ဖေဖော်ဝါရီလ (၁) ရက်နေ့ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာပြည်သူတွေ အမှောင်ထဲရောက် လမ်းပျောက်ခဲ့ရတယ်။ စစ်တပ်ရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို မခံမရပ်နိုင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းလမ်းကနေ တစ်ဆင့်တက်ပြီး လက်နက်ကိုင် တော်လှန်ရေးအထိ အရှိန်မြှင့်တင်လာခဲ့ပြီ။
အားလုံး သိကြပြီးတဲ့အတိုင်းပဲ လက်နက်ကိုင် တော်လှန်ရေးဟာ လူငယ်တွေရဲ့ အသက်သွေးချွေးတွေနဲ့ အရင်းပြုပြီး ကြံ့ကြံ့ခံတွန်းလှန်လာခဲ့တာ လပေါင်း အတော်ကြာခဲ့ပါပြီ။ လက်နက်ကိုင် တော်လှန်ရေးတို့ ထုံးစံအတိုင်းပဲ တော်လှန်ရေးအင်အားစုတိုင်းအတွက် လက်နက်၊ ကျည် ရရှိဖို့က အစ စခန်းချနေထိုင်ဖို့ လေ့ကျင့်ဖို့၊ စားသောက်စားရိတ်အဆုံး ငွေကြေးများစွာ လိုအပ်လျက်ရှိပါတယ်။
ကိုဗစ်ရောဂါပိုး နှိပ်စက်မှုကြောင့်ရော၊ အာဏာရူးတစ်သိုက်ကြောင့်ရော ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းလာကြတာလည်း မျက်မြင်ပါပဲ။ ဒါပေမယ့် တစ်ရက်ကို နာရီဝက်၊ တစ်နာရီလောက် အချိန်ပေးရုံနဲ့ တော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်လို့ ရတဲ့ နည်းလမ်းတွေလည်း ရှိလာကြပါပြီ။ Click2Donate, Tha Din လို App တွေ၊ လင့်ခ်တွေ ကလစ်တာတွေ၊ အချိန်ခဏလေး ပေးရုံနဲ့ တော်လှန်ရေးအတွက် အများကြီး အကျိုးရှိစေပါတယ်။
Click2Donate App အသုံးပြုနည်း
Tha Din App အသုံးပြုနည်း

အခုဆိုရင် ဂိမ်းကစားရုံနဲ့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်လို့ ရနေပါပြီ။ ဒီနည်းလမ်းတွေက ကိုယ့်အိမ်ထဲကနေ အန္တရာယ်မများပဲ ငွေကုန်ကြေးကျ နည်းနည်းနဲ့ တော်လှန်ရေးအတွက် အများကြီး အကျိုးရှိတဲ့ နည်းလမ်းတွေ ဖြစ်လို့ လူတိုင်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
Website မှ ဝင် ကစားရန်
App Download ပြီး ကစားရန်
Cat Rescue![]()
Play Store မှဒေါင်းလုပ် လုပ်ရန်လင့် – https://bit.ly/35Fdqx0
Play Store မရှိသူများ ဒီလင့်မှာဒေါင်းပါ – https://bit.ly/3HlasLR
Nway Oo Candy![]()
![]()
Play Store မှဒေါင်းလုပ် လုပ်ရန်လင့် – https://bit.ly/3mixlHw
Play Store မရှိသူများ ဒီလင့်မှာဒေါင်းပါ – https://bit.ly/3uY9O3E
Nway Oo Candy iOS
– https://apple.co/3oCIzYv
Nway Oo Videos![]()
Play Store မှဒေါင်းလုပ် လုပ်ရန်လင့် – https://bit.ly/3HD3ama
Play Store မရှိသူများ ဒီလင့်မှာဒေါင်းပါ – https://bit.ly/3M2A7Mp
ပြည်သူများအနေနဲ့ အထက်က ပြောခဲ့တဲ့ click တွေ၊ ဂိမ်းတွေမှာ ပါဝင်ရင်း တော်လှန်ရေးအတွက် အုတ်တစ်ချပ်များအဖြစ် ပါဝင်ပေးကြဖို့ ထပ်မံ မေတ္တာရပ်ခံပါတယ်။







