ဆိုပြီး လေးမျိုးထွက်လာမှာပါ။ Pro Max နေရာမှာ Ultra ကိုအစားထိုးလိုက်တာဖြစ်ပြီး Model အကုန်လုံးမှာ Dynamic Island ပါလာမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

iPhone 15 with Type C

လက်ရှိ လူပြောအများဆုံးကတော့ iPhone 15 Ultra ပါ။ဘော်ဒီပိုင်းကို တိုက်တေနီယံကိုသုံးပေးထားမယ်လို့ သတင်းထွက်နေပြီး EU ရဲ့ကန့်သတ်မှုတွေကြောင့် ပထမဆုံးအနေနဲ့ Type-C အားသွင်းပေါက်ကိုပါ အသုံးပြုထားမယ်လို့သိရပါတယ်။15 Ultra တင်မကပဲ မော်ဒယ်အကုန်လုံးမှာ Type-C ပါလာမှာပါ။ဟိုးအရင်တုန်းက သတင်းထွက်ခဲ့သလိုမျိုး ဘာအပေါက်မှလုံးဝမပါပဲ Portless လုပ်ပစ်မယ့် အရိပ်အယောင်မျိုးတော့ မမြင်ရသေးပါဘူး။

ဖြစ်နိုင်ချေမရှိသေးတဲ့ အပေါက်လုံးဝမပါတဲ့ iPhone

နောက်ထပ် အပြောင်းအလဲကြီးကြီးမားမားကတော့ Front မှာ Camera နှစ်လုံးပါလာမှာဖြစ်ပြီး ဒါဟာ iPhone တွေထဲမှာ ပထမဆုံး Front Camera နှစ်လုံးပါလာတာဖြစ်ပါတယ်။ရှေ့ရော နောက်ရော ဘယ် Camera တွေကိုသုံးထားမလဲ ဘယ်လောက် Megapixels တွေပါမလဲဆိုတာတော့ မသိရသေးပါဘူး။ 15 Ultra မှာ A17 Chipset ကိုလည်း သုံးထားမယ့်အပြင် CPU တွေ RAM တွေလည်း အရင်ကထက်တိုးလာမယ်လို့သိရပါတယ်။

iPhone 15 possible concept

ဒါကတော့ လက်ရှိ leak လာတဲ့ iPhone 15 နဲ့ပတ်သက်သမျှအကြောင်းတွေဖြစ်ပါတယ်။ Tech Vlogger တွေကြား ဒီသတင်းက အရမ်း Hot နေပြီး 14 Series ကိုမဝယ်သင့်ပဲ 15 ကိုစောင့်သင့်တယ်လို့ အသံတွေပါထွက်လာကြပါတယ်။ဒါပေမဲ့ iPhone အသစ်တွေနဲ့ပတ်သက်လို့ Leak သမျှတွေကလည်း အကုန်မမှန်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ နောက်ပိုင်းဆက်ကြည့်ရမှာပါ။

Tags: iPhone 15 imagesiPhone 15 LeaksiPhone 15 Type C
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.