Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

[သူ့အတွေး သူ့အမြင်]အလိုတော်ရိ သတင်းပေး အထက်ဖား အောက်ဖိ တို့ရဲ့ နိဂုံး

idigital news by idigital news
May 4, 2021 - Updated on March 3, 2022
Reading Time: 1 min read

Vulnerable – ထိခိုက် ပျက်ဆီး အရိုက်ခံ အသတ်ခံရနိုင်တဲ့ category ဟာ တကယ်တန်း security မရှိတဲ့ category ပဲ။ ယနေ့ ဖြစ်စဉ်တိုင်းမှာ ခံရတဲ့လူတွေ အားလုံးဟာ National Security ပေးတဲ့ သူတွေက Human Security ပြန်မပေးပဲ သတ်ဖြတ်နေတဲ့ အဖြစ်မို့ .. ဘုမသိ ဘမသိမှန်သမျှ နဲ့ တွေ့ရင် အားလုံးလိုလိုဟာ Vulnerable Group ထဲပါတယ်။

အခု ရက်ပိုင်း အုပ်ကြီးတွေ နောက်ပြီး ဒလန်တွေ ခံရတဲ့ သတင်းတွေ ခဏခဏ Facebook မှာ တွေ့မိတယ်။ လူတွေကလည်း အုပ်ကြီးခံရလျှင် ဒလန်တွေခံရရင် ဖရဏာပီတိ ဂွမ်းဆီထိတဲ့ အတိုင်းပဲ။ ဒါနဲ့ ပတ်သက်တဲ့ ဥပမာပေးပြောရရင် .. ဟိုး ဘိုးဘွားတွေ ခေတ်က အင်္ဂလိပ် အလိုတော်ရိ ဂျပန် အလိုတော်ရိတွေအကြောင်းနဲ့ ခပ်ဆင်ဆင်တူနေတာကို မျက်လုံးထဲ မြင်ယောင်နေမိတယ်။

အင်္ဂလိပ် ကောင်းစားစဉ်ခေတ်က အင်္ဂလိပ်အလိုတော်ရိတွေ နဲ့ အရပ်ထဲ ရွာထဲက ဒလန်တွေဟာ ဂျပန်ဝင်လာတော့ .. သူတို့ကြောင့် အင်္ဂလိပ်ဆန့်ကျင်တဲ့အချိန် .. လက်တို့လို့ အဖမ်းခံရတဲ့သူတွေ အမတော်ကြေးလောက် ပြသနာတက်သူတွေဟာ .. ဒင်းတို့ကို ကင်ပေတိုင်နဲ့ ခေါင်းဖြတ်သတ်ခိုင်းမယ်ဆိုလို့ အားလုံးလိုလို ပုန်းရပြေးရတဲ့ အဖြစ်လို .. ဟော ဂျပန်ကို ဆော်လို့ မဟာမိတ်တပ် ဝင်လာတော့ .. အင်္ဂလိပ်စခန်းသိမ်းတိုက်တဲ့ ဒေသတွေမှန်သမျှက ဂျပန်အလိုတော်ရိတွေဟာ ပြေးရ ပုန်းရပြန်တယ်။ အများစုက အသတ်ခံရတယ်။ အဲဒီပြသနာဟာ မသေးဘူး။ တချို့ ချောလဲ ရောထိုင်တဲ့ ပုံစံ စစ်ဘေးကိုပြေးတဲ့သူတွေပမာ ကိုယ့်အကြောင်းလုံးဝ သိတဲ့သူမရှိတဲ့ တနယ်တကျေးကို ပြေးမှ လွတ်တယ်။ အဲဒီခေတ်က ဘာ Social Media မှ မရှိတော့ .. မန်းလေးကနေ စစ်ကိုင်းလောက်ပြေးလိုက်တာနဲ့ .. ပဲခူးကနေ .. မကွေးလောက်ပြေးလိုက်တာနဲ့ .. ဟိုနယ်က ဘယ်သူကမှ သူ့ကို မသိတော့ .. သူလို ကိုယ်လို စစ်ဘေးရှောင်ပမာ ဖာသိဖာသာနဲ့ နေကြ။ နောက်စစ်ကြီးပြီးတော့ ပြန်လာကြပေါ့။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

