Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Editors’ Picks

Xiaomi က Mi Band 5 ကို တရုတ်ပြည်တွင် ယနေ့ စတင်မိတ်ဆက်

idigital news by idigital news
June 11, 2020 - Updated on November 26, 2020
Reading Time: 3 mins read
Image - Xiaomi

Image - Xiaomi

Xiaomi ရဲ့ Mi band series တွေဟာ fitness tracker လောကမှာ ဈေးသက်သက်သာသာနဲ့ features အစုံ သုံးနိုင်လို့ လူကြိုက်များပါတယ်။ အခုဆိုရင် Xiaomi က Mi band 5 ကို ပိုမိုစုံလင်တဲ့ features တွေနဲ့အတူ အရင် ထွက်ခဲ့တဲ့ series တွေနဲ့ မတူကွဲပြားစွာ တရုတ်ပြည်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

Xiaomi Mi Band 5: Specs and features

Image – Xiaomi

Mi Band 5 ရဲ့ display ဟာ အရင် ထွက်ရှိခဲ့တဲ့ Mi band တွေနဲ့ မတူပဲ AMOLED display နဲ့ ထွက်ရှိလာပါတယ်။ 1.1 inches display ဟာ Mi band 4 ရဲ့ 0.95 inches နဲ့ဆိုရင် သိပ်မကွာလှဘူးဆိုပေမယ့် ဘေးဘောင်တွေ သေးသွားတာကြောင့် screen display ကို ပိုကြီးသွားတယ်လို့ ခံစားရမှာပါ။ Screen Resolution က 126 x 294 px ဖြစ်ပြီး 2.5D tempered glass panel ဖြစ်တာကြောင့် screen ကို အစင်းရာ ခြစ်ရာတွေ ထင်တာကို ကာကွယ်နိုင်မှာပါ။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Themes အခု ၁၀၀ ကျော်ပါဝင်ပြီး function တွေပေါ် မူတည်ပြီး စိတ်ကြိုက်ပြုပြင်နိုင်ဦးမှာ ဖြစ်ပါတယ်။ Mi band 4 မှာ sport mode ၆ ခုသာ ပါဝင်ခဲ့ပေမယ့် Mi band 5 မှာ sport mode ၁၁ ခု ပါဝင်လာပါတယ်။ အခုလို ကာလမှာ လူတွေ အပြင်သိပ်မထွက်ကြတာကြောင့် indoor sport mode တွေလည်း ပါဝင်လာပါတယ်။ ပါဝင်လာတဲ့ sport mode ၁၁ ခုကတော့ _

  • Outdoor running
  • Treadmill
  • Cycling
  • Walking
  • Freestyle
  • Pool swimming
  • Elliptical (New)
  • Rowing machine (New)
  • Jump rope (New)
  • Indoor cycling (New)
  • Yoga (New)

Sport mode တွေ ပိုမိုပါဝင်လာတာအပြင် တခြား လုပ်ဆောင်ချက်တွေလည်း ထပ်တိုးလာပါသေးတယ်။

Better Sleep Tracking

Mi band 5 ဟာ သင်အိပ်ပျော်သွားတာနဲ့ သင့်ရဲ့ နှလုံးခုန်နှုန်းကို မှတ်တမ်းတင်ထားမှာ ဖြစ်ပြီး မှတ်သားထားတဲ့ အချက်အလက်တွေအရ ပုံမှန်မဟုတ်တဲ့ အိပ်စက်ခြင်းတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရရှိတဲ့အချက်အလက်တွေအပေါ်မူတည်ပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းရဖို့ သင့်ကို အကြံပေးမှာပါ။

Blood Oxygen Tracking

Mi band 5 မှာ SpO2 လို့ခေါ်တဲ့ သွေးတွင်း အောက်စီဂျင် အခြေအနေကို လေ့လာနိုင်တဲ့ blood oxygen tracker ပါဝင်ပြီး ရှစ်နာရီဆက်တိုက် စက္ကန့်တိုင်း မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒါကလည်း ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်း ရရှိဖို့ လိုအပ်တဲ့အချက်အလက်တစ်ခုပဲ ဖြစ်ပါတယ်။

အခြား လုပ်ဆောင်ချက်များ

Mi band 5 ဟာ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းကို မှတ်သားထားပေးခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများ၊ ဖုန်းကင်မရာအတွက် remote control အဖြစ် သုံးနိုင်ခြင်း စတာတွေအပြင် PAI Vitality Index လည်း ပါဝင်ပါသေးတယ်။​ PAI ဟာ Personal Activity Intelligence ဖြစ်ပြီး Huami ရဲ့ amazfit ကနေ ရယူထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ PAI ဟာ နှလုံးခုန်နှုန်းတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့အခြေအနေတွေအပေါ် မူတည်ပြီး အသုံးပြုသူရဲ့ ကျန်းမာရေး ရမှတ်ကို ၁ ကနေ ၁၀၀ အတွင်း သတ်မှတ် အသိပေးတာ ဖြစ်ပါတယ်။

Magnetic charging

Mi Band 5 မှာ အားသွင်းဖို့အတွက် magnetic charging ပါဝင်လာပြီး အရင် မော်ဒယ်တွေလို ကြိုးကို ဖြုတ်စရာ မလိုတော့ပဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ battery ကတော့ 100mAh ပါဝင်ပြီး Xiaomi ရဲ့ အဆိုအရ အားအပြည့်သွင်းထားရင် ၁၄ရက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

NFC and voice assistant

Mi band 5 မှာ NFC ပါဝင်လာပြီး Xiaomi ရဲ့ XiaoAI voice assistant လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီ လုပ်ဆောင်ချက်နှစ်ခုကို တရုတ်ပြည်မှာသာ ရရှိသေးပြီး Global မှာ ရရှိဖို့ မသေချာသေးပါဘူး။ ကောလဟလတွအရတော့ Global market မှာ NFC နဲ့ amazon ရဲ့ alexa ကို voice assistant အနေနဲ့ ရရှိလိမ့်မယ်လို့ ပြောကြပါတယ်။

Price

ဈေးနှုန်းကတော့ NFC မပါဝင်တဲ့ Mi Band 5 အတွက် 189 yuan ($26 ဝန်းကျင်) ဖြစ်ပြီး NFC ပါဝင်တဲ့ Mi band 5 ကိုတော့ 229 yuan ($32.38 ဝန်းကျင်) သတ်မှတ်ထားပါတယ်။ Global market ကို ဖြန့်ချီမယ့် ဈေးနှုန်းကို မသိရှိရသေးပဲ $30-35 ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Display1.2-inch AMOLED 2.5D colour touch screen
126 x 294 pixels resolution
SensorsHeart rate sensor
SpO2 sensor
NFC
Accelerometer Barometer
Proximity sensor
Battery100mAh
14-day battery life
ConnectivityBluetooth 5.0
Sports mode & TrackingOutdoor running
Treadmill
Cycling
Walking
Freestyle
Pool swimming
Elliptical (New)
Rowing machine (New)
Jump rope (New)
Indoor cycling (New)
Yoga (New)
Sleep
PAI Health Suite
Blood Oxygen
Heart rate
Women’s health
Alerts & ControlCalls
Message
App notifications
Alarms
Calendar
Music controls
Remote camera control
Find my phone
ChargingMagnetic
ColorsBlack, Blue, Pink, Orange, Purple, Yellow, Green, Gray
Water resistance rating5 ATM(50m water resistant)
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

YouTube က ကြော်ငြာတွေကို အလွယ်တကူပိတ်နိုင်မယ့် နည်းလမ်း

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.