Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Editors' Picks

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

idigital news by idigital news
October 3, 2022
Reading Time: 1 min read

လျှပ်စစ်ကားကုမ္ပဏီတွေထဲ အကြီးဆုံးတစ်ခုဖြစ်တဲ့ Tesla ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွမ်းကျင်ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့ AI Event ကိုကျင်းပခဲ့ပါတယ်။အဲ့ဒီ Event မှာလူစိတ်အဝင်စားခံရဆုံးတစ်ခုကတော့ မနှစ်ကတည်းကချပြမယ်ဆိုပြီး ကြေညာထားတဲ့ စက်ရုပ်‌လေးပါ။မနှစ်ပြပွဲမှာတုန်းကတော့ စက်ရုံဝတ်စုံနဲ့ကနေတဲ့ လူတစ်ယောက်ကိုပဲ ချပြခဲ့ပြီး ခုဒီနှစ်တော့ တကယ့်စက်ရုပ်ကို မိတ်ဆက်ခဲ့ပါတယ်။

လက်ရှိကားကုမ္ပဏီတော်တော်များများက စက်ရုပ်တွေကို ဖန်တီးနေကြချိန်မှာ Tesla ကပါနောက်ဆုံးဝင်လာတာပါ။အဲ့ဒီစက်ရုပ်ကို Optimus နဲ့ Tesla Bot လို့နာမည်ပေးထားပြီး လူသားတွေအတွက် အကျိုးအများကြီးရှိစေမယ့် စက်ရုပ်လို့ Tesla ရဲ့ CEO အီလွန်မက်စ်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

The best VPN software for 2024: Security, Speed, and Features Compared

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Tesla Bot ဟာစင်ပေါ်မှာလမ်းဖြည်းဖြည်းချင်းလျှောက်ပြ၊ပရိသတ်တွေဆီ လက်အမူအယာတွေကို အထိန်းကြိုးမပါပဲနဲ့ လုပ်ပြခဲ့ပါတယ်။ပုံမှန်စက်ရုပ်တွေရွေ့လျားသွားလာတဲ့အခါ လဲကျပြီး ပျက်စီးတာတွေကို မဖြစ်စေဖို့ ကြိုးနဲ့သွယ်ပြီး ထိန်းထားတတ်ပါတယ်။ Tesla Bot ကတော့ခုစင်ပေါ်မှာလမ်းလျှောက်တာဟာ ကြိုးမပါပဲ ပထမဆုံးလှုပ်ရှားခြင်းလို့လည်း သိရပါတယ်။

Tesla စက်ရုပ်က အပင်ရေလောင်းနေစဉ်

Tesla Bot အပင်တွေကိုရေလိုက်လောင်းနေတဲ့ Video ကိုလည်း ပြသခဲ့ပါသေးတယ်။အီလွန်မက်စ်ရဲ့ပြောစကားအရ ခုလက်ရှိမြင်ရတာတွေထက်ကို Tesla Bot ကပို‌စွမ်းဆောင်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဈေးကွက်ထဲမှာရှိနေတဲ့ တခြားစက်ရုပ်တွေထက်ပိုသာတာက Tesla Bot က Tesla ကားတွေမှာအသုံးပြုတဲ့ မောင်းသူမဲ့စနစ်ထည့်သွင်းထားတာကြောင့် အကူအညီမပါပဲ ကိုယ်တိုင် Navigate လုပ်နိုင်တာလို့သိရပါတယ်။တကယ်လို့ဈေးကွက်ထဲမှာ ဖြန့်ဖြစ်ရင် ဒေါ်လာနှစ်သောင်းထက်မကျော်တဲ့ဈေးနဲ့ ဖြန့်မယ်လို့လည်းတစ်ခါတည်းကြေညာသွားပါတယ်။

Boston Dynamics

တကယ်တော့ အီလွန်မက်စ်ရဲ့ ဒီ Tesla Bot ကအရမ်းကြီးထူးထူးခြားခြားကောင်းမွန်နေတာမျိုးတော့မရှိပါဘူး။ဘာကြောင့်လဲဆို Hyundai ကထုတ်လုပ်တဲ့ Boston Dynamics စက်ရုပ်တွေက လမ်းလျှောက်နေတာအပြင် နောက်ဂျွမ်းတွေပါ ထိုးပြနေနိုင်တာကြောင့်ပါ။ဒါပေမဲ့ Tesla မှာက Space X တို့ပါရှိနေတာမလို့ နည်းပညာပိုင်းပိုစုံတဲ့အတွက် နောက်ပိုင်းမှာ Tesla Bot နဲ့အတူ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Editors' Picks

The best VPN software for 2024: Security, Speed, and Features Compared

March 5, 2024 - Updated on September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
AI

10 AI Tools for Content Writers: Supercharge Your Writing with Artificial Intelligence!

June 5, 2023
Next Post

iPhone 14 Series ရဲ့ Dynamic island ကို Android ဖုန်းတွေပေါ်မှာ ခံစားခြင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.