ပုံ – Shitty Artwork

သို့ပေမယ့် အခုခေတ်လို Social Media အားကောင်းတဲ့ ခေတ်ကြီးမှာ ဟိုလူက ဒလန် ဒလိမ့် အကုန်သိလာကြတော့ .. သတင်းပေးတို့ အုပ်ကြီးတို့ ဆိုတာ အလိုတော်ရိတွေ ပမာ စစ်အုပ်စု တပ်စွဲစဉ် အနိုင်ဖက်ကအထင်နဲ့ နေကြလိမ့်မယ်။ တကယ်တန်း သူတို့ကို ဘယ်သူကမှ 24/7 – ၂၄ နာရီ ၇ ရက်လုံးလုံး Human Security မပေးဘူးဆိုတာ မသိကြဘူး။ အကယ်၍သာ လတ်တလော ပြသနာဟာ ခံရတဲ့ဖက်ကို မျက်နှာသာပေးခဲ့လျှင် သွားပြီ။ အပေါ်ကပြောသလို .. မန်းလေးကနေ စစ်ကိုင်းလောက်ပြေးလိုက်တာနဲ့ .. ပဲခူးကနေ .. မကွေးလောက်ပြေးလိုက်တာနဲ့ ကိုယ့်ကို လူမသိတဲ့ အဖြစ်မျိုး မဟုတ်တော့ဘူး။ လူတိုင်း ကိုယ့်မျက်နှာကြီး သိတယ်။ အဲဒီအဖြစ်က မသေးဘူး။ ယနေ့ လူတကာ အမြင်ကတ်တဲ့ အနုပညာရှင် ဆိုတာတွေလည်း အတူတူပဲ။ လူအများစုက တချို့ဆို အစိမ်းလိုက် ဝါးချင်တဲ့ဟာတွေက တပုံကြီး။ သူတို့ကိုယ်တိုင် သူတို့မှာ Security မရှိမှန်းသိတယ်။ စစ်ကောင်စီဖက်က ဘက်တော်သားတွေလား .. အတူတူပဲ။ တဖက်နဲ့ တဖက် အကုန် အတူတူပဲ။ အနိုင်ကျင့်လို့ ရတဲ့ဖက်က လက်နက်နဲ့ အနိုင်ကျင့်နေပေမယ့် .. တနေ့ လိပ်ပြာလုံလုံနဲ့ လမ်းတကာ သွားနိုင်ဖို့ဟာ လူမိုက်စကားနဲ့ ပြောလျှင် ဘောင်ကျဉ်းလာတယ်။ သူတို့ကတော့ လက်နက်ကိုင်မို့ ထားပါ။ ဘာလက်နက်မှ မကိုင်တဲ့ ဒလန်တို့ အုပ်ကြီးတို့ ယနေ့ အချင်းချင်း အထက်ဖား အောက်ဖိလို့ တိုင်တာ တောတာ လူတကာ အမြင်ကတ်နေကြတဲ့ ဝန်ထမ်းကြီးငယ်လည်း အတူတူပဲ။ အဲဒီလူတွေ အားလုံးက တကယ်တန်း Human Security မရှိဘူးလို့ သူတို့ဖာသာ သူတို့ မသိကြဘူး။ ဟိုးတခေတ်ကလို ဆိတ်လစိဆန်ဆန် ပြေးကပ်တဲ့ အဖြစ်မျိုး အလွယ်လုပ်လို့ မရတော့ဘူး။ ခံထားရတဲ့သူတွေထဲ Disco Dancer ကြည့်ပြီး ကလော်ရကားကျော်ဟိန်းလို အပြတ်ကို လက်စားချေမယ် ကင်မယ် ဖုတ်မယ် ဆိုတဲ့သူတွေ မနည်းလောက်ဖူး။ ဟာ .. မြန်မာလူမျိုးဟာ အမှတ်သည်းခြေ မရှိပါဘူး .. ခဏနေ လျှောသွားတတ်တယ် ဆိုတဲ့ အဖြစ်မျိုး ယေဘူယျဆန်ဆန် သုံးသပ်လို့ မရဘူး။ ပေဖြစ်တုန်း အထုခံထားရချိန် အသာလေး မျှောနေပေမယ့် တူဖြစ်တဲ့ အချိန် အထုခံရမယ့် နေ့ဟာ မလာဘူး မပြောနိုင်။ ဆွမ်းကြီးလောင်းတတ်တဲ့ ဗီဇကြီးလို့ တခုခုဆို ဝိုင်းဆွမ်းကြီးလောင်းကြမယ်။

အဲဒီတော့ ဒလန်တွေ သတင်းပေးတွေ အတို့အထောင်တွေ နဲ့ ဝန်ထမ်းတွေထဲက အထက်ဖား အောက်ဖိတွေလည်း ကိုယ့်ဖာသာ ကိုယ်စဉ်းစားထားသင့်တယ်။ ဒီလိုပြောတာ ချိန်းခြောက်တာ မဟုတ်ဘူး .. ငါတို့လုပ်ရပ်အတွက် Human Security ဘယ်လောက်ရှိလဲဆိုတာ ကိုယ့်ဖာသာ မေးဖို့လိုတယ်။ ငါ့ကို ဘေးကနေ လက်နက်ကိုင်ပြီး လာစောင့်ပေးကြမလားဆိုတာလည်း သုံးသပ်ဖို့လိုတယ်။ နို့မို့ဆို ဘာမှ အတို့အထောင်တို့ သတင်းပေး ဘာညာ မလုပ်တာ အကောင်းဆုံး။ တခုခုဆို ဟိုး ဂျပန်ခေတ်ကလို ပြေးလို့ မရဖြစ်တတ်တယ်။ လူတိုင်းလိုလိုဟာ ဒီအချိန်မှာ Vulnerable – ထိခိုက် ပျက်ဆီး အရိုက်ခံ အသတ်ခံရနိုင်တဲ့ category ထဲမှာပါတယ် .. သို့ပေမယ့် Human Security မရှိပဲ အလိုတော်ရိ သတင်းပေး အထက်ဖား အောက်ဖိ မျက်နှာသာရမလားဆိုတဲ့ပုံတွေနဲ့ သွားမလုပ်ပါနဲ့။ မတွေးဝံ့စရာ ဘဝနိဂုံးဖြစ်တတ်တယ်။ ဂျပန်ခေတ်နဲ့ Social Media ခေတ်က မတူဘူး။

I am just reporting ပါ။

Source: Myo Han Htun
Via: Myo Han Htun
Tags: ဒလန်လုံခြုံရေးသတင်းပေးအတွေးအမြင်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Next Post

နွေဦးတော်လှန်ရေး Rock သီချင်းများ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.